ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် ၂ မှာရှိတဲ့
ဟုန်စိန်ပီနံအိတ်စက်ရုံက အလုပ်သမား ၁၀၀ ကျော်ဟာ လုပ်အားခတိုးပေးဖို့ ဒီနေ့ ၅
ရက်မြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြ တောင်းဆိုနေကြပါတယ် အလုပ်သမားတွေဟာ
ရှားပါးစရိတ် ၂ သောင်း၊ ထမင်းစရိတ် ၁ သောင်းနဲ့ ခရီးစရိတ် ၁ သောင်း
စုစုပေါင်းကျပ် ၄ သောင်းအထိ တိုးပေးဖို့၊ အလုပ်သမားတွေအတွက် ထမင်းစားချိန်
သတ်မှတ်ပေးဖို့ စတဲ့အချက် ၇ ချက်ကို တောင်းဆိုနေကြတာပါ။
မနေ့က လှိုင်သာယာမြို့နယ် အလုပ်ရှင် အလုပ်သမား ညှိနှိုင်းရေးရုံးမှာ
လစာကိစ္စဆွေးနွေးရာမှာ အလုပ်ရှင်ဘက်က စုစုပေါင်း ကျပ် ၁ သောင်း တိုးပေးဖို့
ပြောခဲ့တယ်လို့ သိရပါတယ်။ အလုပ်သမားတွေက သူတို့တောင်းဆိုထားတဲ့
စုစုပေါင်းကျပ် ၄ သောင်းရဖို့ ဒီနေ့ ဆက်လက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။
RFA Burmese
Photo: Thiha Tun/RFA




0 comments