Related Posts Plugin for WordPress, Blogger...

ထိုင်းနိုင်ငံတွင် ညပိုင်း အလုပ်လုပ်ကိုင် နေကြသော မြန်မာလုပ်သား တစ်သိန်း ၀န်းကျင်ခန့်မှာ စားဝတ်နေရေး ခက်ခဲစပြု လာပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာရွှေ့ပြောင်းလုပ်သား အခွင့်အရေး ကွန်ရက်မှ သိရသည်။ ထိုင်းနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှု များကြောင့် ပြီးခဲ့သည့် (၂၂) ရက်နေ့မှ စတင်ကာ ထိုင်းစစ်တပ်က အာဏာ သိမ်းယူခဲ့ပြီး၊ ထိုနေ့မှာပင် တစ်နိုင်ငံလုံးကို ည (၁၀) နာရီမှ နံနက် (၅) နာရီအတွင်း မထွက်ရန် အမိန့်ထုတ် ပြန်ခဲ့သည်။ ထို့ကြောင့် ထိုင်းနိုင်ငံရှိ  ညဈေးများနှင့် အခြားညပိုင်း လုပ်ငန်းများတွင် လုပ်ကိုင် နေကြသော မြန်မာလုပ်သားများမှာ အလုပ်လုပ် ကိုင်ရန် အခက်အခဲများ ရှိလာပြီး၊ စားဝတ်နေရေး အတွက်ပါ အခက်အခဲများရှိ လာကြောင်း အဆိုပါ ကွန်ရက်မှ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောသည်။ သာမန် နေ့ပိုင်း စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ကိုင်ကြတဲ့ သူတွေ အတွက်ကတော့ ဘာမှထူးခြားမှု မရှိပေမယ့် ညပိုင်း လုပ်သားတွေ အတွက်ကတော့ ညမထွက်ရ အမိန့် မရုပ်မချင်း လုပ်ကိုင်လို့ရမှာ မဟုတ်သေးဘူး ဟု ၎င်း က ပြောသည်။

                အထူးသဖြင့် ဘန်ကောက်မြို့ နှင့် ချင်းမိုင်မြို့များတွင် လုပ်ကိုင်ကြသော လုပ်သားများမှာ အဆိုပါ ပြဿနာများကို အဓိက ကြုံတွေ့နေရ သည်။ လက်ရှိ ဖြစ်ပေါ်နေသော မတည်ငြိမ်မှု များသည် အဆိုပါ မြို့များတွင် အများဆုံး ဖြစ်ပွားလေ့ ရှိခြင်းကြောင့် လုံခြုံရေးပိုင်း ကို ပိုမိုတင်းကြပ်ထားပြီး၊ ညပိုင်း ထွက်သူများကို ဖမ်းဆီးမှု မြှင့်တင်ထားကြောင်း သိရသည်။

                အဆိုပါ ညမထွက်ရ အမိန့်ကို ယခင် ထုတ်ပြန်ခဲ့သော ည (၁၀) နာရီမှ နံနက် (၅) နာရီ အစား ည (၁၂) နာရီမှ နံနက် (၄) နာရီ အတွင်းဟု ပြီးခဲ့သည့် (၂၇)ရက်နေ့ က လျှော့ချ သတ်မှတ်ခဲ့သော်လည်း ညပိုင်းလုပ်သားများ အတွက် ထိရောက်သည့် ဖြေလျော့မှု မဟုတ်ကြောင်း ထိုင်းနိုင်ငံ ရောက် မြန်မာ အလုပ်သမား ရေးရာ ဆောင်ရွက်သူများက သုံးသပ်ကြသည်။

                 ညမထွက်ရ အမိန့်ကြောင့် ညပိုင်းလုပ်သား အချို့ အဆင်မပြေမှုတွေ ရှိနေတယ်လို့ သိရပေမယ့် ဒါက သူတို့နိုင်ငံရဲ့နိုင်ငံရေး ပြဿနာကြောင့် ထုတ်ပြန်ရတာ ဆိုတော့ ဒါကို ပြန်ရုပ်သိမ်း ပေးပါလို့ ကျွန်တော်တို့မှာတောင်းဆို ပိုင်ခွင့်မရှိဘူး။ ကာကွယ်ပေးပါ၊ ဥပဒေနဲ့အညီ လုပ်ပေးပါလို့ပဲ ပြောလို့ ရမယ် ဟု အဆိုပါ ညပိုင်းလုပ်သားများ အရေးနှင့် ပတ်သက်၍ အလုပ်သမားဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးအဆင့် တာဝန်ရှိသူတစ်ဦးက ပြောသည်။

                လက်ရှိတွင် ထိုင်းနိုင်ငံ၌ မြန်မာအလုပ်သမား သုံးသန်းကျော်ရှိရာ အများစုမှာ စက်ရုံ၊ အလုပ်ရုံများ၊ ဈေးများ၊ စိုက်ပျိုးရေး လုပ်ငန်းများတွင် လုပ်ကိုင် နေကြသည်။ မြန်မာလုပ်သား အများဆုံး လုပ်ကိုင်သည့် လုပ်ငန်းများမှာ ရေထွက် ပစ္စည်းစက်ရုံများနှင့် အအေးခန်းလုပ်ငန်းများ ဖြစ်သည်။ ထိုင်းနိုင်ငံရှိ အဆိုပါ လုပ်ငန်းအများစု မှာလည်း (၂၄) နာရီ လည်ပတ်လျက် ရှိပြီး၊လုပ်သားများကိုလည်း နေ့ဆိုင်း ညဆိုင်းခွဲ၍ လုပ်ကိုင်ကြရသောကြောင့် ညမထွက်ရ အမိန့်သည် အဆိုပါ ညပိုင်းလုပ်သားများ အတွက် ပြဿနာတစ်ရပ် အနေဖြင့် ရင်ဆိုင်နေ ရကြောင်း ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများ အရေး ဆောင်ရွက်နေသူ ဦးကျော်ဇောလင်း က ပြောသည်။

                 ထိုင်းမှာလာလုပ်တဲ့ လုပ်သားတွေက မြန်မာပြည်မှာ မိသားစု စီးပွားရေး အဆင်မပြေလို့ လာကြတာ။  ပိုက်ဆံနည်းနည်းစု မိတာနဲ့ မြန်မာ ပြည်က  မိသားစုတွေကို လွှဲရတယ်ဆိုတော့ သူတို့မှာ စုထားတဲ့ ပိုက်ဆံဆိုတာ မရှိသလောက်ပဲ။ အဲဒီတော့ အမြန်ဆုံးသာ အလုပ်မရရင် မလွယ်ဘူး ဟု ဦးကျော်ဇောလင်း က ပြောသည်။

                ထိုင်းနိုင်ငံ၏ နိုင်ငံရေး မတည်ငြိမ်မှုကိုတားဆီးရန် ထိုင်းစစ်တပ်က အာဏာသိမ်းယူ ထိန်းသိမ်းခဲ့သော်လည်း လက်ရှိ အချိန်ထိ ဆန္ဒပြမှုများ ရပ်တန့်သွားခြင်း မရှိသေးသောကြောင့် ညမထွက်ရအမိန့် ရက်ရှည် ထုတ်ပြန်ထားမည်ကို ညပိုင်းလုပ်သားများမှ စိုးရိမ်နေကြကြောင်း ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားရေးရာ ဆောင်ရွက်သူများက ပြောသည်။

စိုးထက်ဝင်း
The Messenger သတင်းစာ

Posted by Unknown on 5/29/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ