Related Posts Plugin for WordPress, Blogger...

(ပုံရိပ် ၁)
တာဝန်ကြေ စပါးတွေ အခွန်ဆောင်လိုက်ပြီးတဲ့အခါ
စပါးကျီဟာ အခွံပဲ ကျန်ခဲ့ပါသတဲ့
ဝမ်းစာမဲ့ လယ်သမားဟာ ဆွဲယူ ချေးငှား အတိုးလျှောက်စား ပေါင်နှံ
နောက်တမိုးရောက်သွားတော့ သောကတွေပဲဗွက်ပြန်ထ ဒုက္ခတွေပဲရေလျှံကျတယ်။

(ပုံရိပ် ၂)
တနေကုန်အလုပ်ကြမ်းဆင်းမှ အဲဒါကို တနေ့စား တောင်ယာခင်းနေ့စားဟာ
အမေ့ပုံနွမ်း အဆင်းမလှတာကို မတွေ့အား၊ နာခြင်းကိုပါ မေ့ထားပါရဲ့
အဲဒီ ကိုယ်ကာယယန္တယားကြီး အဖျားတက်တဲ့အခါဝယ် ဆေးဖိုးဆေးခ မရှိ
ဘယ်လိုရှာရမှန်းမသိ တအားမျက်နှာငယ် အကြွေးတိုးချေးရမိပြန်ရှာတယ်
သံသရာလည်နေတဲ့ ဒုက္ခသုက္ခဝဲလည်စုပ်ဆွဲ အလုပ်ကလည်း ပြုတ်ရပြန်တယ်။

(ပုံရိပ် ၃)
ဒီလောကမှာ ကိုယ်ထိုင်နင်းနေတဲ့ ဆိုက်ကားကို ကိုယ်မပိုင်ကြဘူး
ဆိုက်ကားစားဦးပြီးမှ ဆိုက်ကားသမားစားရတဲ့ လုပ်အားခကိုမှ
ဝမ်းစာထမင်းအတွက်တဝက်သုံး ခါးနာခြင်းအတွက်တဝက်သုံး
ဘဝက မူလီပြုန်း ကျွတ်ပါး ဘယ်လိုကြောင့်မှ ဂွေခွင်သွားလို့မရတဲ့ ဘီးဟာမှောက်တယ်
ဒီလောကထဲ ကျင်လည်နေတဲ့ ဒီခြေထောက်တွေ ဘယ်လောက် လျှောက်လျှောက် ဘယ်ကိုမှ မရောက်ဘူး။

(ပုံရိပ် ၄)
အလုပ်ထဲမှာ အုပ်ခဲပြားတွေ ကုန်သွားမှာကြောက်ကြတဲ့ ပန်းရံသမတွေဟာ
အထုပ်ထဲမှာ ပြုပ်ခဲထားတဲ့ ဆန်ကျိုးထမင်းတွေ ကုန်သွားမှာလည်းကြောက်တတ်တယ်
တခြားမြေမှာ ဒါတွေက စက်ဝန်ချီအားနဲ့ပြီးတဲ့ကိစ္စ၊ ဒီမှာတော့ သနပ်ခါးပြင် ချွေးစီးဖြတ်တယ်
တနေကုန်ရင် ဗွက်ထူထူ လမ်းတွေပေါ်လျှောက်ပြန် ပင်ပန်းဒဏ်ကို တဲအိုနံရံမှာချိတ်...အိပ်စက်
အိပ်မက်ဆိုးထဲမှာ ဆောက်ခဲ့ဖူးတဲ့ တိုက်မြင့်မြင့်ဖြူဖြူကြီးတွေပေါ် ဝဲပျံပျော်ပါးလျှက်
ကိုယ်ဟာ ကိုယ့်အတွက်တောင်မှ အုပ်တချပ် သဲတပွင့် ဖြစ်ခွင့်မရခဲ့တဲ့ ဗိသုကာတွေ။

(ပုံရိပ် ၅)
သူလိုကိုယ်လို သာမာန်ဘဝတွေရဲ့ ဒီချည်မျှင်နဲ့အထည်စက်ရုံထဲမှာ
ကိုယ်ဖြစ်ချင်တာက ဆက်ပန်းထိုးအကျီတစရဲ့ ဖွဲ့စည်းပုံနဲ့ အတွဲအစပ် အလှအပ
ကိုယ်ဖြစ်နေတာက ယက်ကန်းထိုးသွင်းချည်တစရဲ့ ပျက်စီးကုန်တဲ့ အကွဲအရှ အစအန
ဒီလိုပါ ဘဝကို ပြန်ပြန်ကောက်ရင်း လွန်းတင်းယက်ငင် ဘုံဒုက္ခထဲ အသက်ဝင်ရှင်ပေးထားရ
ငယ်စဉ်က ဆေးသားစပျယ်လွင့် အထည်မဖြစ်သော ကြီးရင့်ခဲ့တဲ့ ပြည်တွင်းဖြစ်ဘဝတွေ။

(ပုံရိပ် ၆)
ကျုပ်မှာက ဆေးပညာရှိတယ် ဆေးဝါးမရှိဘူး
ခင်ဗျားမှာက ရောဂါရှိတယ် ပိုက်ဆံမရှိဘူး
ဆေးရုံမှာက ပြဿနာရှိတယ် ဖြေရှင်းချက်မရှိဘူး
ကဲ ခင်ဗျားရဲ့ ရှင်သန်နိုင်ရည်အား ရှိသလောက် ရှင်နိုင်ပါတယ်
ကျုပ်ရဲ့ သေနေတဲ့အကြင်နာတရားအတွက် ဝမ်းနည်းပါတယ်။

(ပုံရိပ် ၇)
အလုပ် မလုပ်ရတဲ့ သံဃာတော်တွေဟာ အခွန်မပေးရဘူးပေါ့
ဆွမ်းဦးလေးတော့ ဘုန်းတော်မူပါ ဘုရား
ဤသံသရာ ဝတ်ဆင်းရဲမှ လွတ်ကင်းလွဲရပါလို၏
တပည့်တော် တပည့်တော်မတို့ အမြဲတမ်း အငတ်ခံထားသည့် သည်သဒ္ဒါကြောင့်
ဘုရား မ စောင့်မ ရင်နေပါ ငရဲ မကျရောက်ရင် တော်ပြီ။

(ပုံရိပ် ၈)
 သေနတ်ပိုက်ပြီး စစ်မတိုက်ရတဲ့ စစ်သားဟာ အခွန်မပေးရဘူးပေါ့
ပြည်သူ့မသဋာရေစာတော့ အမုန်းခံ လုယူသိမ်းဆောင် ဓါးပြတိုက်ရတယ်
တပ်မတော်မိုက်ကြီးကို ပိုမိုထွားကြိုင်းမိုက်ရိုင်းအောင် ကြံဆောင် ပျိုးထောင်
လူ့အခွင့်အရေးလို့ အော်တဲ့ အဲဒီကောင်တွေကို တစ်ယောက်မကျန် ပစ်သတ်ထား
ဟား ဟား ဟား ကျည်ဆံဆိုတာ အဲဒီကောင့် လုပ်အားခနဲ့ ဝယ်ထားတာ။

(ပုံရိပ် ၉)
၁၀ တန်း တံခါးတွေ အလုံးအရင်း ပွင့်ပြိုလို့ ထွက်လာတယ်
တက္ကသိုလ် တံခါးတွေ လုံးလုံးငြင်းဆို ပိတ်ဆို့လို့ ထားတယ်
ဘယ်သွားရမှန်းမသိတဲ့ ကျောင်းသားလူငယ်ဟာ အရက်ဆိုင်ထဲ ဝဲလည်နေတယ်
ဘာလုပ်ရမှန်းမသိတဲ့ ဘဝပညာရေးဟာ အရက်ဆိုင်ထဲ ပစ်ပုံ လဲနေတယ်
ဘာကြောင့်လဲ လူ့ငယ်ဦးနှောက်နဲ့ စဉ်းစားလိုက်တော့ သူပုန်ဖြစ်တယ်။

(ပုံရိပ် ၁၀)
ငါတို့က လက်ရှိခေါင်းဆောင်တွေပဲ ငါ့တို့ခေတ် ငါ့တို့လက်ထက်မှာ ငါတို့ လုပ်ချင်တာလုပ်သွားမယ်
ငါတို့က အတိုက်အခံပဲ အစိုးရ မှန်မှန် မှားမှား ဘာဖြစ်ဖြစ် ပြောင်းပြန်ပဲ လုပ်ဆောင်သွားရမယ်
ငါတို့က သာမာန်ပြည်သူတွေပဲ ဘာလုပ်လုပ် ဘာဖြစ်ဖြစ် ခေါင်းလွှဲမျက်ပိတ်နေလိုက်မယ်
ငါတို့လား အဲဒါဟာ မှားနေမှန်းသိတယ် ငါတို့ဘဝကို မထိသေးတော့ ရပ်ကြည့်နေလိုက်မယ်
ငါတို့တိုင်းပြည်လား...မွဲလို့ မဝသေးလို့ ပြည်သူလူထုပိုင် ရှိတာတွေကို ရောင်းစားပစ်ကြမယ်။

အထက်ပါ ပုံရိပ် (၁၀) ခု သည် အောက်ပါ ဝါကျ (၁၀) ခု တို့အား ဆက်ဖြစ်စေ၏
(၁) တိုင်းပြည်ထဲမှာ အလုပ်ကြမ်းဒဏ်ပိတဲ့ ခလေးအဖေတွေ အမြန်သေလျှက် ပျောက်သွားရှာတယ်။
(၂) တိုင်းပြည်ထဲမှာ ရုပ်ကြမ်းသဏ္ဍာန်ရှိတဲ့ ခလေးအမေတွေ ကျန်နေခဲ့ မြောက်များလာတယ်။
(၃) တိုင်းပြည်ထဲမှာ အစားအစာ ရှားပါးနေတဲ့အခါ မွေးလာသူတွေဟာ မဖြစ်သင့်ပဲ မျိုးဆက်လိုက် အရပ်ပုကုန်တယ်။
(၄) တိုင်းပြည်ထဲမှာ အဖျားအနာ များပြားနေတဲ့အခါ ဖျားနာသူတွေဟာ မသေသင့်ပဲ မျိုးဆက်လိုက် အသေမြန်ကုန်တယ်။
(၅) တိုင်းပြည်ထဲမှာ ဘုရားမရှိတဲ့ကျောင်းဆောင်တွေလည်း ခြစားနေတယ် တရားမရှိတဲ့ ခေါင်းဆောင်တွေလည်း ခြစားနေတယ်။
(၆) တိုင်းပြည်ထဲမှာ ဆေးကျောင်းက ဆရာဝန်တွေ မွေးထုတ်ပြီး နိုင်ငံက ဆေးဝါးမထုတ်တော့ နိုင်ငံခြား အငှားလိုက်ကုန်တယ်။
(၇) တိုင်းပြည်ထဲမှာ သံဃာတော်တွေဟာ အပျင်းကြီပြီး တရားဂေါက် ဂေါက်ကာ မျိုးစောင့်ဥပဒေတွေ လျှောက်လုပ်ကုန်တယ်။
(၈) တိုင်းပြည်ထဲမှာ စစ်သားတွေဟာ စစ်မတိုက်ပဲ အပျင်းကြီပြီး အာဏာသုံး အချောင်ရမဲ့ အကွက်တွေကိုပဲ ဂွင်ရှာနေတော့တယ်။
(၉) တိုင်းပြည်ထဲမှာ တိုးတက်တဲ့ ပညာရေးမလုပ်ရတဲ့ လူလေကျောင်းသားက တိုးတက်တဲ့ နိုင်ငံရေးလုပ်တယ် သူပုန်လုပ်တယ်။
(၁၀) တိုင်းပြည်ထဲမှာ အာဏာရထားသူက အာဏာပဲပြတယ် အတိုက်အခံက တိုက်ပဲတိုက်တယ် အလုပ်မလုပ်ပဲ ညာနေကြတယ်။

အထက်ပါတို့သည် စစ်အစိုးရ ပစ်ချချိုးထားရစ်သာ အနှစ်ဆိုး ၂၀ ကျော် မြန်မာပြည်ဖြစ်၍
အောက်ပါတို့သည် အသစ်အစိုးရ ချစ်မြတ်နိုးသွားသင့်သော အကျင့်မျိုး ၁ အနာဂတ် ဖြစ်သည်။

(၁)
ကြီးပွားရေးဖြစ်မဲ့ စီးပွားရေးစနစ်မျိုး ကျန်းမာရေးစစ်တဲ့ ကျန်းမာရေးစနစ်မျိုး
ဒီနိုင်ငံ ဒီလူမျိုးအတွက် အစချပျိုးပါ တည်ဆောက်ပါ
ဒီနိုင်ငံ ဒီလူမျိုးရဲ့ ဘဝကဆိုးတာ ဒီလောက်မှာပဲ ရပ်ပစ်ပေးပါ
ချစ်နိုင်ငံကြီးခွေးဖြစ်ခဲ့တဲ့ စစ်နိုင်င်ငံရေးစနစ်ကြီးရဲ့ အသုဘမှာ
လူ့ဘဝသစ်တခု စမယ် (တည်တည်ကြည်ကြည်) (မှန်မှန်ကန်ကန်) (စိမ်းစိမ်းလန်းလန်း) (ငြိမ်းငြိမ်းချမ်းချမ်း)
အရမ်းလိုအပ်လာရင်
ပြည်သူ့ရဟန်းတို့ သင်္ကန်းချွတ် အလုပ်လုပ်ကြမှာလား ပြည်သူ့စစ်သားတို့ ယူနီဖောင်းချွတ်
အလုပ်လုပ်ကြမှာလား
တရားသဖြင့်။   ။

သုအိုင်စံ
၃၁-၀၈-၂၀၁၃


http://soneseayar.blogspot.com/

Posted by Arakan Man on 9/06/2013
categories: | edit post

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ