Related Posts Plugin for WordPress, Blogger...

From : ..the voice
သာသနာ ညှိုးနွမ်းစေမှုဖြင့် ထောင်ကျခံရပြီး ပြန်လည် လွတ်မြောက်လာသူ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးသည် ထောင်မှလွတ်ပြီး ရှစ်ရက်အကြာတွင် သံဃာယောင်ဆောင်၍ အလှူခံမှုကြောင့် အင်းစိန်မြို့နယ် ပိန္နဲကုန်း ရပ်ကွက်တွင် စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၃ နာရီ ခန့်က သာသနာ ညှိုးနွမ်းစေမှု ပုဒ်မဖြင့် ထပ်မံအဖမ်းခံရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

မသင်္ကာ၍ ဖမ်းဆီးခံရသူ အသက် ၅၀ အရွယ် ဦးအောင်ဇော်လတ်ကို ဒလမြို့နယ် တရားရုံးက ပြစ်မှု ပုဒ်မ ၂၉၅-က ဖြင့် ၂၀၁၂ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ် ကျခံစေခဲ့သော်လည်း ၎င်းမှာ လျှော့ရက်ဖြင့် ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာသူ ဖြစ်ကြောင်း ပိန္နဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ခန္ဓာကိုယ်မှာ ဆေးမင်ကြောင်တွေနဲ့ အိမ်ထဲကို ခွင့်မရှိဘဲဝင်ပြီး အလှူခံတာကို အိမ်ရှင်တွေက မသင်္ကာလို့ တိုင်တာပါ။ သံဃနာယက အဖွဲ့နဲ့အတူ ခေါ်စစ်တော့ ထောင်ထွက် လက်မှတ်နဲ့ ဘုန်းကြီးအစစ် မဟုတ်မှန်းသိရလို့ သံဃာလေးပါးနဲ့ သိက္ခာချ လူဝတ်လဲပြီး အမှုဖွင့်ထားပါတယ်” ဟု ၎င်းကထပ်မံရှင်းပြသည်။

အဆိုပါ သံဃာယောင်ဆောင်၍ ဖမ်းဆီးခံရမှုကို ရဲအရေးမပိုင် အမှတ်စဉ် ၅/၁၃၊ ပုဒ်မ ၂၉၅- က အမှုဖွင့် စစ်ဆေးနေပြီး အင်းစိန်မြို့နယ် တရားရုံးသို့ ရုံးဖွင့်ရက်တွင် တရားစွဲ တင်ပိုသွားမည်ဟု အင်းစိန်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

 .. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ