Related Posts Plugin for WordPress, Blogger...

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရွှေပြည်
သာနှင့် မြောက်ဥက္ကလာပမြို့နယ်များ
တွင် လူကုန်ကူးခံရမှု အများဆုံးဖြစ်ပွား
 ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူ ကုန်ကူးမှုတားဆီးနှိမ်နင်းရေးဗဟိုမှ သိရသည်။



လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးဗဟို၏ ၂၀၁၃ခုနှစ်အတွင်း ဖမ်းဆီး ရမိသည့်စာရင်းအရ လူကုန်ကူးခံရမှု စုစုပေါင်း ၁၉မှု အနက် ရွှေပြည်သာ မြို့နယ်တွင် လေးမှု၊ မြောက်ဥက္ကလာပ မြို့နယ်တွင် လေးမှုနှင့် ကျန်မြို့နယ်များ တွင်နှစ်မှုစီရှိကြောင်း သိရှိရသည်။

အဆိုပါမြို့နယ်နှစ်ခုတွင် နယ် ဒေသများမှ ရွှေ့ပြောင်းနေထိုင်သူဦး ရေများပြားလာခြင်းကလည်း လူကုန် ကူးပွဲစားများ၏ ပစ်မှတ်ဖြစ်လာခြင်း ဖြစ်နိုင်သည်ဟု လူကုန်ကူးတားဆီး ရေးလှုပ်ရှားနေသည့် NGO တချို့က သုံးသပ်သည်။

''ရန်ကုန်မှာ က အလုပ်အကိုင် ပေါတော့ လူငယ်အများစုရွှေ့ပြောင်း လုပ်ကိုင်ဖို့ ရောက်လာကြတယ်။ နောက် အများစုက အောက်ခြေလုပ်ငန်းတွေ မှာလုပ်နေကြရတော့ တခြားအသိ ပညာဗဟုသုတနည်းတဲ့အပေါ် အခွင့် ကောင်းယူပြီး လူကုန်ကူးပွဲစားတွေက ပစ်မှတ်ထားကြတာ''ဟု အမျိုးသမီး စွမ်းရည်မြှင့်တင်ရေးNGO ၏ စေ့ စပ်ညှိနှိုင်းရေး တာဝန်ခံ ဒေါ်ရိုးရာက သုံးသပ်ပြောကြားသည်။

လူကုန်ကူးခံရမှုအများစုမှာ လူ ကုန်ကူးမှုနှင့်ပတ်သက်သည့် အသိ ပညာမရှိခြင်းကြောင့်ဖြစ်သဖြင့် လူကုန်ကူးမှုတားဆီးရေးဗဟိုအနေဖြင့် ပညာပေးလုပ်ငန်းများကို လုပ်ဆောင် နေကြောင်း သိရသည်။
''မှုခင်းအဖြစ်များတဲ့ ရပ်ကွက်၊ မြို့နယ်တွေကို သတ်မှတ်တယ်။ လူ ကုန်ကူးတားဆီးရေးအဖွဲ့တွေ၊ အမာ ခံရပ်ကျေးအဖွဲ့တွေက စောင့်ကြည့် တယ်။ ဟောပြောပွဲတွေ လုပ်တယ်''ဟု ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးရေးဗဟိုမှ တာဝန်ရှိသူတစ် ဦးကပြောသည်။

ယင်းအပြင် အထည်ချုပ်လုပ်ငန်း ကဲ့သို့ မိန်းကလေးငယ်များစွာ လုပ်ကိုင် နေသည့် လုပ်ငန်းခွင်များတွင်လည်း လူကုန်ကူးမှုနှင့်ပတ်သက်သည့် အသိ ပညာပေးလုပ်ငန်းများကို ပုံမှန်ဆောင် ရွက်နေကြောင်း သိရသည်။
လူကုန်ကူးမှုကာကွယ်တားဆီး နှိမ်နင်းရေးအဖွဲ့သည် ရပ်ကွက်တွင်း ဖွဲ့စည်းထားသည့်

ရပ်ကျေးစောင့်ကြည့် ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ရပ်ကွက် တွင်းပညာပေးခြင်းကို ၂၀၁၃ခုနှစ် တွင် အကြိမ်(၂၀)ဟောပြောခဲ့ပြီး ယခု နှစ်တွင်လည်း ၁၆မြို့နယ်ကို ပညာ ပေးဟောပြောရန် အစီအစဉ်ရှိကြောင်း နှင့် အထည်ချုပ်စက်သင်တန်းကျောင်း တွင် တစ်လလျှင် နှစ်ကြိမ်ပြုလုပ် ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၄ခုနှစ် မေလအထိ လူကုန်ကူးခံ ရမှု ခြောက်မှုရှိခဲ့ပြီး အများစုသည် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ ရောင်းစားခံရခြင်းဖြစ်ကြောင်း သိရ သည်။

Democracy today Daily Newspaper

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ