Related Posts Plugin for WordPress, Blogger...

သြော်..သြော်..သြော်..
လျှပ်စစ်မီးတွေ လင်းလင်းထိန်သာနေတာက နေပြည်တော်..

လျှပ်စစ်မီးတွေ မှောင်နေတာက ဘာမြို့လဲဗျို့...
လျှပ်စစ်မီးတွေ မှောင်နေတာက ဘယ်သူ့မြို့လဲဗျို့...
လျှပ်စစ်မီးတွေ မှောင်နေတာက ဘယ်သူတွေနေတဲ့မြို့လဲဗျို့...
ကျုပ်တို့မြို့ဗျလို့
လူတိုင်းက ဒေါသဖြစ် အော်ဟစ် ဖြေတယ် (ပီပီသသ)
ငါ့ရင်ကို ညီညီမျှမျှ ထိထိရှရှခွဲ...ပြည်တွင်းဖြစ်အသဲ ဟက်တက်ကွဲပဲ...

မြန်မာမလေးတွေရဲ့ ပါးလွှာပြင်ပေါ်မှာ
သနပ်ခါးကို ဖွေးဖွေးဖြူနေအောင် လိမ်းပျိုးထားရမယ်လို့
အလှအပရိုးရာ တာဝန်ကျေနေကြသလိုမျိုး...
ခေတ်ပေါ် မြို့ပြ ကျေးလက် မြန်မာ့ညတွေဟာ
အမှောင်ကို မဲမဲနက်နေအောင် လိမ်းဆိုးထားရမယ်လို့
အစိုးရဆိုးတို့ရဲ့ တာဝန်တွေကျေနေကြတာလား...ဂေါက်နေကြတာလား၊
တောက်...
စောက်တရုတ်ပြည်မကြီးထဲ စီးဝင် ကိုယ်ရောင်ဖျောက်သွားနေတော့မဲ့
တောင့်တောင့်ကောက်ကောက်ကြီး ဆန်တက်သွားတဲ့ ဂက်စ်ပိုက်လိုင်းကြီးကို
လိုအပ်တဲ့အသိအားကလွဲရင် အရာရာပိုနေတဲ့ ငါ့ခေါင်းကြီးနဲ့ပဲ ပြေးရိုက်လိုက်ချင်မိ
ကြည့်စမ်းပါ...
((ရှိသမျှညတွေမှာ ငါဟာ မကန်းဘူးကွ...ရှိသမျှဘဝတွေမှာလည်း ငါ ဘာမှမမြင်ဘူး))
မြန်မာဆိုတာ
မွေးမွေးချင်းမှာပဲ ခြေထောက်ဆူးစူးနေတဲ့ လူသတ္တဝါကမ္ဘာသားလား...
မထူးဆန်းပါဘူး၊ ကမ္ဘာထဲ ငါ ဘယ်ကိုမှလည်း မသွားဖူးပါဘူး
ငါ့မျက်လုံးကို အလင်းစူးတဲ့ဒဏ် ငါမခံနိုင်လို့ပါ
ကဲကွာ..
(((ဘယ်မှာလဲ ဒါကို ဝမ်းနည်းရမဲ့ ငါ့အသဲ..)))
တကောင်စံတည်းပဲ စွန်ရဲလိုဗျာ သိပ်ပြီးပွဲစည် ရှင်ဆဲ ဒီ ဘဝမှာ...
၂တောင်ပံတည်းပဲ စွန်ရဲလိုဗျာ သိပ်ပြီးမွဲသည် ရင်ထဲ ဒီ အရသာ...
အမှောင်ယံထဲပဲ စွန်ရဲလိုဗျာ အိပ်ပြီးလဲသည် အစဉ်အမြဲ တည် ထာဝရပါ
ငါဟာငါ့ကျွန်ငရဲပါ...ငါ့နိုင်ငံထဲမှာ...

ငါက ရှိတဲ့ မျက်လုံးကို မသုံးဘူး ရောင်းစားပစ်လိုက်တယ်
ငါ့တိုင်းပြည်က ရှိတဲ့ လျှပ်စစ်မီးကို မသုံးဘူး ရောင်းစားပစ်လိုက်တယ်
ငါ့အစိုးရက ငါ့ပြည်သူတွေကို အလင်းမသုံးပဲ မှောင်မိုက်ခိုင်းပစ်လိုက်တယ်
မြန်မာဆိုတာ ဖြူသလား မဲသလား ကောင်းသလား ဆိုးသလား လှသလား ကြမ်းသလား
ပြည်တွင်းဖြစ် ငါ့ နောင်လာနောက်သားတို့ ကိုယ့်ကိုယ်ကိုယ် ဘာမှ ပြန်မမြင်ကြရတော့
တခြားကမ္ဘာသားတွေက မြန်မာငါ့ကို အရာရာ မြင်နေပါကြောင်း..ဘာတခုမှ မကောင်း၊၊ တဲ့။
လိမ်ရောင်းစားလိုက်ကြတော့ဟေ့..လိမ်ရောင်းစားလိုက်ကြတော့ဟေ့..လိမ်ရောင်းစားလိုက်ကြတော့ဟေ့
ငါတို့မျက်လုံးတွေကမှ မတွေ့နိုင်တော့တာ
အာဏာရှိသူမှာ ဦးခေါင်းမရှိတဲ့ ဒီ ပြဿနာ ဒီ အကြိတ်အထွေးများ
ငါ့မြန်မာကို ပြာဖြစ်စေတဲ့ အဆိပ်ဆေးပြား၊ ငါ့မသဒ္ဒါကို ဖာဖြစ်စေတဲ့ အတိတ်အကြွေးများ၊
စိတ်သွေးသားကို ချွတ်လှန် ဖွတ်လျှော်ရန်အတွက်
ဇွတ်တော်လှန်မဲ့အသိတရား မွေးဖွားကြည့်လိုက်စမ်းပါ မွေးဖွားကြည့်လိုက်စမ်းပါ
ချစ်သော ငါ့ ညလူကန်းများရေ...
ဘာလဲ....ဧရာဝတီမြစ်ကြီး ပျောက်ခမ်းသွားနိုင်တာကို ထိုင်ကြည့်နေကြဦးမလို့လား။   ။

သုအိုင်စံ
၀၆-၀၉-၂၀၁၃

http://soneseayar.blogspot.com/

Posted by Arakan Man on 9/06/2013
categories: | edit post

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ