Related Posts Plugin for WordPress, Blogger...

တတိယအကြိမ်မြောက် ၀ဿန်ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ ၄ ရက် နံနက် ၁၀ နာရီက ဗိုလ်ချုပ်
အောင်ဆန်းလမ်းမရှိ ၀ဇီရာရုပ်ရှင်ရုံတွင် ကျင်းပခဲ့သည်။

ယခုနှစ်၏ တတိယအကြိမ်မြောက်ကျင်းပသည့် ၀ဿန်ရုပ်ရှင်ပွဲတော်တွင် အရှေ့တောင်အာရှ Docum- entary ရုပ်ရှင်ပွဲတော်ဖြစ်သော Chop Shots Film Festival ဖြင့် ပူးပေါင်းကာယင်း Documentary ရုပ် ရှင်များကို ပွဲတော်တွင် ပြသမည်ဖြစ်ပြီး ဧည့်သည်တော်အဖြစ် ၎င်းရုပ်ရှင်ပွဲတော်မှ ရုပ်ရှင်ဒါရိုက်တာတစ် ဦးတက်ရောက်မည်ဖြစ်သည်။ ဒါ့အပြင်ပွဲတော်သို့ ဂျာမနီနိုင်ငံမှ International Short Film Festival Oberhausen မှ Festival Director ဖြစ်သူ Lars Henrik Gass ကလည်း ဧည့်သည်တော်အဖြစ် ၀ဿန် ရုပ်ရှင်ပွဲတော်သို့ တက်ရောက်ပြီး ၎င်းတို့၏ဇာတ်လမ်းတိုရုပ်ရှင်များကိုလည်း ထည့်သွင်းပြသမည်ဖြစ် သည်။

ငါးရက်တာကျင်းပမယ့် ၀ဿန်ရုပ်ရှင်ပွဲတော်တွင် စက်တင်ဘာ ၅ ရက်နှင့် ၆ ရက်၌ နိုင်ငံတကာဇာတ်လမ်းတို ရုပ်ရှင်များကို ပြသမည်ဖြစ်သည်။ ယင်းပွဲနှင့်ပတ်သက်၍ စီစဉ်သူကိုသိဒ်္ဓိက “အခုဆို ကျွန်တော် တို့နိုင်ငံက ပိုပြီးပွင့်လင်းလာပြီ။ ဆီးဂိမ်းလည်းကျင်းပတော့မှာဆိုတော့ အရှေ့တောင်အာရှအပြင် တခြား နိုင်ငံက ဇာတ်ကားတွေကို လေ့လာစေချင်တာရယ်၊ ကြည့်စေချင်တာရယ်၊ ပြီးတဲ့အခါ သူတို့နဲ့ အမြင်ချင်း ဖလှယ်လို့ ရနိုင်မယ်လို့ စဉ်းစားမိတဲ့အတွက် နိုင်ငံတကာဇာတ်လမ်းတိုကို section တစ်ခုအနေနဲ့ ထည့်လိုက်တာပါ” ဟု ပြောပြသည်။

ဝဿန်ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံ၏ပထမဆုံး  Short Film နှင့် Documentary Film ပွဲတော်အဖြစ် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှစ၍ နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။ ယခုနှစ် ၀ဿန်ရုပ်ရှင်ပွဲတော်တွင် ပြိုင်ပွဲဝင် ဇာတ်ကားပေါင်း ၄၃ကားထဲက ဆန်ကာတင်ဇာတ်ကား ၂၀ ရွေးချယ်ကာ ဂျပန်နိုင်ငံမှ Art Curator ဖြစ်သူ Keiko Sei၊ ဂျာမနီနိုင်ငံမှ Festival Director နှင့် International Short Film Festival Ober- hausen မှ Lars Henrik Gass၊ မြန်မာနိုင်ငံမှ ဦးမြင့်သိန်းဖေ၊ ဦးငြိမ်းမင်း၊ ဦးဝင်းငြိမ်းတို့က အဆင့်ဆင့် ရွေးချယ် အကဲဖြတ် ကြမည်ဖြစ်သည်။

ဝဿန်ရုပ်ရှင်ပွဲတော်အတွက် ပြိုင်ပွဲဝင်ဇာတ်ကားများကို ဇူလိုင် ၁၅ ရက်က စတင်လက်ခံခဲ့ပြီး Best Short Film Award၊  Best Documentary Award၊ New Vision Award စသည်ဖြင့် ဆုများအသီးသီး ချီးမြှင့်မည်ဖြစ်ပြီး ဆုတစ်ခုချင်းစီအတွက် ငွေသားကျပ်ငါးသိန်း နှင့် ၀ဿန်ရုပ်ရှင်ပွဲတော်ဆုအဖြစ် Artist ငြိမ်း ချမ်းစု(NCS) ဖန်တီးပေးထားသည့် ဆုတံဆိပ်ချီးမြှင့်မည်ဖြစ်သည်။ ရွေးချယ်ခံရသည့် Film makers  များအား ပြည်ပမှရုပ်ရှင်ပညာရှင်များ ဖိတ်ကြားပြီး workshop များ ထပ်မံကျင်းပပေးမည်ဖြစ်သည်။ 



မဇ္ဈိမသတင်းဌာန 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ