Related Posts Plugin for WordPress, Blogger...

From : .... http://myawadynews.blogspot.com



            မြန်မာ နိုင်ငံမှာ လက်ရှိသမ္မတ တက်လာတဲ့အချိန်က စပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေး ကို အလေးအနက် ထားပြီးလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စေ့စပ်ညှိနှိုင်းခဲ့သည်မှာ ပြည်သူလူထုအသိပင်  ဖြစ်ပါ တယ်။ ထို့အတူ လက်ရှိအခြေအနေ အထိလဲ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အတွက် အဖွဲ့တွေ ဖွဲ့စည်းပြီး ဆောင်ရွက်နေဆဲဖြစ် တာနှင့်အညီ ၊ နှစ်ကာလကြာရှည်စွာတည်တံ့ခဲ့တဲ့ လက်နက် ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့နှင့်လည်း ထာဝရ ငြိမ်းချမ်းရေးရယူပြီးဖြစ်တယ်လို့ ပြန်ကြားရေး သတင်းတွေ အရသိရပါတယ်။
          ဒါပေမယ့်လို့ ဦးအောင်မင်းအပါအ၀င် မြန်မာငြိမ်းချမ်းရေး စင်တာမှ တာဝန်ရှိသူတွေ သြဂုတ်လ ၁၇ ရက်နေ့ ကနေ စက်တင်ဘာ ၃၁ ရက်နေ့အတော အတွင်းမှာ တောင်းပိုင်းရှမ်းတပ်မတော်  နဲ့ ငြိမ်းချမ်းရေး ရယူဖို့ အတွက် အလွတ်သဘော နဲ့ (၂) ကြိမ်တွေ့ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီမှာ ဘာဖတ်ရ လဲလို့ ဆိုတော့ SSA ဗိုလ်မှူး စိုင်းလိတ် က MPC ရဲ့ မူ ( ၆ )ချက် အပေါ်မှာ သဘောမကျဘူုး ဆိုတဲ့ အပြော အဆို မျိုးတွေ့ ရတယ်။
       "ကျွန်တော်တို့တိုင်းရင်းသား လက်နက်ကိုင်တွေကို ပိုပြီးထိန်းချုပ်ချင်လာတဲ့ သဘောမှာရှိပါတယ်။မူအသစ်တွေ ထပ်ထွက်လာ ပါတယ်"ဟု ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီနှင့် တောင်ပိုင်း ရှမ်းတပ်မတော် တို့၏ ပြောရေးဆိုခွင့် ဗိုလ်မှူးစိုင်းလိတ်က စက်တင်ဘာလ ၄ ရက်နေ့ကမြန်မာတိုင်း(မ်)ကို ပြော သည်။
        စက်တင်ဘာလ ၂ရက်နေ့တွင်လည်း ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် ပြည်သူ့ လွှတ်တော် ဥက္ကဌဦးသူရရွှေမန်း အပါအ၀င်အခြားအစိုးရတာဝန်ရှိသူများနှင့်လည်းတွေ့ဆုံခဲ့သည်။
        ထိုဆွေးနွေးမှုတွင် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်က တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ဥပဒေနှင့်အညီ နေထိုင်ရန် လိုပြီးထိုကဲ့သို့မပြူမူပါက တပ်မတော်က တိုက်ခိုက် ရှင်းလင်းမှုများပြုလုပ်မည် ဟု ပြောကြားခဲ့ကြောင်း
လည်း ဗိုလ်မှူး စိုင်းလိတ်ကပြောသည်။
              ကဲ ဒါဆို ကျွန်တော်တို့ SSA ဗိုလ်မှူး စိုင်းလိတ် က သဘောမကျတဲ့ MPC ရဲ့ မူ ( ၆ )ချက် ကိုကြည့်ရအောင်--
၁။     လူသတ်မှုမကျူးလွန်ရန်
၂။     ဆက်ကြေးမကောက်ခံရန်
၃။     လူသစ်မစုဆောင်းရန်
၎။     တပ်အင်အားမတိုးချဲ့ရန်
၅။     သဘောတူညီချက်မရရှိသည့်နယ်မြေများတွင်စခန်းမချရန်
၆။     အုပ်ချုပ်ရေးကိစ္စများတွင်ဝင်ရောက်မစွက်ဖက်ရန်နှင့် တပ်မတော် လက်အောက်ခံပြည်သူစစ် များကိုမတိုက်ခိုက်ရန်…
ဆိုတဲ့..အချက်(၆) ချက်ဖြစ်ပါတယ်။ ဘယ်လိုရှုထောင့်ကပဲကြည့်ကြည့် ဒီအချက် ၆ ချက် ဟာပြည်သူ လုထု အသက် အိုးအိမ်စည်းစိမ် နဲ့ငြိမ်းချမ်းစွာနေထိုင်စားသောက်နိုင်ရေး နဲ့လမ်းပန်း ဆက်သွယ်မှုကောင်းမွန် စွာရောင်းဝယ်ဖောက်ကားနိုင်ရေး စတဲ့အချက်တွေ အပေါ်အခြေခံပြီး ချမှတ်ထားတယ် ဆိုတာ ဘယ်လိုကြည့်ကြည့်မြင် သိနိုင်ပါတယ်။ ဒီတော့  ဒီအခြေခံမူ (၆)ချက်ကို လိုက်နာဖို့ခဲယဉ်းနေတယ် ၊ လိုက်နာဖို့ မဖြစ်နိုင်ဘူး ဆိုတော့ တောင်ပိုင်း SSA ရဲ့ ရည်ရွယ်ချက်ဟာ ဘာလဲ ဘယ်လဲ ဆိုတာ မေးစရာ ရှိနေပါတယ်။ ဒီတော့ SSA ရဲ့ ရည်ရွယ်ချက်ဟာ တိုင်းပြည်နဲ့ ဒေသခံတွေအတွက်အပေါင်းလက္ခဏာလား၊အနှုတ် လက္ခဏာလားဆိုတာ မေးခွန်း ထုတ်စရာ မလိုပဲ အဖြေက ပါပီးသားဖြစ်နေ ပါတယ်။ ဒါက ပြည်သူလူထု အကျိုးအတွက် တကယ်လိုလား သလား မလိုလားဘူးလား ဆိုတဲ့အပိုင်းပါ။ ။
           နောက်အခြားတစ်ဖက် က တောင်ပိုင်းSSA ရဲ့နေရာကနေ ဘာကြောင့်ဒီ အချက်တွေကို မလိုက်နာ နိုင်တာလဲ ဆိုတာ လဲထည့်သွင်းစဉ်းစားရမယ့်အချက်တစ်ချက်ပါပဲ။ အခုတလော မြန်မာ နိုင်ငံမှာ မူးယစ်ဆေးဝါးတွေကို (တန်ဖိုးငွေကျပ်သိန်းရာ/ထောင်/ သောင်းချီ) မိတာတွေဟာ ၃ရက် တစ်ခါလောက် ဖတ်နေရတဲ့သတင်းဖြစ်လာတာ သတိထားမိမှာပါ။ ဒါ့ထက် သြဂုတ်လ (၆)ရက်နေ့ က သစ်ကား အစီး ၅၀ ကျော် ဖမ်းဆီးမိတဲ့သတင်းကိုလဲကြားမိမှာပါ။ ဒီတော့ မူးယစ်ဆေးဝါးတွေ သစ်ခိုး ထုတ်တာတွေ ဖမ်းမိတာတွေ ၊အရှိန်အဟုန်နဲ့ တားဆီးဖို့ ဆောင်ရွက်နေတာတွေက တောင်ပိုင်း SSA ရဲ့ရှေ့ဆက်ရပ်တည်မှုကိုအပြည့်အ၀ကြီးမဟုတ်တောင်ရာခိုင်းနှုန်းတစ်ခုတော့ခြိမ်းခြောက်နေမှာပါပဲ။
        ဒီတော့အခြားထွက်ပေါက်တစ်ခု အနေနဲ့ ဒေသခံတွေဆီက ဆက်ကြေးတိုးကောက်မယ် ၊ငြင်းဆန်မှုတွေ ရှိလာရင် လူသတ်တာတွေ၊ အတင်းအဓမ္မ မ၀င်မနေရ လူသစ်စုတာတွေ ဖြစ်လာမယ်။ဒါတွေဟာ လုပ်နေကြ SSA အတွက် မဆန်းကြယ်ပေမယ့်၊ မူ ၆ ချက်ကို သဘောတူပြီး တဲ့နောက်ဆိုရင်တော့ လုပ်ချင်တိုင်းလုပ်လို့မရတဲ့ အခြေအနေထဲကို ၀င်ရောက် သွားမှာဖြစ်တဲ့ အတွက် ဒါကိုငြင်းဆန်ရမှာပဲ မဟုတ်ပါလား။ ဒီတော့ တောင်ပိုင်း SSA ရဲ့ ဒေသခံပြည်သူတွေအပေါ် သဘောထားနဲ့ သူရဲ့ရည်ရွယ်ချက်ဟာ ဘာလဲ ၊ ဘယ်လဲလို့မေးစရာရှိလာပြီမဟုတ်ပါလား။
သားရွှေလူ

ကိုးကား- Myanmar Times

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ