Related Posts Plugin for WordPress, Blogger...

From : ... ရန်ကုန်တိုင်း(မ်) 


တွင်းတောင်မှ စိမ်းပြာရေညှိ ထုတ်လုပ်မှုကို ရပ်ဆိုင်းထားပြီ ဖြစ်သော်လည်း စစ်ကိုင်းတိုင်း စိမ်းပြာရေညှိ ဆေးဝါးစက်ရုံအနေဖြင့် ဆက်လက် လည်ပတ်သွားမည်ဖြစ်ကြောင်း JUNE Pharmaceutical.,Ltd., မှ ဥက္ကဋ္ဌ ဒေါက်တာမင်းသိန်းက ပြောသည်။ တွင်းတောင်မှာ သဘာဝ ဆေးဖက်ဝင်ရေညှိ ထုတ်လုပ်မှုမှာ နှစ်ပေါင်း သုံးဆယ်ခန့် ကြာမြင့်ပြီဖြစ်ကြောင်း၊ လက်ရှိတွင် အင်းအတွင်း ရေချိုဝင်ရောက်မှုများကြောင့် ငါးမျိုးစိတ်များ ဝင်ရောက်လာကာ သာမန်ရေညှိများ ရောနှောလာပြီး စိမ်းပြာရေညှိ အရည်အသွေး ကျဆင်းလာခြင်းကြောင့် ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။ “တွင်းတောင်ဟာ ကမ္ဘာကသိတဲ့ သဘာဝသယံဇာတဖြစ်လို့ အရမ်းနှမြောဖို့ ကောင်းတယ်။ သဘာဝသယံဇာတတစ်ခု ဆုံးရှုံးတာပဲ။ စက်ရုံကတော့ ရပ်တန့်မသွားပါဘူး။ ဒီရေညှိက အုပ်ကန်နဲ့ မွေးထားလို့ရတယ်။ နိုင်ငံတကာမှာလဲ ဒီလိုမွေးပြီး ထုတ်တာပဲ။ ဒါကြောင့် ဆက်လက် ထုတ်သွားမယ်။ ရေညှိအရည်အသွေး မကောင်းတော့တာဟာ ရေချိုဝင်လို့ပါ။ စက်ရုံက အမှားအယွင်း ဖြစ်တယ်ဆိုလဲ ထုတ်လုပ်လာတာ နှစ်သုံးဆယ်ကျော်ပြီ။ စီးပွားရေး ထိခိုက်မှာစိုးလို့ပြောတာ မဟုတ်ပါဘူး။ ရေချိုဝင်တာ မထိန်းနိုင်ရင် တွင်းတောင်ကို ဆုံးရှုံးရမယ်။ ထိန်းလို့ရမှာ မဟုတ်တော့ဘူး။ စက်ရုံအနေနဲ့ကတော့ လည်ပတ်နေမှာပါ” ဟု ဒေါက်တာမင်းသိန်းက ပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီးရှိ တွင်းတောင်အင်း အတွင်းသို့ ချင်းတွင်းမြစ်ရေတင်လမ်းမှ သဘာဝမဟုတ်သည့် ရေချိုဝင်ရောက်မှု များပြားလာခြင်း၊ အင်းရေမျက်နှာပြင် မြင့်တက်လာကာ ငါးမျိုးစိတ်များ ဝင်ရောက်မျိုးပွား နေထိုင်လာနိုင်ခြင်းတို့ကြောင့် ဆေးဖက်ဝင် ရေညှိများ နည်းပါးလာခြင်း၊ အဝါရောင်အဆင့်သို့ ပြောင်းလဲလာခြင်းတို့ ဖြစ်ပေါ်နေကြောင်း ရေညှိဆိုင်ရာ ပညာရှင် ဒေါက်တာမေယုခိုင်က ပြောသည်။ တွင်းတောင်အတွင်းမှ ရေသည် ရေခါးဖြစ်ခြင်းကြောင့် စိမ်းပြာရေညှိနှင့် တွင်းပိုးဟုခေါ်သော ဇီဝမျိုးစိတ်တစ်ခုသာ ရှင်သန်နေထိုင်နိုင်ကြောင်း၊ လက်ရှိတွင် ရေခါး၏ သုံးချိုးမှ တစ်ချိုးသည် ရေချိုများ ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။ တွင်းတောင် စိမ်းပြာရေညှိမှာ ယခင်က တစ်နှစ်လျှင် တန်ချိန်ပေါင်း ၁၀၀၊ ၁၅၀ ခန့်အထိ ထွက်ရှိခဲ့ကြောင်း၊ စိမ်းပြာရေညှိများကို မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်နှင့် မင်းဝံတောင်ကြား တွင်ရှိသော ရေခါးအင်း၊ တွင်းတောင်အင်း၊ တွင်းမာအင်းနှင့် တောင်ကျောက်အင်းတို့မှ ထုတ်လုပ်နေခြင်း ဖြစ်သည်။ 

. www.MyanmarExpress.net

Posted by Arakan News on 6/20/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ