သင်္ဃန်းကျွန်းမြို့နယ်၊ (ခ) ရပ်ကွက်ရှိ အစ္စလာမ်ဘာသာရေးအ ထက်တန်းကျောင်းတွင်
စက်တင်ဘာ ၄ ရက် နံနက် ၂ နာရီခန့်က မီးလန့်သည့်ကိစ္စကို အမှုမှန်ဖော်ထုတ်ရန်
ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက စုံစမ်းစစ်ဆေးရေးအဖွဲ့
ဖွဲ့စည်းလိုက်ပြီဖြစ်သည်။
ဂျာမိအာဆိုသော
အဆိုပါအစ္စလာမ်ဘာသာရေးအထက်တန်းကျောင်း၏ ဓနိဖြင့်မိုးထားသော ခေါင်မိုးပေါ်သို့
အင်ဂျင်ဝိုင်စိုနေ သောအ၀တ်ပတ်ထားသည့် မီးတုတ်ပစ်တင်ခဲ့မှုနှင့်ပတ်သက်ပြီး
စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း လိုက်ခြင်းဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်ဖြစ်သူ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်ထွန်းက “ခေါင်မိုး
ပေါ်က
မီးတုတ်ကို ကလေးသုံးဦးအနက်တစ်ဦးက ကုတ်တက်ယူပြီး
အောက်သို့ပစ်ချပေးခဲ့တယ်ဆိုတဲ့ ထွက်ဆိုချက် ရှိပါတယ်။
မီးငြှိမ်းသတ်ခဲ့တယ်ဆိုတဲ့ အဲဒီကလေးသုံးယောက်နဲ့ပတ်သက်ပြီး စုံစမ်းနေဆဲဖြစ်
ပါတယ်” ဟု သတင်းထောက်များကိုပြောသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့တွင်
သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက အဖွဲ့ခေါင်းဆောင်အဖြစ်
တာဝန်ယူကာ၊ မြို့နယ်ရဲမှူးနှင့် မြို့နယ်မီးသတ်ဦးစီးမှူးတို့က
အဖွဲ့ဝင်များအဖြစ် တာဝန်ယူဆောင်ရွက် ကြမည်ဖြစ်ကာ စက်တင်ဘာ ၅ ရက်တွင်
သုံးသပ်အကြံပြုချက်များကို ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးထံ
တင်ပြရမည်ဖြစ်သည်။
ထိုကိစ္စဖြစ်ပွားသည်ကို သတင်းကြားသဖြင့်
နေ့လည်ခင်းတွင် သင်္ဃန်းကျွန်းမှ အောက်လွှတ်တော်အမတ် ဦးသိန်းညွန့်၊
ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲမှူးတို့ လာရောက်ကြည့်ရှုကာ
အခြေအနေများကို စုံစမ်း
မေးမြန်းခဲ့ကြသည်။
အခင်းဖြစ်ပွားခဲ့သော
အစ္စလမ်ဘာသာရေးကျောင်းတွင် ကျောင်းအိပ်ကျောင်းစား ကလေးငယ် ၂၇၀ ပင်
ရှိကြောင်း ကျောင်းအုပ်ဖြစ်သူ ဦးခင်အောင်ကဆိုသည်။ သူက “ဒီကိစ္စကို
စိုးရိမ်မှုမရှိတော့ပါဘူး” ဟု လည်း ထိုနေ့က ဆိုသည်။
ထို့ပြင်၎င်းတို့သည်
ယခင်ကတည်းက ပြဿနာများမရှိခဲ့သလို နောင်လည်းပြဿနာများမဖြစ်ချင်ကြောင်းနှင့်
ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ချင်သည်ဟု သတင်းထောက်များကို ရှင်းပြခဲ့သည်။
အောက်လွှတ်တော်အမတ် ဦးသိန်းညွန့်က အဆိုပါမီးလန့်မှုနှင့် ပတ်သက်၍လည်း အာဏာပိုင်များ၏
ဆောင်ရွက်နေမှုအား
ဘာသာရေးကျောင်းဆရာများနှင့် အစ္စလာမ်ဘာသာဝင်များ ကိုယ်တိုင် ကျေနပ်မှု
ရှိကြောင်းနှင့် သင်္ဃန်းကျွန်းတစ်မြို့နယ်လုံးတွင်
အေးချမ်းတည်ငြိမ်နေပြီဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။
လက်ရှိအချိန်တွင်
အခင်းဖြစ်သည့် ဘာသာရေးကျောင်းတွင် ရဲအရာရှိသုံးဦး၊ ရဲ ၁၀ ဦး၊ အရံမီးသတ် ၁၀
ဦးနှင့် ရပ်ကွက်အတွင်းမှ အုပ်ချုပ်ရေးတာဝန်ရှိသူ ၁၀ ဦးတို့ဖြင့်
လုံခြုံရေးယူထားသည်ဟုလည်း ရဲမှူးသက်ထွန်းက သတင်းထောက်များကိုပြောသည်။
မဇ္ဈိမ
RFI - Request for Inqulry
1 month ago

0 comments