Related Posts Plugin for WordPress, Blogger...

ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာတွင် ၂၀၀၅ ခုနှစ်က ဂျပန်နိုင်ငံနိုင်ငံသံရုံးရန်ပုံငွေဖြင့် BAJ မှဆောက်လုပ်လှူဒါန်းခဲ့သော အငူမော်တံထားကြောင့် မယူကမ်းခြေတွင်နေထိုင်ကြသောာ ဒေသခံများမှာ ရာသီမရွေးသွားရေးလာရေးလွယ်ကူချောမွေ့လာခဲ့ကြပေသည်။ ယခင်က ထိုတံထားမရှိ သည့်အချိန်တွင် ဆိပ်ကမ်းမရှိသောကြောင့် ထိုနေရာသို့သွားရေးလာရေးမှာ လွန်စွာခက်ခဲခဲ့ပေသည်။ထိုလမ်းသည် စစ်တွေမှ မောင်တော သို့သွားလာရာတွင်အရေးပါသောလမ်းပိုင်းတစ်ခုလည်းဖြစ်သည်။

ယခုနှစ်လေလံရာသီအစတွင် ထိုအငူမော်တံထားတွင် ဈေးကောက်စကောက်နေသည်ကိုတွေ့မြင်ရသည်။ ရသေ့တောင်မြို့နယ်စည်ပင်သာယာရေးဌာန မှ ဈေးကောက်ခွင့်ပေးသည်ဟုကြားသိရပေသည်။ထိုတံထားကို ဒေသခံလူထုများအတွက် သွားရေးလာရေး အခက်အခဲပြေလည်နိုင်ရန် ရည်ရွယ်၍တည်ဆောက်ပေးခဲ့ပြီး ဂျပန်သံရုံးနှင့် မြန်မာအစိုးရတို့အကြားမည်သည့်စည်းမျဉ်းစည်းကမ်းများထားရှိပြီး အစိုးရထံကို ထိုတံထား အားအပ်နှံခဲ့သည်ကိုမသိရှိရပေ။ 

သို့သော် ၂၀၀၅ ခုနှစ်တွင် အစိုးရထံသို့တရားဝင်အပ်နှံခဲ့ပြီးဖြစ်သော်လည်း မည်သည့်အခါမှ အငူမော်တံတားတွင် အခကြေးငွေတစ်စုံတစ်ရာကောက်ခံခြင်းမရှိခဲ့ပါ။ တခုနှစ် ၂၀၁၄ ခုနှစ်မှစတင်ကာ အငူမော်တံထားတွင် အခကြေးငွေများစတင် ကောက်ခံနေသည်ကိုတွေ့ရှိရပါသည်။ ဘုတ်ကပ်လျင် ဘုတ်တစ်စီးကို ကျပ် ၁၀၀၀/-၊ ဘုတ်ငယ်၊ လှေငယ် တစ်စီးကို ကျပ်၅၀၀/-ဆိုင်ကယ်တစ်စီးကို ကျပ်၁၅၀၀/- စသည်ဖြင့် ကောက်ခံနေကြောင်းလည်းကြားသိရပါသည်။ 

ဤသို့အခကြေးငွေကောက်ခံနေမှုကြောင့် ဒေဒထွက်ကုန်ပစ္စည်းများ စစ်တွေသို့တင်ပို့ရောင်းချရာတွင် ဈေးကောက်နှုန်းအမြောက်အများပေးနေကြရသောကြောင့် ထိုတံထားကိုအသုံးပြုနေကြသော မယူကမ်းသူကမ်း သားများ လွန်စွာစိတ်မကောင်းဖြစ်နေကြရပါသည်။ အစိုးရ အနေဖြင့်  ဈေးကောက်ခွင့်ပေးထားသည်ဆိုလျင်လည်း မည်သည့်ကုန်ပစ္စည်းအတွက် အကောက်အခွန် မည်မျှပေးရမည်ကို အသိပေးဖော်ပြထားသည့် ဈေးကောက်နှုန်းကို ပြထားသင့်ပေသည်။ ယခုကား ဈေးကောက် သူများတောင်းသမျှကိုပေးနေကြရသည်
ဂျပန်အစိုးရမှဆောက်လုပ်ပေးခဲ့သော ဤတံထားကို အသုံးပြုကာဈေးကောက်ကောက်နေခြင်းကား နိုင်ငံတကာအသိုင်းအဝိုင်း များကြားတွင် လွန်စွာရှက်ဖွယ်ဖြစ်နေသောကြောင့် ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှုးတို့အနေဖြင့် လျော်ကန်သင့်မြတ်မှုရှိမရှိစုံစမ်းစစ်ဆေးသင့်သည်။

ရဲအောင်ဒိုင်
Rakhine News Group Facebook

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ