(နိရဉ္စရာ- ၂ ဧပြီ ၂၀၁၄)/ လင်းမြတ် (ပေါက်တော)
ရခိုင်ပြည်နယ်
စစ်တွေမြို့တွင် မတ်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့က နိုင်ငံခြား
အန်ဂျီအိုများတိုက်ခိုက်မူနှင့် ဆက်စပ်ပြီး သံသယ ဖြစ်ခံရသူ အမျိုးသား (၆)
ဦးနှင့် အမျိုးသမီး (၆) ဦး၊ စုစုပေါင်း ၁၂ ဦးကို ဖမ်းဆီးထားသည်ဟု သတင်း
ရရှိသည်။
ဖမ်းဆီးခံရသူ အမျိုးသားများမှာ ၁။ ဦးမောင်သိန်း (ဘ) ဦးငလုံးဝေ- ဓည၀တီ
(ခ) ရပ်ကွက် ၂။ ဦးမောင်သိန်းဝေ (ဘ) ဦးငလုံးဝေ- ဓည၀တီ (ခ) ရပ်ကွက် ၃။
ဦးမောင်လှချေ (ဘ) ဦးမောင်ထွန်းချေ- ဓည၀တီ (က) ရပ်ကွက် ၄။ ဦးမောင်လှချေ
(ဘ) ဦးလှကျော်ဖြူ- ဓည၀တီ (ခ) ရပ်ကွက် ၅။ ဦးသန်းမောင် (ဘ) ဦးဝေသာအောင်-
ဓည၀တီ (ခ) ရပ်ကွက် ၆။ ကိုညီညီစိုး (ဘ) ဦးမောင်မောင်လှ – မကျည်းမြိုင်
ရပ်ကွက်တို့ ဖြစ်ကြသည်။
ဖမ်းဆီးခံရသူ အမျိုးသမီးများမှာ ဓည၀တီ (ခ) ရပ်ကွက်မှ ၁။ ဒေါ်ချိုချို
(ဘ) ဦးဖိုးထွန်းဦး ၂။ ဒေါ်ခင်နုချေ (ဘ) ဦးကာရီ ၃။ ဒေါ်မအေး (ဘ)
ဦးစိန်လှမောင် ၄။ ဒေါ်ခင်မြ၀င်း (ဘ) ဦးငလုံးဝေ ၅။ ဒေါ်သိန်းခင်အေး (ဘ)
ဦးစောထွန်းနှင့် ၆။ ဒေါ် ဦးခင်ဝင်း (ဘ) ဦးထွန်းသာစိန် တို့ ဖြစ်ကြသည်။
သူတို့အား လွန်ခဲ့သော တနင်္လာနေ့ ညဥ့် (၁) နာရီ အချိန်တွင် နေအိမ်များမှ
ဖမ်းဆီးခေါ်ဆောင်သွားသည်ပြီး ယခုအခါ စစ်တွေထောင်ထဲတွင် ထိန်းသိမ်း
စစ်ဆေးနေကြောင်း သိရသည်။
၎င်းဖမ်းဆီးမူကို စစ်တွေခရိုင် ရဲမှူးကြီး ဦးသစ်ဆန်း၊ ပြည်နယ်
အထူးရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စောမြင့်ဦးတို့ ဦးဆောင်ပြီး
ရဲတပ်ဖွဲ့ဝင်အင်အား ၁၀၀ ခန့်ဖြင့် ၀င်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
အဖမ်းဆီးခံရသူများထဲတွင် အသက် (၅၀) ကျော် အရွယ်များလည်း ပါဝင်ကြောင်း
ဖမ်းဆီးခံရသူ ဦးမောင်သိန်း၏သား နိုင်ငံရေး အကျဉ်းသားဟောင်း ကိုနိုင်စိုးက
ပြောသည်။
မတ်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့ စစ်တွေမြို့ အန်ဂျီအိုများ အတိုက်ခံရမူ
ဖြစ်စဉ်တွင် နေအိမ် ၂၉ လုံး၊ ဂိုဒေါင် ၇ လုံး၊ မော်တော်ယာဉ် ၂
စီးပျက်စီးခဲ့ပြီး အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးလည်း
ကျည်ဆံထိမှန် သေဆုံးခဲ့သည်။

0 comments