Related Posts Plugin for WordPress, Blogger...

ကျနော်တို့ ရှာနေတာ အလင်းပါ
သိပ်ကြာပြီ
စဉ်းစားနေခဲ့မိသည် အခါခါ
မေ့သွားလေခဲ့မိသည် အခါခါ
ဒါဟာ တွေ့တောင် တွေ့နိုင်ပါ့တော့မလားပဲ
တလောကလုံးလည်း မှောင်မဲနေတယ်လေ
ပြတင်းပေါက်တွေဆီ ရောက်ဖို့ဆိုတာ
ရပ်စောင့်နေကြလို့ မဖြစ်ဘူး
ထပ်လျှောက်နေမှ ဖြစ်မှာလေ
ဒါပေမဲ့ဗျာ
လူရဲ့ ဥာဏ်အလင်းအားဟာ
မိုးမှသောက်တတ်တော့ရဲ့လားလို့
ကျနော်တို့ မဟာသံသယကြီး ဖြစ်မိတယ်
ကမ္ဘာကြီးဟာ လည်နေတုန်းပဲလား
ပြတင်းတခါးတွေ မပွင့်တော့ဘူးလား
သတင်းစကားတွေ မသစ်တော့ဘူးလား
ဒီစကားလေးတောင် ခင်ဗျားတို့ မကြားဘူး
အမှောင်ထဲမှာ ထွဋ်မြတ်ခြင်းဟာ ကူးလွင့်နေသည်
ဘောင်ထဲမှာ လွပ်လပ်ခြင်းဟာ ဖူးပွင့်နေသည်
အောက်ဆီဂျင်မဝတဲ့ လူ့အတွေးအခေါ်မျိုးဟာ
လူ့တန်ဖိုးအရိုးပေါ် သူ့ဒဏ်ဆိုးအရေတင်လို့
ကျုပ်တို့ဟာ ဝဋ်ကမ္မဌာန်းကျင့်နေတာ မဟုတ်ဘူး
လူသား စစ်မှန်စွာနဲ့ လုပ်ရဖို့ လမ်းထွင်း ဖေါက်ကားနေတာ
သူ့ ပုစ္ဆာအား ဆက်လေ့လာ စစ်ဆေးသွားမယ်
မူတရား ကျင့်ကြံရာရဲ့ လုံ့လတို့ လှမ်းရင်း ရောက်သွားလေရာ
သူ့ အလုပ်ကမ္ဘာအား ဆက်၍သာ အသစ်မွေးဖွားမယ်
အထူအပါး အပွင့်သန်မာလျှက် ရုပ်လှလို့ ပန်းခင်းပေါက်ဖွားစေကာ
သူ့ ရုပ်သဒ္ဒါတရား ဖက်ပွေ့ကာ အစစ်မွေးသွားမယ်
လူအများ လွင့်ပျံလာတဲ့ လုပ်ရပ်တို့ စမ်းတွင်းပေါက်သွားနေရာ
သူ့ သမုဒ္ဒရာများ လက်တွေ့မှာဖြစ်ရေးအား ရည်ရွယ်ပေတယ်
လူ့ဘဝရဲ့ ဖြစ်တည်ခြင်း တပ်စွဲနယ်မြေတလျှောက် အနှံ့အပြားမှာ
သူ့တပ်ရင်း တပ်ခွဲတွေကို ထောက်ပံ့သွားနိုင်မဲ့ ရိက္ခာအားက မရှိ
တပ်ကိုပြောင်းရွှေ့ခွင့်အမိန့်  မရသည့်ဖြစ်တည်ခြင်းနဲ့ လူဟာ
ထွက်တိုက်ဖို့ ရန်သူလည်းမရှိ၊ ထွက်တိုက်နိုင်သည့် ဗျူဟာလည်းမရှိပါ
အမှောင်ထဲမှာ၊
ကိုယ့် သေနတ်ပြောင်းဝကို ကိုယ့်နားထင်နဲ့  ပြန် ပြန် စမ်းကြည့်နေမိတဲ့
ကမ္ဘာ့စိတ်ကျစစ်လူသားတွေ။   ။

သုအိုင်စံ
၀၅-၀၉-၂၀၁၃


http://soneseayar.blogspot.com/

Posted by Arakan Man on 9/06/2013
categories: | edit post

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ