Related Posts Plugin for WordPress, Blogger...

ဘိန်းကို
အကြောထဲ၊ လိုအပ်တဲ့နှုန်းပမာဏ မထိုးထည့်ပဲ နေကြည့်
လူဟာ လုံးဝ နေမထိ ထိုင်မထိ၊ ရှိနေပေမဲ့ မရှိတော့ဘူး။

ဘိန်းကို
အကြောထဲ၊ လိုတဲ့ ပမာဏထက်ပို ခပ်များများထိုးထည့်ပစ်လိုက်
လူဟာ မိုက်ခနဲဖြစ်၊ ဦးနှောက်ကိုဆင့်ဆောင့်၊ ထောက်ခနဲသေတယ်။

ဒီတော့ကာ
လူနဲ့ လူ့ဖြစ်တည်မှုဘဝဆိုတာ
လူရဲ့ကိုယ်ခံအား ဘယ်လောက်များများရှိလဲ
ဘိန်းရဲ့ပြင်းအား ဘယ်လောက်များများရှိလဲ
အမြဲပဲ သေချာအောင် စစ်ဆေးနေရတဲ့
ဘိန်းစားနဲ့ ဘိန်းသုံးစွဲခြင်း သီအိုရီပဲ
လူ့ဒုက္ခဘေးတွေဆိုတာကလည်း
သွေးငိုယို အသဲထဲက ခေါ်ဆွဲနေတဲ့ ဘိန်းယင်းလိုပဲ ခွဲမရ
သူ့အချိန်ကျပြီဆို ထ ထ ပြဿနာရှာမယ်။

လူဟာ
ကြိုးတန်းပေါ် လမ်းလျှောက်ရပါသည်
ဟိုဘက်ကမ်းဆီကို ရောက်ဖို့ မရောက်ဖို့
ရည်ရွယ်ခဲ့ကြလို့လား
OverDose အလောင်းများ ပြည့်နှက်နေတဲ့
လမ်းတစ်ဝက်ပေါ်က လမ်းကိုယ်တိုင်ဟာလည်း
လူလိုပဲယင်းထ အစွဲအလမ်းပို တမ်းတနေနိုင်တာပဲ
နေရေးများ ပို ရွှင်လန်းလျှက် တက်ကြွရန်
သေဆေးများကို တမင် နမ်းဖက်ခဲ့ကြရပြန်တယ်
လက်ရှိ လိုအပ်ချက်ချည်း သက်သက်နဲ့နေနည်းဟာ
ဘဝရေစီးနက်နက်ထဲက လှိုင်းကြက်ခွက်တွေပဲ
ရုတ်တရက် ထ ပွက်ပြီး
ရုတ်တရက် စ ပျက်စီးတယ်
စစီးပေမဲ့ မပြီးခြင်းမှာ ရေစုန်ဟာ လမ်းပျောက်ဆုံးခဲ့
စီးဆင်းလာ ရေအကုန်ဟာ ခမ်းခြောက်သုန်းပျက် ပျယ်လွင့်သွားသည့်
နောက်ဆုံးလက်ကြယ်ပွင့်များ၏
အစွန်အကျဆုံး ဂိတ်အဆုံးထိ လျှောက်သွားသည့် သူ့သွေးအိုရောင်တွေဟာလည်း
အမွန်မြတ်ဆုံး စိတ်နှလုံး၏  ဂေါက်သွားသည့် လူ့အတွေးလို မှောင်နေမှာပဲ
လူ့ဘဝဟာ
သွေးကြောထဲ အပ်ဝင်သွားတဲ့ ကိစ္စလို့ပဲ သိနားလည်လွဲခဲ့ကြတာကိုး
တကယ်က အပ်ထဲ သွေးကြောတိုးဝင်သွားတဲ့ ကိစ္စမှန်း သိနားလည်ရန်မစွမ်းရှာခဲ့ဘူး
အပ်ဝဋ်ကျွေးတခုစူးဝင်နေခြင်းမှာ
အပ်ကို လူက သုံးတယ်လို့ပဲ  လူဘိန်းစားက ခရီးတလျှောက်လုံးကြာ စွဲစွဲမြဲမြဲ သတ်မှတ်ထားခဲ့တာ
လူကို အပ်က သုံးသွားတာလို့ လူဘိန်းစားကို အပြီးနောက်ဆုံးမှာ လဲလဲကွဲကွဲ ထသတ်သွားခဲ့မှန်း
ဒီမှာ အပ်တန်းလန်းနဲ့သေနေတဲ့ ဒီလူ့ဦးနှောက်ကြီးက လိုက်မတွေးကြည့်နိုင်တော့ဘူးပေါ့
မျိုချထားတဲ့ အဆိပ်ဆူးစေ့လေး အပင်ပေါက်လာတော့ နှလုံးအိမ် ဗဟိုချက်ပေါက်ထွက် လွင့်စင်
မိုင် ၃၀၀ အားနဲ့ ဝင်လာတဲ့ လေမုန်တိုင်းပြင်းကို ၃ မိနစ်နဲ့ ရှူသွင်းဖျောက်ဖျက်ပစ်လိုက်ရတဲ့ လူ့အဆုတ်လို
လူရုပ်မပေါက်တော့တဲ့ လူ့အဓိပ္ပါယ်တွေဟာ ပါးစပ်အမြှုပ်ပြန်
မျက်လုံးဆံပြူးထွက် သေခဲ့ကြရပြီဒီလောကရွှေတိဂံနယ်မြေမှာတော့ စနစ်ကျစွာ ဘိန်းပန်းတွေဟာလည်း၊
အပွင့်လှစွာ စိမ်းလန်းဝေဆာမြဲပါ၊ ဒီနယ်မြေထဲမှာ နန်းစိုက်တည် ဘိန်းချက်ဖြန့်ချီနေတဲ့ ဘုရားသခင်ဘိန်းဘုရင်ရဲ့ အမည်ဟာလည်း
လူအမေရိကန်ဘိန်းစားအစိုးရက ဖမ်းဝရမ်း ထုတ်ထားတဲ့ ခွန်ဆာဆိုလား လော်စစ်ဟန်ဆိုလားဒီအကြောင်းစာသားတွေဟာ ဘုရားသခင်ရဲ့ သမ္မာကျမ်းစာထဲမှာ အတိအကျဖော်ပြထားတယ်လို့
သာမန်လူဘိန်းစားတို့ မသေခင်က ကောင်း ကောင်းလာပြီဆိုရင် ဝေဖန်ကြ လေကန်ကြ ငြင်းခုန်ကြရဲ့
(ဘိန်းစားက ဘိန်းဘုရင်ကို မတိုက်ဖျက်နိုင်ဘူး) ဆိုတဲ့ သီ
တကယ်ပဲ လူဟာ ဘုရားသခင်ရဲ့ မေတ္တာကို အားထား မှီခို သုံးစွဲ ရှင်သန်နေရတာ ဆိုရင်
ဘိန်းဘုရင်ဟာ ဘိန်းရဲ့ပြင်းအားကို အဆများစွာ လျော့ချ ထုတ်လုပ်ဖြန့်ချီသွားသင့်တာပေါ့
အခုတော့ လူကို တဘဝလုံး ဘိန်းစားဖြစ်အောင်လုပ်ပြီးမှ အပ်တန်းလန်းနဲ့ အသက်နှုတ်သွားတယ်
ဆိုတော့ကာ
ဘိန်းစားဟာ ဘိန်းဘုရင်ကို အမြစ်ဖြတ်ချိုး အပျောက်ဖြောက်သင့်တဲ့ အယူအဆဟာ တရားသလိုပဲ
ဘိန်းစားဟာ ဘိန်းဘုရင်ကို ချစ်မြတ်နိုး စောင့်ရှောက်သင့်တဲ့ အယူအဆဟာလည်း မမှားလေဘူး
ဒီယူဆချက် ၂ချက်စလုံး ဆောင်ရွက်ဖို့ရာ ဘိန်းစားဟာ ဘိန်းလိုအပ်နေတဲ့ အခက်အခဲက ပြဿနာ
ဒီတော့ကာ
လူဘိန်းစားက ဘုရားသခင်ဘိန်းဘုရင်ကို မတိုက်ဖျက်နိုင်ဘူး ဆိုတာ လက်တွေ့ မှန်ကန်လျှော်ကန်
ဆက်၍တန်ပြန်တော်လှန်မယ်ဆိုရင်တော့
ဘိန်းစားရဲ့နှလုံးသားစံဗိမ္မာန်အား အပြည့်အဝ  စိမ်းကားတဲ့အမုန်းအားရန်စိတ်ဒဏ်များ ဖြည့်ချထားပြီး
ဘိန်းကို ဖြတ်မလား ဘိန်းဘုရင်ကို သတ်မလားဆိုတဲ့
ပြတ်သားတဲ့ ရန်သက်သက်ပြုသွားရေးနဲ့ တိုက်ရိုက်ထိန်းချုပ်ထားတဲ့ ဗျူဟာကို စိတ်ချလက်ချဆွဲ
မရပ်နားတဲ့ အကြံပက်စက်မှုများပေးလျှက် တိုက်ခိုက်သိမ်းရုပ်သွားမဲ့ လူဟာ ပို စိတ်ဓါတ်ရက်စက်ရမဲ့ပွဲမှာ
လူ့ဖြစ်တည်ခြင်းတွေအဆိပ်မပျယ်ခင် ဘိန်းကွဲနေတုန်းမှာ၊
သူ့စိုးမိုးကုန်းအဓိပ္ပါယ်ကို၊ ကျားထိုးတက်ကာတက်သိမ်းပိုက်ထားရစ်ကြ
တိုးတက်လာတဲ့ ဘိန်းစားခေတ်သစ်မှာ ဘုရားသခင်ဘိန်းဘုရင်ကို ဘိန်းထိုးစိုက်သတ်မယ်
နောက်ထပ် လုံးဝ မပွင့်တော့မဲ့ အစိမ်းလန်းဆုံး နောက်ဆုံးဘိန်းပန်းခွေတွေနဲ့ ဈာပနချပြီး
နောက်ထပ် လုံးဝ မရှိတော့မဲ့ အငြိမ်းချမ်းဆုံး နောက်ဆုံးအပ်ကို လက်ကြောလှိုင်းမှာ ထိုးစိုက်သွင်းကြ
သမိုင်းဆက်ရဲ့ ဆိုးမိုက်ခြင်းများမှန်သမျှ အနာဂတ်ယင်း လာမထကြေးမို့ လက်မြဲကြစို့
ကိုယ့်ဘဝသွေးနဲ့ကိုယ် သန့်သန့်လေး ကွဲတတ်ဖို့ လူ့ဒဿနပဲ များများလိုတယ်
တကယ်ဆို လူတွေဟာ
လူသားဆိုတာ ဝယ်သုံးတဲ့ ငချွတ်ဘိန်းစားလေးမှန်း၊
ဘုရားသခင်ဆိုတာ လုပ်ရောင်းတဲ့ ဧရာမဘိန်းစားကြီးမှန်း၊ သိထားခဲ့ပေမဲ့
သူဘယ်လောက် လစ်မစ် သုံးစွဲနေခဲ့မှန်း မခန့်မှန်းလိုက်နိုင်ခဲ့တဲ့အပြင်
သူ့စိတ်ကြိုက် တင်ရောင်းချနေတဲ့ ဒီဆေးရုံမှာ OverDose ဖြစ်သေခဲ့ဖူးတဲ့ လူ့ဝိညာဉ်တွေဟာလည်း
သူ့ကို ပြန်လှန် မချိုးရဲဘူး
သံခြံစည်းရိုးထဲ ထူးခတ်ထားတဲ့ ဒီစိတ်နဲ့ သံစဉ်မှန်ဘဝတေးသွားတပုဒ်ကိုလည်း ရအောင်လုပ်ဆိုရင်း
ကြိုးတင်းနေတဲ့ ငါ့ဦးနှောက်အကြောင်းတွေ မကြာခင် နေအကောင်းအတိုင်းဖြစ်လာတော့မှာမို့
ဘုရားသခင်ကို တမင်တကာ ကျောခိုင်းထားဖို့ပဲလိုတယ်။   ။

သုအိုင်စံ
၀၃-၀၉-၂၀၁၃


http://soneseayar.blogspot.com/

Posted by Arakan Man on 9/06/2013
categories: | edit post

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ