Related Posts Plugin for WordPress, Blogger...

 မြဝတီ-ရန်ကုန်ပြေးဆွဲ သည့် ပြည့်အားမာန်ခရီးသည် တင်ယာဉ်တိမ်းမှောက်ရာလိုက် ပါလာသူ ၂၃ ဦးအနက် ၁၈ ဦး ဒဏ်ရာရခဲ့ကြောင်း ဘားအံမြို့မရဲစခန်းမှ သတင်းရရှိသည်။

မေလ ၂၀ ရက် ည ၈ နာရီ ခန့်က မြဝတီမှ ရန်ကုန်မြို့သို့ မောင်းနှင်လာစဉ် ဘားအံမြို့ ထုံးအိုင်လမ်းပေါ်ရှိ ဇွဲကပင်ဟိုတယ်အနီးတွင် လမ်းဘေးအုတ်ခုံကိုဝင်တိုက်ကာ တိမ်းမှောက်သွားခြင်းဖြစ်သည်။

 ‘‘မိုးကနည်းနည်းသည်းနေ တော့ စလစ်ဖြစ်ပြီး လမ်းဘေး အုတ်ခုံကိုဝင်တိုက်မိတာ။ ယာဉ် မောင်းနဲ့  ယာဉ်နောက်လိုက်က ထွက်ပြေးသွားတယ်။ ခရီးသည် တွေရဲ့ အသက်အန္တရာယ်က တော့ စိုးရိမ်စရာမရှိတော့ပါဘူး’’ ဟု ဘားအံမြို့မရဲစခန်းမှူး ဒုရဲမှူး စိုးဝင်းက ပြောသည်။

   ပြည့်အားမာန်ယာဉ်ပေါ် တွင် ခရီးသည် ၂၃ ဦးလိုက်ပါလာ ပြီး အမျိုးသားကိုးဦးနှင့် အမျိုးသမီး ကိုးဦး ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသည့် ခရီးသည် ၁၈ ဦး ကို ဘားအံဆေးရုံသို့ တင်ပို့ပေးခဲ့ ပြီး ၁၇ ဦးမှာ စိုးရိမ်စရာမရှိတော့ ၍ မေလ ၂၂ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။ ဒဏ်ရာပြင်းထန်သည့် အမျိုးသားတစ်ဦးသာ ဘားအံဆေးရုံ အရိုး၊ အကြော အထူးကြပ်မတ်ဆောင်တွင် ကုသနေရကြောင်း   ဒုရဲမှူးစိုးဝင်းက ပြောသည်။

ထွက်ပြေးသွားသည့် ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက်ကို ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ အပြင် ယာဉ်ကိုစွန့်၍ထွက်ပြေးသွားပြီး သတင်းပေးရန်ပျက်ကွယ်မှုဖြင့် ပုဒ်မ  ၂၀၂  ဖြင့် အမှုဖွင့်ထား ကြောင်း သတင်းရရှိသည်။


Author: အောင်သစ်လွင်

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ