Related Posts Plugin for WordPress, Blogger...

From : ..the voice


Photo:
တိုင်းရင်းသား လက်နက်ကိုင် အဖွဲအစည်း အသီးသီးနှင့် ပြည်ထောင်စု အစိုးရတို့အကြား ဆောင်ရွက်မည့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ရှင်းပြရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၄၀ ကျော် တွေ့ဆုံမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။

စက်တင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာ ငြိမ်းချမ်းရေး စင်တာ၌ ပြုလုပ်သည့် နိုင်ငံရေးပါတီ ၄၀ ကျော်နှင့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်းတို့ ဦးဆောင်သည့် အစိုးရအဖွဲ့တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆွေးနွေးပွဲတွင် ဦးအောင်မင်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ဆိုအပြီး နိုင်ငံရေး ဆွေးနွေးပွဲများ စတင်သည့်အခါ ပါတီများ၏ အခန်းကဏ္ဍမှာ များစွာအရေးပါလာပြီ ဖြစ်၍ မည်သို့ ပါဝင်ရမည်ကို တွေ့ဆုံရှင်းလင်းရန် သမ္မတဦးသိန်းစိန်က ညွှန်ကြားခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။
“ဒါပြီးရင် သမ္မတကြီးကိုယ်တိုင် တွေ့ပြီး အားလုံးရှင်းပြသွားဖို့ စီစဉ်နေပါတယ်” ဟု ဦးအောင်မင်းက ဆိုသည်။

နိုင်ငံရေးပါတီများနှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံရန် အစီအစဉ် ရှိသော်လည်း တွေ့ဆုံမည့် အချိန်အတိအကျကိုမူ မပြောနိုင်သေးကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။

မြန်မာနိုင်ငံသည် တပ်မတော် အစိုးရခေတ်မှ ဒီမိုကရေစီ အစိုးရခေတ်သို့ ကူးပြောင်းနေချိန် ဖြစ်၍ ရည်မှန်းချက်သို့ ရောက်ရှိရန် နိုင်ငံရေးပါတီ အားလုံးလည်း ပူးပေါင်း ပါဝင်ရန် လိုအပ်ကြောင်း၊ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ ရှေ့သို့ရွေ့ရန် အားလုံးဝိုင်းကူ တွန်းရမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ