Related Posts Plugin for WordPress, Blogger...

From : ..the voice

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနဲ့ ရန်ကုန်ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်ကစားသမား ကြည်လင်းဟာ အသက် ၁၇ နှစ်အရွယ် မိန်းကလေးကို အဓမ္မကျူးလွန်ခဲ့တယ် ဆိုပြီး အမှုဖွင့် ခံထားရပါတယ်။ အဲ့ဒီကိစ္စကို နှစ်ဖက်မိဘတွေ ဆွေးနွေးမှု အပြီးမှာ ပြေလည်မှု ရသွားပြီလို့ ဆိုပါတယ်။

အခုတော့ အဲဒီမိန်းကလေးကို ကြည်လင်းက တောင်းရမ်း လက်ထပ် ရတော့မှာပါ။ လက်ထပ်ဖို့လည်း စီစဉ်နေပြီလို့ ကြည်လင်း မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဓမ္မကျူးလွန်တယ် ဆိုပြီး အမှုဖွင့်ခံရတဲ့ ကိစ္စဟာ အုပ်ထိန်းသူတွေ နားလည်မှု လွဲသွားလို့ ဖြစ်သွားတာပါလို့ ကြည်လင်းက သူရဲ့ အင်တာနက် လူမှုစာမျက်နှာကနေ ပြောဆိုလိုက်ပါတယ်။ “ကျွန်တော်နဲ့ သူနဲ့ကချစ်သူတွေပါ”လို့ သူကဖွင့်ဟလိုက်ပါတယ်။

အခုတော့ အဲဒီမိန်းကလေးကို မိသားဖသားပီပီ တောင်းရမ်းလက်ထပ်ဖို့ နှစ်ဖက်မိဘတွေ ညှိနှိုင်းနေကြတယ်လို့ ရန်ကုန်ယူနိုက်တက် အသင်းရဲ့သတင်းမီဒီယာ တာဝန်ခံ ကိုမျိုးမြင့်သောင်းက ပြောပါတယ်။ မိန်းကလေးရဲ့ အုပ်ထိန်းသူတွေက ကြည်လင်းမှာ အိမ်ထောင်ရှိတယ် ဆိုပြီး နားလည်မှု လွဲတာကနေ အမှုဖွင့်တဲ့အထိ ဖြစ်ခဲ့တာပါလို့ သူကဆက်ပြောပါတယ်။

လှည်းတန်းလမ်းဆုံမှာ အလှပြင်သင်တန်း တက်နေတဲ့ မိန်းကလေးငယ်ဟာ နှစ်ရက်ကြာ ပျောက်နေပြီးမှ အိမ်ပြန်ရောက်လာ တဲ့အတွက် မိဘတွေက မသင်္ကာလို့ စစ်ဆေးတဲ့အခါ ဆေးစာအုပ်ကို တွေ့ရှိရာကနေ အဲဒီအမှု ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒါကြောင့် မိန်းကလေးရဲ့ ဖခင်က ကြည်လင်းကို ဇွန်လ ၁၆ ရက်နေ့မှာ ကမာရွတ်မြို့မ ရဲစခန်းမှာ (ပ)၂၆၆/ ၁၄၊ ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် တိုင်ကြားလာတာ ဖြစ်တယ်။

.. www.MyanmarExpress.net

Posted by Arakan News on 6/20/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ