Related Posts Plugin for WordPress, Blogger...

မော်လမြိုင်၊ မေ ၂၂

မွန်ပြည်နယ်နယ် ကျိုက်မရောမြို့နယ် ပိန္နဲကုန်းကျေးရွာရှိ ရော်ဘာကုန်းခြံစု ရပ်ကွက်တွင် သမက်ဖြစ်သူက လက်နက်ကိုင် တပ်ဖွဲ့တစ်ခုနှင့် ပေါင်း၍ ယောက္ခမဖြစ်သူ ရော်ဘာခြံလုပ်ငန်းရှင် ဦးတင်ဝင်း (ခ) ဦးကရာမွတ်ကို ၁၁ ရက်ကြာ ပြန်ပေးဆွဲခဲ့ကြောင်း ပြန်ပေးဆွဲခံရသည့် မိသားစုဝင်များက ပြောကြားသည်။

မေလ ၂၂ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၃၀ ခန့်က ပြည်သူ့အတွက် လူမှုကွန်ရက်နှင့် ပြန်ပေးဆွဲခံရသည့် မိသားစုဝင်များက မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက် (မော်လမြိုင်) ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းတို့က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးတင်ဝင်း၏ အိမ်ရှေ့သို့ ဧပြီလ ၂၆ ရက်နေ့ ည ၇ နာရီခွဲက မော်တော်ကား အဖြူရောင်တစ်စီး ရောက်ရှိလာပြီး၊ ဦးတင်ဝင်းကို DKBA (ကလိုထူးဘော) အဖွဲ့ဖြစ်သည့် (၉၀၁) တပ်ရင်းမှ ဗိုလ်ကြည်စိုးဆိုသူက ကားပေါ်ဆွဲတင်၍ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်းနှင့် ကားပေါ်တွင် ဦးတင်ဝင်း၏သမက် ဦးမောင်ဝင်းလည်း ပါဝင်ခဲ့ကြောင်း ပြည်သူ့အတွက် လူမှုကွန်ရက်မှ မွန်ပြည်နယ် ဒုတိယတာဝန်ခံ ဒေါ်ဝါဝါချိုက ပြောဆိုသည်။

လက်နက်ကိုင်အဖွဲ့သည် ဦးတင်ဝင်းကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကရင်ကတိုက် ကျေးရွာအုပ်စု အလယ်ကျွန်းကျေးရွာရှိ အိမ်တစ်အိမ်သို့ ခေါ်ဆောင်သွားပြီးနောက် ကျန်ရစ်သူ မိသားစုများထံ ဆက်သွယ်ခိုင်း၍ ငွေကျပ် သိန်း ၃၀၀ ကို တောင်းခံခဲ့ကြောင်းနှင့် ၎င်းတို့ တောင်းခံသည့် ငွေကို ပြန်ပေးဆွဲခံရသူ၏ မိသားစုက ပေးနိုင်ခြင်း မရှိသောကြောင့် ၁၁ ရက်ကြာ ချုပ်နှောင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ပြန်ပေးဆွဲခံရသည့် ဦးတင်ဝင်းက ပြောကြားသည်။

“ကျွန်တော်ကို အိမ်က ခေါ်သွားကတည်းက လက်ထိတ်ခတ်သွားတယ်။ ခနောင်ရွာ ရောက်တော့ ကားပေါ်က ဆင်းခိုင်းပြီး တစ်ညလုံး လမ်းလျှောက်ခိုင်းတယ်။ မအော်ရဘူးတဲ့။ ဟိုရောက်တော့ ကျွန်တော်လက်တွေ သွေးထွက်နေပြီ။ သူတို့နေတဲ့ နေရာရောက်တော့ ခင်ဗျားဆီက ကျပ် ၃၀၆ သိန်းရမယ်ဆိုလို့ ငါတို့ ဖမ်းတယ်တဲ့။ မောင်ဝင်းက ငါတို့ကို သိန်း ၁၀၀ နဲ့ ငှားထားတဲ့။ ငါတို့မှာတော့ ထောင်မရှိဘူး။ ရဲစခန်းတို့ ဘာတို့ ဆက်သွယ်တာ မလုပ်နဲ့။ သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်” ဟု ၎င်းက ပြောဆိုသည်။

ယင်းကိစ္စကြောင့် ဦးတင်ဝင်း၏ မိသားစုဝင်များက အကူအညီ တောင်းခံခဲ့ရာ တပ်မ (၂၂) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးကံမော်ဦးနှင့် အမှတ် (၂၀၈) တပ်ရင်းရှိ တပ်မတော်သားများ၏ ကူညီမှုဖြင့် မေလ ၆ ရက်နေ့တွင် ပြန်ပေးဆွဲ လက်နက်ကိုင်အဖွဲ့ထံမှ ပြန်လည်လွတ်မြောက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ပြန်ပေးဆွဲခံရခြင်းမှ မလွတ်မြောက်ခင် ဦးတင်ဝင်း၏ နေအိမ်တွင်လည်း အဆိုပါ တပ်ရင်းက လုံခြုံရေးများ ချထားပေးခဲ့ကြောင်း ပြန်ပေးဆွဲခံရသူ၏ ဇနီး ဒေါ်အေးအေးသိန်းက ပြောကြားသည်။

ခင်ပွန်းဖြစ်သူ ပြန်ပေးဆွဲခံရခြင်းကြောင့် ကျိုက်မရော ရဲစခန်းတွင် ဧပြီလ ၂၇ ရက်နေ့က ပြန်ပေးဆွဲသူများကို အရေးယူပေးရန် ပထမအကြိမ် အမှုဖွင့် တိုင်ကြားခဲ့ပြီး ပြန်လည် လွတ်မြောက်ခဲ့သည့် မေလ ၆ ရက်နေ့နှင့် မေလ ၁၀ ရက်နေ့တို့တွင် ကျိုက်မရော ရဲစခန်းတွင် တိုင်ကြားခဲ့သော်လည်း အမှုဖွင့်ပေးခဲ့ခြင်း မရှိကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးထံ သွားရောက်ခဲ့ရာ ဝန်ကြီးသည် နေပြည်တော် အစည်းအဝေး သွားနေခြင်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံရန် သွားရောက်သော်လည်း အစည်းအဝေး ရှိချိန်နှင့် တိုက်ဆိုင်နေခြင်းတို့ကြောင့် တွေ့ဆုံခွင့် မရှိခဲ့ပေ။ ကျိုက်မရော ရဲစခန်းသို့ မေလ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်က ၅ ကြိမ် ဆက်သွယ်ခဲ့သော်လည်း တယ်လီဖုန်းကိုင်ခြင်း မရှိခဲ့ပေ။

The Voice Weekly

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ