Related Posts Plugin for WordPress, Blogger...

By မင်းအောင်မြင်(မြစ်မခ)

မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်များတွင် စာတတ်မြောက်ရေးအတွက် ပြည်သူများထံသို့ စည်းရုံးရေးဆင်းရာတွင်အခက်အခဲများကြုံတွေ့နေရကြောင်း စည်းရုံးရေးဆင်းသူများထံက သိရသည်။
 စာသင်ပေးရန် စည်းရုံးရေးဆင်းရာတွင် ဒေသခံအချို့မှာအသက်အရွယ်ကြီးပြီဖြစ်သောကြောင့် စာပြန်လည်သင်ယူရမည်ကို ရှက်ကြောက်နေခြင်း ၊စားဝတ်နေရေးအတွက် အလုပ်လုပ်နေရသဖြင့် မအားလပ်သူများ ရှိနေသောကြောင့်စည်းရုံးရန် အခက်အခဲဖြစ်နေခြင်းဖြစ်သည်။
 တချို့ဆိုစာတစ်လုံးမှ မတတ်ဘူး စာကိုလည်း တကယ်သင်ချင်တယ် ဆင်းရဲတော့စားဝတ်နေရေး အတွက် အလုပ်လုပ်နေရတယ် အဲ့ဒါဆိုရင် ကျွန်တော်တို့အဖွဲ့တွေကသူတို့အလုပ်တွေကို ၀ိုင်းကူ လုပ်ပေးနေရတာတွေ ရှိတယ် တချို့ဆိုရင် သားနဲ့အမေနှစ်ယောက်လုံး စာမတတ်ဘူးအမေကသားနဲ့ အတူတူရှက်လို့ စာမသင်ချင် အဲ့ဒါမျိုးတွေ အများကြီးကြုံတွေ့ရတယ်ဟုမြန်မာနိုင်ငံစာတတ်မြောက်ရေး လှုပ်ရှားမှုအတွက် စည်းရုံးရေးဆင်းသူ ကိုမင်းသုခကပြောသည်။
၂၀၁၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံရှိမြို့နယ်ပေါင်း (၂၉)ခုမှ ရပ်ကွက် ကျေးရွာပေါင်း (၁၁၆၃) နေရာ၊ သင်ယူမည့်သူ(၄၆၄၇၉) ဦးတို့ကို ၂၀၁၄ ခုနှစ် ဧပြီ (၁)ရက်မှ မေလ ၁၅ ရက်အထိသင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။
 “နိုင်ငံတော်ဖွံဖြိုးတိုးတက်ဖို့အတွက် နိုင်ငံသားတိုင်စာတတ်ဖို့ လိုတယ်။လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ဖို့အတွက် မျှော်မှန်ပြီးလုပ်ဆောင်နေတာပါ။ ဒီလိုအစီအစဉ်တွေကို ရှေးမြန်မာမင်းတွေလက်ထက်ကတည်းက စတင်လုပ်ဆောင်နေတာပါ အဲ့ဒါကြောင့်ပြည်သူတွေ ဘက်ကလည်းစာတတ်ကြဖို့အတွက်မရှက်မကြောက် ပါဝင်ဆောင်ရွက် စေချင်ပါတယ်ဟု စာတတ်မြောက်ရေးအထောက်အကူပြုပင်မဌာနဥက္ကဌ ဦးသန်းဦးက ပြောသည်။
 ၂၀၁၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူ၍ လူထုလှုပ်ရှားမှု အသွင်ဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများအခမ်းအနားဖွင့်ပွဲကိုဧပြီလ(၆)ရက်တွင် ပြည်နယ်နှင့်တိုင်းအား
လုံး၌တစ်ပြိုင်နက်တည်းကျင်းပပြုလုပ်ခဲ့သည်။

http://www.myitmakhamediagroup.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ