Related Posts Plugin for WordPress, Blogger...

လွန်ခဲ့သည့်နှစ်မှ စတင်ခဲ့သည့် ဘာသာရေး၊ လူမျိုးရေးအခြေခံပြီး ပဋိပက္ခများ မြန်မာနိုင်ငံ ဒေသတော်တော် များများတွင် ဖြစ်ပေါ်ခဲ့ပြီး လူအများထိခိုက်ဒဏ်ရာရမှု၊ သေကြေဆုံးပါးမှု၊ နေအိမ်များ ပျက်စီးဆုံးရှုံးမှု၊ ဘာသာရေး အဆောက်အအုံများ ပျက်စီးခဲ့မှုရှိခဲ့သည်။

ပဋိပက္ခများနှင့်အတူ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း မယုံသင်္ကာဖြစ်မှုများနှင့် မလုံခြုံမှုများလည်း ပေါ်ပေါက် လာခဲ့သည်။ စက်တင်ဘာလ ၄ ရက်ကလည်းသင်္ဃန်းကျွန်းမြို့နယ် အစ္စလာမ်ဘာသာရေးကျောင်းတွင်လည်း မီးလန့်မှုဖြစ်ခေါ်ခဲ့ကာ ဖြစ်စဉ်ကိုစုံစမ်းရန် ဒေသအာဏာပိုင်များဖြင့် ကော်မတီတစ်ရပ်ဖွဲ့စည်းလိုက်ရသည်။
ကောလာဟလများ၊ သတင်းမှားများကလည်း မယုံသင်္ကာဖြစ်မှု၊ မလုံခြုံတို့ကို ပိုမိုမြင့်မားလာစေခဲ့သည်။

ထိုသို့ တစ်စတစ်စဟိုမှသည်မှ ဖြစ်ပေါ်လာသည့် ပဋိပက္ခများကိုမည်သို့ ဖြေရှင်းမည်နည်း။ သမ္မတဦးသိန်းစိန် ကမူ နည်းလမ်းလေးသွယ်ဖြင့် ဖြေရှင်းနိုင်သည်ဟု ဆိုထားသည်။

“ပထမဦးဆုံး စိတ်နေစိတ်ထားတွေကို ပြောင်းသွားဖို့လိုပါတယ်” ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် မြန်မာမီဒီယာများနှင့် တွေ့ဆုံစဉ်ပြောဆိုခဲ့သည်။ မှန်ပါသည် ယုံမှား သံသယများအတွက် စိတ်နေစိတ်ထားများ ပြောင်းလဲပစ်ရန်၊ ကိုယ်တိုင်အားထုတ်ကြဖို့ လိုအပ်ပါသည်။

သမ္မတကပညာရေးသည် ပဋိပက္ခဖြေရှင်းနိုင်ရန် ဒုတိယနည်းလမ်းဟုဆိုလိုက်ပြီး “ပညာရေးနဲ့ ပတ်သက် ပြီးတော့ အဆင့်အတန်းတွေမြှင့်ပေးမှ လူတွေရဲ့အသိစိတ်ဓာတ်တွေ တိုးတက်လာမှာ ဖြစ်တယ်။”

ပဋိပက္ခဖြစ်ပွားစေသည့် တတိယအချက်မှာအလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုဟု သမ္မတက ဆိုပြန်သည်။ “အခွင့်အလမ်းတွေလည်း နည်းပါတယ်၊ ဆင်းရဲ နေတယ်၊ မွဲတေနေတယ်ဆိုရင် ကိုယ့်ဘာသာနဲ့ ကိုယ်နေရင်း ထိုင်ရင်းနဲ့ကို ဒေါသဆိုတာ ဖြစ်နေတာပါပဲ။ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာအောင် အခြေခံအားဖြင့် ဒါတွေလုပ်ပေးဖို့လိုတယ်။”

သမ္မတက ကလေးမွေးဖွားမှု ထိန်းချုပ်ရန်အပါအ၀င် အထက်ပါပဋိပက္ခ ဖြေရှင်းနည်းလေးသွယ်ကို ဖနွမ်းပင် တွင် ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

ဒေသတစ်ခုအတွင်းနေ ပြည်သူများပညာရေးမြင့်မားနိုင်ရန်၊ အလုပ်အကိုင်များ ဖန်တီးရန်မှာ နိုင်ငံတော်အစိုးရ
နှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့တွင် တာဝန်အရှိဆုံးဖြစ်သည်။ မေးစရာမေးခွန်းများမှာ ပဋိပက္ခ ဖြစ်ပွားခဲ့သည့်
ဒေသများတွင်ပညာရေးမြှင့်တင်ပေးရန်၊ အစိုးရအနေဖြင့် မည်သည့်အတိုင်းအတာအထိ တာဝန်ယူဆောင်ရွက်
ပြီးဖြစ်သနည်း။ ပဋိပက္ခများထပ်မံမဖြစ်အောင် အလုပ်အကိုင်အခွင့်အလမ်းများအတွက် မည်သည့် ဆောင်ရွက် ချက်များ ဆောင်ရွက်နိုင်ခဲ့ပြီနည်းဟု မေးခွန်းထုတ်စရာရှိသည်။



မဇ္ဈိမသတင်းဌာန 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ