Related Posts Plugin for WordPress, Blogger...

From : ..7day

ကလေးငယ်ကျောကုန်းမှမီးလောင်ဒဏ်ရာ ဓာတ်ပုံ - Hinthada Humanright 
လူငယ်တစ်ဦးက ဓာတ်ဆီပုလင်းကိုင်၍ လမ်းသွားလမ်းလာများအား ဓာတ်ဆီဖြင့်ပက်ကာမီးတို့သောကြောင့် တတိယတန်းကျောင်းသားလေးတစ်ဦး၏ ကျောကုန်းတွင် မီးလောင်ဒဏ်ရာ ရရှိသွားသော ဖြစ်စဉ်တစ်ခု ဟသာင်္တမြို့၊ အမှတ်(၁)ရဲစခန်းပိုင် နယ်မြေတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

““ဖြစ်စဉ်ဖြစ်ခဲ့တာ မှန်ပါတယ်။ ပြစ်မှုကျူးလွန်သူက တိမ်းရှောင်နေပြီး တရားဥပဒေအတိုင်း ဆက်လက်အရေးယူသွားမှာပါ”” ဟု ဟသာင်္တမြို့၊ အမှတ်(၁)ရဲစခန်းမှ အမှုစစ် ဒုရဲအုပ် အောင်စိန်မြင့်က ပြောသည်။ဟင်္သာတမြို့၊ မြ၀တီရပ်ကွက်တွင် စက်တင်ဘာ ၂၈ ရက် ညက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၁၆ နှစ်အရွယ် ကျော်ထက်ဝင်းဆိုသူက ယင်းရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ဆိုင်မှ ဓာတ်ဆီပုလင်းကိုယူကာ လမ်းသွားလမ်းလာများအား လိုက်ပက်ပြီး မီးခြစ်ဖြင့် လိုက်တို့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းလုပ်ရပ်ကြောင့် အသက် (၁၀) နှစ်အရွယ် တတိယတန်းကျောင်း သားလေးတစ်ဦး၏ ကျောကုန်းတွင် မီးလောင်ကျွမ်းကာ ဘေးပတ်ဝန်းကျင်တွင် နေထိုင်သူများက ၀ိုင်းဝန်းငြှိမ်းသတ်ပေးခဲ့ရကြောင်း မြ၀တီရပ်ကွက် မှ ရာအိမ်မှူး ဦးအောင်ကိုကပြောသည်။

ကျောကုန်းတွင် မီးလောင်ဒဏ်ရာရရှိသွားသောကလေးမှာ ဟသာင်္တပြည်သူ့ဆေး ရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ပြီး ဒဏ်ရာအခြေအနေ သက်သာသွားပြီဖြစ်ကြောင်း မြ၀တီရပ်ကွက် အုပ်ချုပ်ရေးမှူးဦးအောင်ကျော်သိန်းက ပြောသည်။

အဆိုပါအမှုကို ဟသာင်္တမြို့၊ အမှတ် (၁)ရဲစခန်းတွင် ပြစ်မှုပုဒ်မ ၃၂၄ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။ ကလေးချင်းစနောက်ရာမှ မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့ခြင်းကြောင့် မီးလောင်ဒဏ်ရာအား ပျောက်ကင်းအောင် ကုသပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေး တာဝန်ရှိသူများအနေဖြင့် ညှိနှိုင်းပေးစေလိုကြောင်း ပြစ်မှုကျူးလွန်သူ၏ မိခင်ဖြစ်သူ ဒေါ်ခင်အေးမူကပြောသည်။
.
. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ