Related Posts Plugin for WordPress, Blogger...

 ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ  ကြားဖြတ် ရွေးကောက်ပွဲတွင် သံဃာတော်များကို မဲပေးခွင့်ပြုမည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထံမှ သတင်းရရှိသည်။ သံဃာတော်တွေ ဆန္ဒမဲ ပေးပိုင်ခွင့် နဲ့ ပတ်သက်ပြီး ကော်မရှင်ကို လာတင်တာ        ကျွန်တော်တော့ မတွေ့ရဘူး။ တကယ်လို့ လာတင်လည်း ကော်မရှင်အနေနဲ့ ကလည်း လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ တကယ်လို့ လိုချင်ရင် လွှတ်တော်မှာ တင်ပြ၊ လွှတ်တော်က ဆုံးဖြတ်ပေး လိမ့်မယ် ဟု ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် မှ ညွှန်ကြားရေးမှူးချုပ် ဦးသောင်းလှိုင်က The Messenger သတင်းစာသို့ ပြောသည်။ လက်ရှိ တည်ဆဲဥပဒေများ အရ ဆန္ဒမဲပေးပိုင်ခွင့်   မရှိသူများတွင် ဘာသာရေးနှင့်  သက်ဆိုင်သော ပုဂ်္ဂိုလ်များ ပါဝင်ကြောင်း ၎င်း က ဆက်ပြောသည်။ ရွေးကောက်ပွဲ များတွင် သံဃာတော်များ မဲပေးခွင့်ရရှိရေးအတွက် မကွေးကျောင်းတိုက် ဆရာတော် ဥူးပါမောက္ခ က သံဃာတော်များ ထံမှ သဘောထားဆန္ဒ ကောက်ခံသွားမည် ဖြစ်ပြီး၊ လွှတ်တော်သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြောကြားထားသည်။

                 နအဖ လက်ထက်တုန်းက သာသနာရေးနဲ့ ဘာသာရေးကို ခွဲခြားထားတယ်။ သမိုင်းကြောင်း ပြန်ကြည့်ရင် မြန်မာ့နိုင်ငံရေးမှာ သံဃာတွေမပါ ခဲ့တာ မရှိဘူး။ သံဃာဆိုတာ ကလည်း မိုးပေါ်ကကျလာတာ မဟုတ်ဘူး။ စစ်ဗိုလ်ချုပ်တွေ ကလည်း မိုးပေါ်က ကျလာတာမဟုတ်ဘူး။ လူတွေထဲက လာ တာ။ အဲဒီတော့ မဲပေးသင့်တယ်။ နိုင်ငံရေး၊ သာသနာရေး၊ စီးပွားရေး၊ လူမှုရေးဆိုတာ အကုန် ဆက်စပ်နေတယ် ဟု  သာသနာ့ရောင်ခြည် ကျောင်းတိုက် ဆရာတော်ဦးပဏ္ဍိတ က The Messenger သတင်းစာသို့ မိန့်သည်။

                ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက နိုင်ငံရေးနှင့် ဘာသာရေး ရောထွေး၍ မရသဖြင့် သံဃာတော်များ မဲပေးပိုင်ခွင့်ကို ၎င်း အနေဖြင့် လက်မခံနိုင်ကြောင်း  မီဒီယာများကို ပြောကြားထားသည်။ သံဃာတော်များ ဆန္ဒမဲပေးပိုင်ခွင့်နှင့် ပတ်သက်၍ နိုင်ငံရေး နယ်ပယ်မှ ပုဂ်္ဂိုလ်များ အကြား သဘောထား ကွဲလွဲမှုများ ရှိနေသည်။

ဆုမင်းကို
The Messenger သတင်းစာ

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ