Related Posts Plugin for WordPress, Blogger...



အစိုးရ/ နယ်ဘက် ဝန်ထမ်း ရွှေးချယ်ရာမှာ လူတွေ့/ စာတွေ့ စစ်မေးပါတယ်ဗျ။

အဲ့ဒီမှာ ဘာသာရပ် တစ်ခု အနေနဲ့ Psycho;test..စိတ်ပိုင်း စမ်းသပ် စစ်ဆေးလွှာ စစ်ဆေးတယ် ပေါ့လေ။ ဥပမာ ဗိုလ်လောင်း / ဒုရဲအုပ်လောင်း ရွေးချယ်တယ် ဆိုပါတော့။ Psycho; test ဖြေတဲ့အခါမှာ စိတ်ပညာရှင်တွေ သတ်မှတ်ထားတဲ့သာမန် နော်မယ် စံညွှန်းတွေနဲ့ ကိုက်ညီသလား။ စိတ်သည် မတည် မငြိမ် ဗလောင်းဗလဲ ရှေ့နောက် မညီ၊ မတည်ကြည် မခိုင်ခံ့၊ အပြောင်းလဲ မြန်သူ စိတ်ပေါ့သွပ်သူ ဖြစ်နေသလား။ ဒါတွေ စစ်ဆေးတယ်။

ဥပမာ..သင်သည် သရဲ ကြောက်တတ် ပါသလား။ ဒီလိုမေးတယ်။ သင်သည် အရက် သောက်တတ် ပါသလား...စသည်ဖြင့်။

အဲ့သလို မေးထားပြီး မေ့လောက်တဲ့ နေရာကျရင် အလားတူ မေးခွန်းတွေကို ပုံဖျက်ပြီး ညှပ် မေးမေးသွားတယ်။

ဖြေတာက ရှေ့နောက် မညီရင်၊ စံလွဲသွားရင် Psycho ငြိပြီ ကျပြီ။ ဒါဆို တစ်ခြား ဘယ် ဘာသာရပ်တွေ မိုးပျံအောင် တော်ပါလေ့စေ။ ဒီဝင်ခွင့် စာမေးပွဲ ကျပြီ။

မနေ့က ဗိုလ်စိန်မှန် ကွင်းမှာ ဒေါ်စု ပြောခဲ့တာတွေ ရှုစားမြည်းစမ်း ကြည့်ကြပါဦး အဆွေတို့ရယ်ဗျာ။

ပြည်သူလူထုနဲ့ တပ်မတော် ကြားမှာ ယုံကြည်မှု မရှိဘူး...တဲ့။

တပ်မတော် ကလည်း ပြည်သူလူထုကို မယုံဘူး။ ပြည်သူလူထု ကလည်း တပ်မတော်ကို မယုံဘူး...တဲ့။

(အဲ့ဒီလို တပ်နဲ့ ပြည်သူကို ခွဲခြား သွေးခွဲ ရန်တိုက် ပေးပြီး တစ်ဆက်တည်း ဘာပြောတယ်မှတ်လဲဗျ)။

တပ်မတော်နဲ့ ပြည်သူကြားမှာ ကျမတို့ ခွဲခြားလိုစိတ် မရှိပါဘူး....တဲ့။

အွတ်...အွပ်...တိန်...ခွမ်...မွေးမေလေ့။ Psycho;test တောင်မှ လုပ်စရာ မလိုပါကရို့။ စကား ရှေ့နောက် မညီ၊ လော်လီ ဖောက်ပြား၊ စိတ်ထား မတည်ကြည်၊ ဒေါ်စု ဆိုက်ကို ငြိပါသည်။

သူများ ရူးတာက ကိစ္စမရှိ။ လူထု ခေါင်းဆောင် အမည်ပေး ခံထားရသူ ဒေါ်စု ရူးတာက အကြီးကြီး shock ရှိတယ်။

*** နို့ နေပါဦး။ ပြည်သူလူထု ကလည်း တပ်မတော်ကို မယုံဘူး...ဆိုရာမှာ နည်းနည်း ယုတ္တိတန်တယ်။ ဒေါ်စု ကိုယ်တိုင် တပ်နဲ့ ပြည်သူကြား Hate speech ဖြန့်ထားတာကိုးဗျ။

အဲ... တပ်မတော် ကလည်း ပြည်သူလူထုကို မယုံဘူး...လို့ဆိုတော့ကာ ဘယ်တပ်မတော်သားက ပြောသတုန်း။ လုပ်စမ်းပါ။ ကိုရွှေဒီ/ မရွှေဒီတို့ ကွန်းမန့် ဝင်ရေးသွား ကြစမ်းပါ။ ဒီလိုပြောတဲ့ တပ်မတော်သားရဲ့ ကပ/ အဆင့်/ အမည်/ လက်ရှိတပ်...အဲ့သလို တိတိကျကျ ဖော်ပြပေးပြီး မန့်ကြပါ။

ဒါကို ဖြေရှင်း မပေးနိုင်ရင်တော့ ခင်ဗျားတို့ ကိုးကွယ်နေတဲ့ ဒေါ်စု ဂေါက်နေပြီ။

  ဂေါက်တာကိုမှ အကြီးကြီး။
 
From:Khin Mg Htwe

www.mmdailystar.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ