Related Posts Plugin for WordPress, Blogger...

From : .. myanmar age


ပြည်ထောင်စုသား မွတ်စလင်မ်များ ပြည်လုံးကျွတ်ညီလာခံအစည်းအဝေးတစ်ရပ်အား လာမည့် စက်တင်ဘာလပထမအပတ်တွင် ကျင်းပသွားရန်စီစဉ်ထားကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်း၊အမှတ် ၄၉၄ ရှိမြေညီထပ်၌ ပြည်ထောင်စုသား မွတ်စလင်မ်များ ဖြစ်မြောက်ရေးကော်မတီ ဝင်များမှ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ရက်နေ့တွင်ရှင်းလင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ ပြည်ထောင်စုသား မွတ်စလင်မ်များပြည်လုံးကျွတ်ညီလာခံ ကျင်းပနိုင်ဖို့ ဆောင်ရွက် နေပါတယ်၊မနေ့ကလည်း ဗဟိုကော်မတီအစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ဒီညီလာခံ ဖြစ်မြောက်ဖို့ အတွက် တိုင်ပင်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ ကျင်းပမယ့်ညီလာခံမှာတော့ မွတ်စလင်မ် အရေးနဲ့ ပတ်သက်ပြီး တော့ပွင့်လင်းမြင်သာစွာနဲ့ ဆွေးနွေးမယ် ဒါကြောင့် တခြားတိုင်းရင်းသားများ အနေနဲ့ဧည့်သည်တော်အဖြစ်တက်ရောက်နိုင်ပြီးတော့ ဝင်ရောက်ဆွေးနွေးချင်ကိုတော့ လက်ခံသွားမှာ မဟုတ်ပါဘူး”ဟု ပြည်ထောင်စုသားမွတ်စလင်မ်များ ညီလာခံ ဖြစ်မြောက်ရေးကော်မတီ အထွေထွေ အတွင်းရေးမှူး ဖြစ်သလို တရားလွတ်တော်ရှေ့နေဦးအုန်းမောင်ကပြောသည်။

“ဒီနေ့အထိ အစ္စလာမ်ဘာသာဝင်တွေနဲ့ဗုဒ္ဓဘာသာဝင်တွေကြားမှာ လူမှုရေးပြဿနာလေးတွေရှိနေပါတယ်၊ ဒါကြောင့်အခုကျွန်တော်တို့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုသားမွတ်စလင်မ်များကော်မတီကနေ ညီလာခံ တစ်ရပ်ကျင်းပနိုင်အောင်ပြုလုပ်နေပါတယ်။ဒီညီလာခံဟာ အစ္စလာမ်ဘာသာဝင်တွေကို ကာကွယ်ပေးဖို့ သက်သက် လုပ်တာမဟုတ်ပါဘူး မြန်မာနိုင်ငံဟာအစ္စလာမ်ဘာသာဝင်နဲ့ဗုဒ္ဓဘာသာဝင်တွေ အများဆုံး နေထိုင်တဲ့ နိုင်ငံဖြစ်တာကြောင့် သံသယရှင်းရှင်းနဲ့နေထိုင်နိုင်အောင်ကျွန်တော်တို့ဆောင်ရွက်သွားဖို့ ဒီညီလာခံကို ကျင်းပရခြင်းဖြစ်ပါတယ်”ဟု ငြိမ်းချမ်းလုလင်နှင့် ပြည်ထောင်စုသားမွတ်စလင်မ်များ ညီလာခံ ဖြစ်မြောက်ရေးကော်မတီ ဒုဥက္ကဌ(၁)ဒေါက်တာမြင့်သိန်းကဆိုသည်။

၎င်းညီလာခံဖြစ်မြောက်ရေးအတွက် ၂၀၁၄ ခုနှစ်၊ဇွန် ၁၈ရက်တွင် ပြည်ထောင်စုသား မွတ်စလင်မ်များ ပြည်လုံးကျွတ်ညီလာခံကျင်းပရေးကော်မတီ၏ ပထမအကြိမ်ဗဟိုကော်မတီ အစည်းအဝေးတစ်ရပ်ကို မင်္ဂလာတောင်ညွန့်မြို့နယ်၊သိမ်ဖြူလမ်း၊မွတ်စလင်မ်အမျိုးသမီးများသာသနာ့ရိပ်သာတွင် ပြုလုပ်ခဲ့ပြီး ကော်မတီဖွဲ့စည်းခြင်းကိုတော့ ၂၀၁၄ ခုနှစ်၊မေ ၃ရက်မှ ၄ရက်အထိတော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကိုယ်စားလှယ်(၄၇၀)ဦး၏ ထောက်ခံချက်ဖြစ် အဖွဲ့ဝင်(၄၀)ဦးနှင့်စတင်ဖွဲ့စည်းခဲ့သည်။

ယင်းကော်မတီတွင် ဗဟိုအကြံပေးဘုတ်အဖွဲ့(ACB)၊ဗဟိုကော်မတီ(CC)၊နှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC)ဆိုပြီးတော့လည်းဖွဲ့စည်းထားပြီး (၁)ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်တဲ့ လူအဖွဲ့အစည်းပေါ်ထွန်းရေး (၂)ဘာသာရေး၊လူမျိုးရေး အစွန်းရောက်မှု ကင်းတဲ့ယဉ်ကျေးမှုပေါ်ထွန်းရေး၊(၃) အကြမ်းမဖက်ဘဲ သဟဇာတရှိတဲ့ နိုင်ငံရေးနိုးကြားမှုပေါ်ထွန်းရေးတို့အား လာမည့် စက်တင်ဘာလပထမအပတ်ထဲတွင် ပြုလုပ်သွားမည် ပြည်ထောင်စုသား မွတ်စလင်မ်များ ပြည်လုံးကျွတ်ညီလာခံတွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ