Related Posts Plugin for WordPress, Blogger...

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၃၆ ပါ
ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်လိုက်မည်ဆိုလျှင်
 လူမျိုးခြားဘာသာခြားများ သမ္မတဖြစ်
လာနိုင်သည့်အတွက် အခြေခံဥပဒေပုဒ်မ
 ၅၉ (စ)ကို မပြင်ဆင်သင့်ကြောင်း


ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်မာက မဇ္ဈိမကို ပြောသည်။

“အခြေခံဥပဒေပုဒ်မ၄၃၆မှာ ၅၉(စ)က ထိပ်ဆုံးကပါတယ်။ ဒါပေမဲ့ ပုဒ်မ ၄၃၆ ကို ပြင်မယ်ဆိုရင် ၅၉ (စ) က အဓိက မကျဘူး။ ၅၉(စ)ကို အဓိကထား မပြင်သင့်ဘူး။ ဘယ်သူကိုမှ ဖြစ်စေချင်တာ၊ မဖြစ်စေချင်တာ မရှိပါဘူး။

“နောင်အရှည်ကို တွက်တယ်ဆိုရင် ပြင်လိုက်ရင် နိုင်ငံအတွက်မကောင်းဘူးလို့ ယူဆတယ်”ဟု ဒေါ်တင်တင်မာက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃)မှာ ပါဝင်သော ပုဒ်မ ၅၉(စ)သည် အမျိုးဘာသာသာသနာ့ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ရေးနှင့် သက်ဆိုင်နေကြောင်း၊ မိမိတို့ နိုင်ငံမှာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့်အလျာက် မိမိတိုနိုင်ငံနှင့် မိမိတို့လူမျိုးကို အခြားဘာသာခြား၊ လူမျိုးခြားပုဂ်္ဂိုလ်များ ၀င်ရောက် မလွှမ်းမိုးနိုင်စေရန် မချုပ်ကိုင်နိုင်စေရန် ကာကွယ်ထားသည့် အမျိုးဘာသာသာသနာကို ကာကွယ်သည့် ပုဒ်မဖြစ်နေသည့်အတွက် ပြင်ဆင်ရန် မသင့်ကြောင်း မေလ ၁၇ရက်တွင် မန္တလေးတိုင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဗဟိုသို့ သဘောထား ဆန္ဒပြုစာပေးပို့ခဲ့သည်။

မန္တလေးတိုင်းဒီမိုကရက်တစ်ပါတီ (မြန်မာ)က ထုတ်ပြန်သည့် ဆန္ဒသဘောထားပြုစာ
ကို ဗဟိုကလည်း သဘောဆန္ဒ တစ်သားတည်းဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ
(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက မဇ္ဈိမကို ပြောသည်။

“နိုင်ငံခြားသားတွေရဲ့ သြဇာအာဏာ တိုင်းပြည်မှာ မလွှမ်းမိုးရအောင် ပြဋ္ဌာန်းထားတဲ့ ဥပဒေပါ။ ဟိုတုန်းကတည်းက ၁၉၄၇ ဥပဒေမှာပါတယ်။ အဲဒီတုန်းကတည်းက ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေပါ။ ဒီလိုဥပဒေမျိုးက အခြားတိုင်းပြည်တွေမှာလည်း ရှိတယ်”ဟု ဦးသုဝေက ဆိုသည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန် မလိုလားသော်လည်း လူထုဆန္ဒဖော်ထုတ်ခြင်း၊ လက်မှတ်ထိုးကောက်ခံခြင်းစသည့် လှုပ်ရှားမှုများကို လုပ်ဆောင်သွားရန် မရှိသေးကြောင်း သိရသည်။

လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်များ ကောက်ခံလျက်ရှိသည်။

Mizzima News Daily

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ