Related Posts Plugin for WordPress, Blogger...


မြန်မာနိုင်ငံတစ်ဝန်းရှိ မြေယာသိမ်းခံရမှုများနှင့်အခွင့်ရေးချိုးဖောက်ခံရမှုများအား ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများနှင့် မြေယာလုပ်သားများသမဂ္ဂကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းသမဂ္ဂမှ မြေယာကိစ္စများ မဖြေရှင်းပါက လာမည့်ရွေးကောက်ပွဲတွင် မဲအရေအတွက် နည်းပါးသွားနိုင်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူ လယ်သမားများနှင့် မြေယာလုပ်သားများသမဂ္ဂမှ ဒုဥက္ကဌက ဆိုသည်။

 “မြေယာသိမ်းခံရတာတွေနဲ့ ပက်သက်ပြီး နိုင်ငံတော်အာဏာပိုင်များက အမြန်ဆုံးဖြေရှင်းပေးစေလိုပါတယ်။ တကယ်လို့ မဖြေရှင်းပေးနိုင်ဘူးဆိုရင် လာမယ့် ရွေးကောက်ပွဲမှာ တောင်သူလယ်သမားတွေရဲ့ ဆန္ဒမဲအရေအတွက်ကို လက်နက်သဖွယ် အသုံးပြုသွားပါမယ်” ဟု  စက်တင်ဘာ(၆)ရက်နေ့၌ကျင်းပပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ဒုဥက္ကဌဦးကြည်လှက ပြောသည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ မြေယာသိမ်းခံရမှုများနှင့် အခွင့်ရေးချိုးဖောက်ခံရမှုများအား ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများနှင့် မြေယာလုပ်သားများ သမဂ္ဂအား ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
 “ကျေးလက်နေပြည်သူလူထုနဲ့ လယ်သမားတွေက အခွင့်အရေးချိုးဖောက်ခံရမှုနဲ့ နစ်နာဆုံးရှုံးမှုတွေအများကြီး ကြုံတွေ့နေ ရတယ်။ အဲ့ဒီပြသနာတွေအတွက် ရပ်တည် ကာကွယ်ဖို့ ဖွဲ့စည်းခဲ့တာပါ”ဟု ယင်းသမဂ္ဂ၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဦးအောင်မိုးဝင်းက ပြောသည်။
ယင်းသမဂ္ဂအား ကုလသမဂ္ဂအခွင့်အရေးကြေညာစာတမ်းပါ အပိုဒ် (၂၀)၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) နိုင်ငံသား များ၏ မူလအခွင့်အရေးနှင့်တာဝန်များ အခန်းပုဒ်မ ၃၅၄နှင့် ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေအခန်း ၁၃ပုဒ်မ၃၈တွင် ဖော်ပြထား သည့်အတိုင်း လွတ်လပ်စွာတရားဝင်ဖွဲ့စည်း၍ မှတ်ပုံတင်မည်ဟု အဆိုပါသမဂ္ဂက ဆိုသည်။
 “ဘယ်ပါတီ၊ ဘယ်အဖွဲ့စည်းလက်အောက်ကမှ မဟုတ်ဘဲ၊ သီးသန့်ဖွဲ့စည်းထားပြီး ဘယ်သူနဲ့မဆိုလက်တွဲပါမယ်။ ကျွန်တော်တို့ အဖွဲ့အစည်းနဲ့ ပတ်သက်လို့ နိုင်ငံရေးအမြတ်ထုတ်မယ်ဆိုရင်တော့ ကျွန်တော်ကိုက လက်မခံဘဲ ပြန်လည်တုံ့ပြန်မှုတွေ လုပ်သွား ပါမယ်” ဟု ဦးအောင်မိုးဝင်းက ဆိုသည်။
ယင်းသမဂ္ဂသည် တောင်သူလယ်သမားတို့၏ အကျိုးစီးပွားအတွက်အချက် ခြောက်ချက်ချမှတ် လုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းအချက်များထဲတွင် တောင်သူလယ်သမားများအတွက် အမှန်တကယ်အကာအကွယ်ပေးနိုင်မည့် ဥပဒေများပေါ်ထွက် လာစေရန် ယင်းသမဂ္ဂမှ ဆောင်ရွက်သွားမည်ဟု သိရသည်။


http://myitmakhamediagroup.com

Posted by Arakan Man on 9/06/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ