Related Posts Plugin for WordPress, Blogger...

(နိရဉ္စရာ- ၂ ဧပြီလ ၂၀၁၄) / တင့်ဆွေမောင်

ANP-Taungup-Township
( ဓါတ်ပုံ- ဇေယျာသော်- တောင်ကုတ် လူမူ ကွန်ယက်)
ရခိုင်အမျိုးသား ပါတီ ( ANP) ၏ ပထမဆုံးသော မြို့နယ်စည်းရုံးရေး ကော်မီတီကို တောင်ကုတ်မြို့တွင် ဧပြီလ ၁ ရက်နေ့က စတင် ဖွဲ့စည်းလိုက်သည်ဟု သတင်း ရရှိသည်။
ANP ပါတီ၏ သံတွဲခရိုင်စည်းရုံးရေး တာဝန်ခံ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်နှင့် ဒုတာဝန်ခံ ဦးမျိုးဆွေတို့မှ သွားရောက်ပြီး ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု တောင်ကုတ်မြို့နယ်စည်းရုံးရေး ကော်မီ (ပ) ခေါင်းဆောင် အဖြစ် ရွှေးချယ် တင်မြောက်ခံရသူ ဦးမြင့်ဆွေမောင်က နိရဉ္စရာသို့ ပြောသည်။
“ ပထမ ခေါင်းဆောင် အဖြစ် ကျွန်တော် မြင့်ဆွေမောင်ကို ရွှေးချယ်တင်မြှောက်ပါတယ်။ ဒုတိယ ခေါင်းဆောင်အဖြစ် ဦးစောဝင်းကို ရွှေးချယ်တင်မြောက်ခဲ့ကြပါတယ်။ ကော်မီတီ အဖွဲ့ဝင် စုစုပေါင်း ၂၁ ဦးနဲ့ တောင်ကုတ်မြို့နယ် စည်းရုံးရေးကော်မီတီကို ဖွဲ့စည်းခဲ့ပါတယ်” ဟု သူက ဆိုသည်။
ဦးမြင့်ဆွေမောင်မှာ တောင်ကုတ်မြို့နယ် ရခိုင်လူမူကွန်ရက်မှ နာယက ဖြစ်ပြီး ယခုအခါ ANP ၏ မြို့နယ် စည်းရုံးရေး ကော်မီတီကို ဦးဆောင်သွားမည်ဖြစ်သည်။
၎င်းရွှေးချယ်တင်မြောက်ပွဲကို တောင်ကုတ်မြို့၊ ဂူတာ ရပ်ကွက်၊ညောင်တန်းလမ်း၊ ယခင် RNDP ရုံးခန်းတွင် ပြုလုပ်ခဲ့ကြသည်။
ယခု ဖွဲ့စည်းလိုက်သော တောင်ကုတ်မြို့နယ် စည်းရုံးရေး ကော်မီတီ အနေဖြင့် တောင်ကုတ်မြို့နယ် ကော်မီတီ ပေါ်ပေါက်ရေးနှင့် ပါတီ၏ ရှေ့လုပ်ငန်းစဉ် အပါအ၀င် စည်းရုံးရေး လုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု သိရသည်။
ANP-Taungup-Townshipရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်သည် ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲ ကာလအတွင်း NLD ၏ အမာခံ နယ်မြေဖြစ်ခဲ့ပြီး ထိုအချိန်က ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှာ NLD ကို တောင်ကုတ်မြို့နယ်တွင် ရှုံးနိမ့်ခဲ့သည်။ ၂၀၁၀ ရွှေးကောက်ပွဲတွင်မူ  ပြိုင်ဘက်ပါတီ မရှိဘဲ ကြံ့ခိုင်ရေး ပါတီက တောင်ကုတ်မြို့နယ်၏ လွှတ်တော်နေရာ အားလုံးကို အနိုင်ရရှိသွားခဲ့သည်။
ရခိုင်အမျိုးသားပါတီသည်  ၂၀၁၅ ခုနှစ် အတွက် ကြိုတင်ပြင်ဆင်မူ အနေဖြင့် ရခိုင်အမျိုးသားများ တစ်ကြိမ်တစ်ခါမျှ အနိုင်မရှိခဲ့ဖူးသော တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင် စည်းရုံးရေး လုပ်ငန်းများကို အထူး အလေးပေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ယခုအခါ ရခိုင်အမျိုးသားစည်းလုံးညီညွှတ်မူမှာ ယခင်က မရရှိခဲ့ဖူးသော အနေအထားမှ ကျော်လွန်ကာ အဆင့် တစ်ခုထိ ရောက်ရှိနေသဖြင့် လာမည့် ၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲတွင် ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်များတွင် ရခိုင်အမျိုးသားပါတီအတွက် အလားအလာကောင်းများ ရှိနေကြောင်း လေ့လာ အကဲခတ်သူများက ပြောဆိုသည်။
ရွှေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်  အရည်အချင်းရှိရမည့် အပြင် ရိုးသားဖြောင့်မတ်ရန် လိုအပ်ကြောင်း၊ နိုင်ငံရေး အခင်းအကျင်းလည်းကောင်းမွန်ပြီး အများပြည်သူတို့  ယုံကြည်စိတ်ချရသူ ဖြစ်မှ နိုင်မည် ဖြစ်သဖြင့် လူမှန်နေရာမှန် ဖြစ်ရန် အရေးကြီးကြောင်း ဦးမြင့်ဆွေမောင်က သုံးသပ် ပြောဆိုသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ