Related Posts Plugin for WordPress, Blogger...

ယူနီဆက် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ဟာ ရန်ကုန်မြို့မှာတစ်လကို ဒေါ်လာ ၉ သောင်းနီးပါး၊ မြန်မာငွေနဲ့ဆိုရင် ကျပ်သိန်း ကိုးထောင်နီးပါးနဲ့ ရုံးခန်းငှားရမ်းထားတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်တာအတွင်း ရုံးခန်းငှားရမ်းခ နှစ်ဆနီးပါးတက်သွားတဲ့အတွက် အခုဆိုရင် တစ်လကို ဒေါ်လာ ၈၇၀၀၀ နဲ့ ငှားရမ်းထားရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ယူနီဆက်အဖွဲ့ရဲ့ ဌာနကိုယ်စားလှယ် Bertrand Bainvel က အတည်ပြုပြောကြောင်း ဒီကနေ့ AFP သတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။

ယူနီဆက်ဟာ ယခင်က ရန်ကုန်မြို့ ဆူးလေဘုရားလမ်းမှာရှိတဲ့ ကုန်သည်ကြီးများဟိုတယ်မှာ ရုံးခန်းဖွင့်လှစ်ထားခဲ့တာဖြစ်ပြီး၊ ၂၀၁၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ကစလို့ အမှတ် ၂၃-က၊ အင်းယားမြိုင်လမ်း ရွှေတောင်ကြား (၂) ရပ်ကွက်၊ ဗဟန်းမြို့နယ်ကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါ တယ်။ ရွှေတောင်ကြားရပ်ကွက်မှာ ယူနီဆက်အဖွဲ့ လက်ရှိရုံးခန်းဖွင့်လှစ်ထားတဲ့နေရာဟာ ယခင် စစ်အစိုးရအဖွဲ့ဝင် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဟောင်း ဗိုလ်ချုပ်ဟောင်း ဦးညွှန့်တင် ပိုင်ဆိုင်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ယူနီဆက်အဖွဲ့ဟာ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုလုပ်ငန်းတွေ လုပ်ဆောင်မယ့် ဘတ်ဂျက်ဘဏ္ဍာငွေထဲက အခုလို ရုံးခန်းအတွက် တစ်လကို ငွေကျပ်သိန်း ကိုးထောင်နီးပါး အသုံးပြုနေတာလို့လည်း သိရပါတယ်။

RFA Burmese

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ