From :
....
www.MyanmarExpress.net
စည်းကမ်းဆိုတာက တပ်မတော်လို လေ့ကျင့်ထားတာသူ တွေနဲ့ ကွာချင် ကွာမှာပေါ့။
လွှတ်တော် ကိုယ်စားလှယ်တွေ ဆိုတာ အရပ်သား တွေက လာတာ။ တစ်ချို့နေရာတွေမှာ
တပ်မတော်ပုံစံလုပ်လို့မရဘူး။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ စစ်သင်တန်း
တက်ထားတဲ့ သူတွေ မဟုတ်ဘူး။ လေ့ကျင့်ထားတဲ့ စစ်သင်တန်းတက်ထားတဲ့ဆိုရင်တော့
အချိန်တိကျတာတို့ စည်းကမ်း တိကျတာတွေ ရှိမှာပေါ့။ စည်းကမ်းလိုက်နာမှု
ပိုကောင်းမှာပေါ့။
အဲဒီတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူလူထုကို ကိုယ်စားပြုတဲ့သူ
တွေဖြစ်တဲ့အတွက် ဒီလောက် အသေးအမွှားလေးကို ခွင့်လွှတ်ရမယ်လို့ ပြောချင်တာပါ ကွမ်းစားသည့်ကိစ္စနှင့် ပါတ်သက်ပြီး မင်းလှမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုးမှ ပြောဆိုခဲ့သည်။
တွေဖြစ်တဲ့အတွက် ဒီလောက် အသေးအမွှားလေးကို ခွင့်လွှတ်ရမယ်လို့ ပြောချင်တာပါ ကွမ်းစားသည့်ကိစ္စနှင့် ပါတ်သက်ပြီး မင်းလှမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုးမှ ပြောဆိုခဲ့သည်။
တပ်မတော်သားတွေလို စည်းကမ်းနဲ့ မနေနိုင်စရာမရှိပါဘူး ...
တပ်မတော်သားတွေဆိုတာလည်း လူသားတွေပါပဲ တပ်မတော် စည်းကမ်းချက်တွေဆိုတာ
လူကသတ်မှတ်ထားတာပါ ... လိုက်နာနိုင်တဲ့ လုပ်ဆောင်နိုင်တဲ့ အရာတွေကိုဘဲ
စည်းကမ်းသတ်မှတ်ချက် စနစ်တကျချမှတ်ထားပြီး လိုက်နာကျင့်သုံးနေတဲ့အတွက်
တပ်မတော်သားတွေလိုမျိုးပဲ အရပ်သားများလဲ
ကျင့်သုံးနေထိုင်ပြုမူသွားလျှင် စည်းကမ်းပြည့်ဝသော
နိုင်ငံတော်ကြီးအဖြစ်သို့ လျှင်မြန်စွာရောက်ရှိ လာနိုင်ပါသည်။
လွှတ်တော်ထဲသို့ရောက်ရှိနေကြသော လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအား အတုယူ၍ ချစ်ချစ်ခင်ခင်၊
စည်းစည်းလုံးလုံး၊ စည်းကမ်းစနစ်တကျရှိစွာဖြင့် နိုင်ငံ့အကျိုးအတွက်
မိမိတတ်နိုင်သည့်အပိုင်းမှ တစ်တပ်တစ်အား ထမ်းဆောင်သွားကြသင့်ပေသည်။


0 comments