Related Posts Plugin for WordPress, Blogger...

 အခု Hot News မှာ ဒေါ်စုနားကလူတွေ အကွဲအပြဲကို ဖတ်ရပြန်ပြီ။( http://hotnewsweekly.com/node/2531 )။ ဒေါ်စုကို ကျနော်က ပါဆယ်နယ် လေးစားတယ်။ နိုင်ငံတကာ ခေါင်းဆောင်တန်းနဲ့ တန်ဝင်တာတဲ့ ခေါင်းဆောင်တစ်ယောက်ကို ပိုင်ဆိုင်ထားတာပို့ လက်ခံတယ်။ ဒါပေမယ့် ၂၀၁၀ ခုနှစ် နောက်ပိုင်း နိုင်ငံရေး မူဝါဒ ရေးရာ ပြောင်းလဲ လာတဲ့အချိန်မှာ သံသယ၀င်လာတယ်။ ၂၀၀၇ ရွှေဝါရောင်တုန်းက ဒေါ်စုအိမ်ရှေ့က မြင်ကွင်းကို ကြည့်ခဲ့ရတာက မျက်ရည်ကျမိတယ်။ ဒေါ်စုလွတ်လာမယ့်နေ့က တစ်ရက်လုံး DVB ရှေ့မှာ ထိုင်စောင့်ခဲ့တယ်။
ဒီနေ့ စာဖတ်ရတာ အရမ်းကောင်းတယ်။ ဘာဖြစ်နေမှန်းကို မသိဘူး။ မနေ့က ရခိုင်ဂြုပ်တစ်ခုမှာ ၄၃၆ ကို ပြင်သင့် မပြင်သင့်ကို Debate လုပ်ဖို့ ခေါင်းစဉ်တစ်ခုချပေးတာ Comment ဘောက်စ်ကနေ ၀င်ရောက်ဆွေးနွေးသူတွေက ရှယ်ပဲ။ အရမ်းကောင်းတယ်။ အိုင်ဒီယာ ထပ်တာရော၊ ကွဲတာရော တွေ့ရတယ်။ ရခိုင်စိတ်ပီးပြင်တာကို တွေ့ရတယ်။ အိမ်မှာ ဖတ်နေတဲ့ စာအုပ်ကလည်း ဂါဒီယန်ဦးစိန်ဝင်းရေးတဲ့ အကွဲအပြဲစာအုပ်။
 ဒေါ်စုဟာ လူ့အခွင့်အရေးနဲ့ အမျိုးသားအခွင့်အရေးကို ပိုင်းဖြတ်တဲ့အချိန်မှာ မူဝါဒ သိပ်မသဲကွဲဘူး။ နိုင်ငံရေး ချိန်ခွင်ပြိုင်ဆိုင်ချိန်မှာ သူ့နောက်လိုက်တွေက အမှားများလာတယ်။ ခေါင်းဆောင်ဆိုတာ ကွဲရေး ပြဲရေးထက် ဆွဲစိရေးကို ဦးတည်ရာမယ့်နေရမှာ မျိုးချစ်အုပ်စုတွေနဲ့ ကွဲလာတယ်။ တခြားသော ဒီမိုအုပ်စုတို့ ၊ ကြံ့ဖွတ်အုပ်စုတို့အပြင် မျိုးချစ်အုပ်စုတို့ကိုပါ သူတို့က ခွဲထုတ်လာတယ်။ ကျနော်က သိပ်ဝေဖန်ခဲတယ်။ 

(ရခိုင်ကိုတော့ ထိရင်တော့ မခံတတ်တာလွဲရင်ပေါ့။) နောက်ပိုင်း သူရဲ့ ခြေလှမ်းတွေက ဒီလောက်အရေးကြီးတဲ့ ထေတော်ကြီး ၀ါတော်ကြီးရဟန်းပုဂ္ဂိုလ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်လာရတာဟာ သူရဲ့ မူဝါဒကေ၀၀ါးလာစေတယ်။ အခု ၂၀၁၅ ခုနှစ်အတွက် ခြေဥကို အသဲအသန်ပြင်ဆင်နေတုန်းမှာ တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ဘယ်လိုဖွဲ့မယ်ဆိုတဲ့ မူဝါဒကို မမြင်ရသေးဘူး။ ကံကောင်းတာ တစ်ခုက လောလောဆယ်မှာ ၈၈ ပွင့်လင်းနဲ့ အလွန်သင့်နေတာတစ်ခုပဲ မြင်မိတယ်။ ဒါတွေ ကျနော်ရဲ့ပါဆင်နယ် အမြင်တွေပါ။ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ