Related Posts Plugin for WordPress, Blogger...

၂၅ မေ ၂၀၁၄

ပဲခူးတိုင်း တောင်ငူမြို့ တွင် ဗကသများအဖွဲ့ချုပ် မှ ဆန္ဒပြ ချီတက်မှု ဆောင်ရွက်ခဲ့သည်။

ထို ဆန္ဒပြချီတက်ပွဲသို့ ဗကသ ဗဟိုလုပ်ငန်း ကော်မတီ နှင့်အတူ ပြည်ခရိုင် ၊ ဟင်္သာတခရိုင် ၊ မြင်းခြံခရိုင် ၊ တောင်ငူခရိုင် ၊ မုံရွာခရိုင် ၊ မန္တလေးခရိုင် နှင့် ရန်ကုန်တောင်ပိုင်း ခရိုင် အစရှိသည့် ခရိုင် ကျောင်းသားသမဂ္ဂများ စုပေါင်း ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

သဲကုန်းမြို့ အောင်ကုန်းရွာ တွင် လယ်သမားအရေး ကူညီဆောင်ရွက် ပေးနေသော တောင်ငူ ဗကသ ကျောင်းသား ကိုကောင်းထက်ကျော် နှင့် လယ်သမားများအား အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးဆောင်ရွက်မှု အား ရှုံ့ချလျက် ဆောင်ရွက်ခဲ့သော ရဲတပ်ဖွဲ့အား အရေးယူပေးရန် ၊

ပြည်သူ နှင့် ကျောင်းသားကို အခြေမခံပဲ ပြည်သူ့လွှတ်တော်တွင် အတည်ပြုလိုက်သည့် အမျိုးသားပညာရေး ဥပဒေ မူကြမ်း အား အလိုမရှိ ကြောင်း ၊

မတရားပုဒ်မများ တပ်၍ ဖမ်းဆီးခြင်း အမှုဖွင့်ထားခြင်းများ ရုပ်သိမ်းပေးရေး။ 
သိမ်းဆည်း လယ်ယာမြေများ ပြန်လည်ရရှိရေး။

စသည့်အချက်များ တောင်းဆို ဆန္ဒပြခဲ့သည်။

ဆန္ဒပြပွဲကို ၂၀၁၄ မေလ ၂၅ ရက် ၊ နံနက် ၉း၃၀ အချိန်တွင် တောင်ငူရွှေဆံတော်ဘုရား နေရာမှ ခွပ်ဒေါင်းအလံ လွှင့်ထူလျက် အာဇာနည်အပေါင်းအား အလေးပြု ၍ စတင်ပြီး ချီတက်ခဲ့ကြပြီး နံနက် ၁၀း၃၀ နာရီခန့် တွင် ပြန်လည်ရောက်ရှိ အလေးပြုပြီး အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး ကော်မတီ
ဗကသများအဖွဲ့ချုပ်
ဗဟိုလုပ်ငန်းကော်မတီ

ABFSU CWC

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ