လေ့လာချက်အကျဉ်း
အနာဂတ် မြန်မာနိုင်ငံရေးနှင့် ရခိုင်နိုင်ငံရေးတွင်
ကြီးမားသောနိုင်ငံရေးပြဿနာ တခုပေါ်ပေါက် လာနိုင်မည့်ကိစ္စမှာ
ရခိုင်ပြည်နယ်အတွင်းဝင်ရောက်နေသော ဘင်္ဂလီ မူဆလင် ဘာသာဝင်တို့၏
ပြဿနာဖြစ်သည်။ လက်ရှိ မြန်မာ့နိုင်ငံရေးဆိုင်ရာ နိုင်ငံတကာ
အခင်းအကျင်းတွင်လည်း ရိုဟင်ဂျာခေါ် ဘင်္ဂလီတို့၏ နိုင်ငံရေးဆိုင်ရာ
အမြတ်ထုတ်မှုကို နေ့စဉ်နှင့်အမျှ တွေ့နေကြရပါသည်။ ဤကိစ္စနှင့်ပတ်သတ်၍
ပြည်ပရောက် မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ အနေဖြင့်လည်း
သမိုင်းမှန်ကို သိရှိထားရန် လိုအပ်ပေသည်။ ရခိုင်ပြည်အတွင်းဝင်ရောက်နေသော
(Bengali) ပြဿနာသည် ရခိုင်လူမျိုးတခုတည်း၏ သီးခြားပြဿနာ
မဟုတ်ဘဲပြည်ထောင်စုအတွင်း နေထိုင်သော တိုင်းရင်းသားအားလုံး၏
ပြဿနာဖြစ်ကြောင်းကိုသိရှိထားရန် လိုအပ်ပေသည်။
ရခိုင်သမိုင်းကိုပြန်ကြည့်ပါက အေဒီ (၁၇၈၄) မတိုင်မီ ရခိုင်သည် လွတ်လပ်သော
သီးခြား နိုင်ငံတခုဖြစ်သည်။[1] (၁၈၂၄-၁၈၂၆) ပထမအင်္ဂလိပ်-မြန်မာစစ်အပြီးတွင်
အင်္ဂလိပ်တို့၏ လယ်ယာစိုက်ပျိုးရေးတွင် အသုံးပြုရန်အတွက် ဘင်္ဂလားဒေ့ရှ်မှ
လယ်ကူလီ အမြောက်အများ ခေါ်သွင်းခဲ့သည်။ ၄င်းတို့ခေါ်သွင်းခဲ့သော
ဘင်္ဂလီတို့သည် ရခိုင်ပြည်မေယုမြစ်ဝှမ်းဒေသတွင် အခြေချနေထိုင်ခဲ့ကြသည်။
၎င်းတို့မျိုးရိုးမှ ပေါက်ဖွားလာသူများကို စစ်တကောင်း ဘင်္ဂလီမူဆလင်များဟု
ခေါ်ဝေါ်ကြသည်။ ရခိုင်ပြည်နယ်အတွင်းရှိ မူဆလင်များကို
အုပ်စုလေးခုခွဲခြားနိုင်သည်။ ၄င်းအုပ်စုလေးခုမှာ မေယုမြစ်ဝှမ်းဒေသရှိ
စစ်တကောင်းအနွယ်ဝင် ဘင်္ဂလီမူဆလင်များ၊
မြောက်ဦးနှင့်ကျော်တော်မြို့နယ်များအတွင်းနေထိုင်ကြသည့် မြောက်ဦး ခေတ်
(၁၄၃၀-၁၇၈၄) မှ ဆင်းသက်လာသည့် မူဆလင်များ၊ ရမ်းဗြဲကျွန်းရှိ အေဒီ (၁၆၆၀)
ခုနှစ်အတွင်း ဝင်ရောက် လာသည့် ကမန် (ခေါ်) မဂိုလေးကိုင်စစ်သည်တော်များ နှင့်
သံတွဲမြို့နယ်အတွင်း ရခိုင်ပြည်အား ဘိုးတော်တရား ဝင်ရောက်သိမ်းပိုက်စဉ်
ဗမာစစ်တပ်နှင့် အတူပါလာသည့် မြေဒူးမူဆလင်များ ဖြစ်ကြသည်။
မူဆလင်များ ရခိုင်ပြည်သို့ဝင်ရောက်လာခြင်းကို လေ့လာချက်
ရိုဟင်ဂျာ ဆိုသော ဝေါဟာရအသုံးအနှုန်းကို (၁၉၅၀) မတိုင်မီ
မည့်သည့်သမိုင်းဆိုင်ရာ အထောက်အထားတွင်မှ တွေ့ရမည် မဟုတ်ပေ။ (၁၉၅၀)
ပြည့်နှစ်ကာလများအတွင်း ဘင်္ဂလီတစုမှအဆိုပါ ဝေါဟာရကို
တီထွင်ခဲ့ခြင်းဖြစ်သည်။ မြောက်ဦးခေတ်ကို စတင်တည်ထောင်ခဲ့သည့်
မင်းစောမွန်သည် ဘင်္ဂလားဒေသတွင် ဆူလတန်၏ အကူအညီဖြင့် ရခိုင်ထီးနန်းကို
ပြန်လည်သိမ်းပိုက်ခဲ့သည်။ မင်းစောမွန်အုပ်ချုပ်စဉ် ကာလအတွင်း
မူဆလင်ဘာသာဝင်များကို မြောက်ဦးမြို့အပြင်ဘက်အရပ်၌ နေထိုင်ခွင့်ပေးခဲ့သည်။
ရခိုင်ပြည်အတွင်း ပထမဆုံးမူဆလင် ဘာသာဝင်များ အခြေချနေထိုင်ခြင်းဖြစ်သည်။
(၁၇) ရာစု အလယ်ပိုင်းတွင်လည်း မူဆလင်ဘာသာဝင်များ ဝင်ရောက်လာခဲ့သည်။
ပေါ်တူဂီ ပင်လယ်ဓါးပြများသည် ဘင်္ဂလားဒေသရှိ လူများကိုဖမ်းဆီးပြီး
ရခိုင်ဘုရင်ထံ ကျွန်များအဖြစ်ရောင်းချခဲ့သည်။ ၄င်းကျေးကျွန်အများစုကို
လယ်ယာလုပ်ငန်းခွင်၌ အသုံးပြုခဲ့သည်။[2]
ဘုရင်အပါး၌ အခစားခဲ့သူများလည်း အနည်းအကျည်း ရှိမည်ဟု သမိုင်းပညာရှင်
(Talish) မှတင်ပြခဲ့သည်။[3] ရှုပ်ထွေးဖွယ်ရာ အထောက်အထားတခုဖြစ်သည့်
ရခိုင်ဘုရင်များ မူဆလင်ဘွဲ့ အမည်ခံယူမှုနှင့်ပတ်သတ်၍ သမိုင်း ပညာရှင်
(Charney) မှ ရခိုင်ဘုရင်၏ အုပ်ချုပ်နယ်ပယ်၌ ဘင်္ဂလားဒေသပါဝင်သည့်အတွက်
အုပ်ချုပ်ရေး၌ လွယ်ကူ စေရေးအတွက် မူဆလင်ဘွဲ့ကို ခံယူခဲ့ခြင်းဖြစ်မည်ဟု
တင်ပြခဲ့သည်။[4] ဗမာဘုရင် အုပ်ချုပ်စဉ်ကာလအတွင်း အုပ်ချုပ်ရေး
ရက်စက်ကြမ်းကြုတ်မှုကြောင့် ရခိုင်လူမျိုးအမြောက်အများသည်
အင်္ဂလိပ်အုပ်ချုပ်ရေးအောက်ရှိ ဘင်္ဂ လားနယ်သို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။[5]
ဗြိတိသျှအရှေ့အိန္ဒိယ ကုမ္ပဏီ၏မှတ်တမ်းများအရ ရခိုင်လူမျိုး (၃၅၀၀၀)
ကျော်သည်(၁၇၉၉)နှစ်တွင် အင်္ဂလိပ်အုပ်ချုပ်ရေး အောက်ရှိ စစ်တကောင်းဒေသသို့
ခိုလှုံလာခဲ့ကြသည်ဟု မှတ်တမ်း တင်ခဲ့ကြသည်။[6]
မြန်မာဘုရင်အုပ်ချုပ်ရေးကာလအတွင်း ပုန်ကန်သူများကို နှိမ်နှင်းရန်အတွက်
ရခိုင်ပြည်မှပြည်သူ အမြောက်အများကို မြန်မာနိုင်ငံအလယ်ပိုင်း
ဒေသသို့ပြောင်းရွေ့ခဲ့ရာ ရခိုင်ဒေသ၌ လူဦးရေ ကျဆင်းခဲ့ရပြန်သည်။
အင်္ဂလိပ်လက်အောက်သို့ ရခိုင်နှင့်တနင်္သာရီ ကျရောက်ခဲ့ပြီးနောက်
လယ်ယာစိုက်ပျိုးရေးအတွက် ဘင်္ဂလီ မြောက်အများကိုခေါ်သွင်းခဲ့သည်။ ၄င်းအပြင်
အင်္ဂလိပ်တို့သည် ရခိုင်နှင့်တနင်္သာရီကို သိမ်းပိုက်ပြီးနောက် ရခိုင်၏
နယ်ခြားမျဉ်းပျောက် ကွယ်ကာ ဘင်္ဂလီတို့ တံခါးမရှိဝင်ရောက်လာခဲ့သည်။ ဤသို့
ဝင်ရောက်လာခြင်းမှာ အလုပ်အကိုင် ရှာဖွေရန်အတွက် ဝင်ရောက်လာခြင်းဖြစ်သည်။
ဆာအာသာဖေယာ၏ (၁၈၃၀) ခုနှစ်အစီရင်ခံစာအရ ရခိုင်ဒေသ၏ လုပ်အားခမှာ
ဘင်္ဂလီဒေသလုပ်အားခနှင့် နှိုင်းယှဉ်ပါက လုပ်အားခ
အလွန်တရာမြင့်မားကြောင်းတင်ပြခဲ့သည်။ ဘင်္ဂလီများဝင်ရောက်လာမှုကို
စစ်တွေခရိုင်၏လက်ထောက် ကော်မရှင်နာမင်းကြီး(R.B Smart)မှ အောက်ပါ အတိုင်း
တင်ပြခဲ့သည်။
”၁၈၇၉ မှစ၍ဘင်္ဂလီများ ရခိုင်ပြည်အတွင်းဝင်ရောက်မှု များပြားလာခဲ့သည်။
ကျွန်များမှဆင်းသက်လာသည့် မျိုးဆက်များသည်လည်း ကျောက်တော်နှင့် မြောက်ဦး
မြို့နယ်များတွင် အခြေချနေထိုင်ခဲ့ကြသည်။ မောင်တောမြို့နယ်မှာ
ခိုးဝင်လာသည့် ဘင်္ဂလီများနှင့်ပြည့်နှက်နေကြောင်း၊ အသစ်ရောက်လာသည့်
ဘင်္ဂလီများကို နေရာအနှံ့အပြားတွင်တွေ့ရသည်။”[7]
၎င်းကော်မရှင်နာမင်းကြီး၏ တင်ပြချက်တွင် စစ်တကောင်းဒေသမှ
နှစ်စဉ်ဝင်ရောက်လာသော ဘင်္ဂလီဦးရေမှာ (၅၀၀၀၀) ခန့် ရှိမည်ဟု တင်ပြခဲ့သည်။
ကူလီလုပ်ငန်း လယ်ယာလုပ်ငန်းတို့တွင် ဝင်ရောက်လုပ်ကိုင်ရန်
ရည်ရွယ်ချက်ဖြင့် လာရောက်ခဲ့ကြသော်လည်း မြေယာများပိုင်ဆိုင်မှုကို
အဓိကထားဆောင်ရွက်လာခဲ့ကြသည်။ (၁၉၁၃)ခုနှစ် တွင် ထုတ်ပြန်သော စစ်တွေခရိုင်
တရားရုံး၏ အစီရင်ခံစာတွင် ဘူးသီးတောင်မြို့နယ်၌ ဘင်္ဂလီဦးရေ အဆမတန်
များပြား လာကြောင်းကို တင်ပြခဲ့ကြသည်။[8] အင်္ဂလိပ်အစိုးရ၏ ပေါ်လဆီသည်
ဘင်္ဂလီများ ရခိုင်ဒေသသို့ ဝင်ရောက်လာစေရေးကို အားပေးခဲ့ကြောင်းတွေ့ရသည်။
ရခိုင်ဒေသ၏စီးပွားရေးမှာ တိုးတက်လာခဲ့ပြီး စစ်တွေဆိပ်ကမ်းသည်
ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး ဆိပ်ကမ်းတခုဖြစ်လာခဲ့သည်။
ဘင်္ဂလီဦးရေ များပြားလာမှုကို (၁၈၇၁) (၁၉၀၁)နှင့် (၁၉၁၁) ခုနှစ်
ကောက်ယူခဲ့သော သန်းခေါင်စာရင်းများ အရသိရှိနိုင်သည်။ (၁၈၇၁)ခုနှစ်တွင်
ဘင်္ဂလီဦးရေ(၅၈၂၅၅)မှ (၁၉၀၁)ခုနှစ် ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ
မူဆလင်ဦးရေ(၁၇၈၆၄၇)ထိ တိုးတက်လာခဲ့သည်။[9] (၁၉၂၁)ခုနှစ်တွင်
အင်္ဂလိပ်အစိုးရမှ ရခိုင်ဒေသရှိ မူဆလင် ဘာသာဝင်များအားလုံးကို
အိန္ဒိယတိုင်းရင်းသားများအဖြစ် မှတ်တမ်းတင်ခဲ့သည်။
ဘာသာရေးဆိုင်ရာအဓိ ကရုဏ်းများ
ကိုလိုနီခေတ်မြန်မာနိုင်ငံအတွင်း ဘာသာရေးအဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့မှုနှင့်
ပတ်သတ်၍ သမိုင်းပညာရှင်(Moshe Yegar) မှတင်ပြခဲ့ရာတွင်
အိန္ဒိယတိုင်းရင်းသားများ ဝင်ရောက် အခြေချ နေထိုင်လာမှုကို မကျေနပ်သော
ကြောင့် ဖြစ်သည်ဟု တင်ပြခဲ့သည်။[10] သို့ရာတွင် ရန်ကုန်နှင့်
အခြားမြို့ကြီးများတွင်သာ ပေါ်ပေါက်ခဲ့ပြီး(၁၉၂၆)နှင့် (၁၉၃၈) ကာလအတွင်း
ရခိုင်ဒေသတွင် မည်သည့်အရေးအခင်းမှ ပေါ်ပေါက်ခြင်းမရှိသေးချေ။ ဒုတိယ ကမ္ဘာစစ်
ပေါ်ပေါက်လာသည်အထိ မည်သည့်ပြဿနာမှ ပေါ်ပေါက်ခဲ့ခြင်းမရှိဘဲ ငြိမ်းချမ်းစွာ
အတူလက်တွဲ နေထိုင်ခဲ့ကြသည်။[11] သို့ရာတွင်ရခိုင်လူမျိုးနှင့်
မူဆလင်တို့အကြား သွေးထွက်သံယို ပဠိပက္ခဖြစ်ပွားမှုမှာ ဒုတိယကမ္ဘာစစ်
အတွင်းနှင့် လွတ်လပ်ရေးခေတ်အကြို ကာလတို့တွင် ပိုမိုပြင်းထန်လာခဲ့သည်။
ယခုထိ အသက်ထင်ရှားရှိနေသော အသက်(၈၀) (၉၀) အရွယ် ရခိုင်လူကြီးများမှာ
(၁၉၄၂)နှင့်(၁၉၄၃) အတွင်းဖြစ်ပေါ်ခဲ့သည့် လူမျိုးရေးအဓိကရုဏ်းအား
မေ့ပျောက်ခြင်း မရှိသေးချေ။ ဤကဲ့သို့လူမျိုးရေ အဓိဂရုန်း
ပြစ်ပွားရခြင်းနှင်း ပက်သတ်၍ ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်းမှ
ဗြိတိသျှအစိုးရတွင် လုံးဝ တာဝန်ရှိကြောင်းတင်ပြခဲ့သည်။
လူမျိုးရေးအဓိကရုန်းဖြစ်ပွားရခြင်းအကြောင်းရင်းမှာ အင်္ဂလိပ်အစိုးရမှ ဇာမီဒါ
မြေရှင်စနစ်ကို ကျင့်သုံးခဲ့ခြင်းကြောင့်
ဖြစ်ပေါ်ခဲ့ရသည်ဟုထောက်ပြခဲ့သည်။[12]
၎င်းစနစ်အရ ဘင်္ဂလီမြေရှင်များအားမြေဧကပေါင်း မြောက်များစွာကို နှစ်(၉၀)
မြေငှားစာချုပ်ချပေးမှုကြောင့် ဖြစ်သည် ဟုထောက်ပြခဲ့သည်။ မြန်မာမင်းများ
အုပ်ချုပ်စဉ် ကာလအတွင်း ရခိုင်လူမျိုးမြောက်များစွာတို့သည် အုပ်ချုပ်ရေး
ရက်စက်မှုကြောင့် ဘင်္ဂလားဒေသသို့ မြောက်မြားစွာထွက်ပြေး
တိမ်းရှောင်ခဲ့ကြရသည်။ ရခိုင်နှင့် တနင်္သာရီကို
အင်္ဂလိပ်တို့သိမ်းပိုက်ပြီးနောက်ပိုင်း မိမိနေရပ်ပြန်လည်ဝင်ရောက်လာသောအခါ
ဘိုးဘွားပိုင်မြေများ၊ ၄င်းလယ်မြေများကို ပြန်လည်းပေးအပ်ခဲ့ခြင်း မရှိချေ။
ဘင်္ဂလီမြေရှင်များသည် ၄င်းတို့ငှားရမ်းထားသော မြေ၌မူလပိုင်ရှင်
ရခိုင်တို့အား သီးစားမြေယာ လုပ်သားအဖြစ်သာ အလိုရှိကြသည်။ စစ်တကောင်းဒေသ
ဘင်္ဂလီထောင်ပေါင်းများစွာသည် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ရန်အတွက်
ရခိုင်ဒေသသို့ ဝင်ရောက်ခဲ့ကြသည်။[13] ရခိုင်ဒေသသို့ ဝင်ရောက်လာသော ဘင်္ဂလီ
အများစုသည် ဘင်္ဂလားဒေသတွင် ဖြစ်ပေါ်နေသည့် (Farai-di) လှုပ်ရှားမှု၏
သြဇာလွှမ်းမိုးမှုကို ခံခဲ့ကြရသည်။ ၄င်း လှုပ်ရှားမှု၏
အတွေးအခေါ်သည်(Wahhabis)ခေါ် ဆော်ဒီအာရေးဗီးယားရှိ မူဆလင်ဘာသာရေး ဂိုဏ်းကို
အခြေခံ ထားခြင်းဖြစ်သည်။
လယ်သမားများသည် လယ်ယာလုပ်ငန်းအပြင် ဘာသာရေးဆရာများ၏ သင်ပြမှုကြောင့်
အလာအရှင်မြတ်၏ အလိုတော် အရ ဘာသာရေးစစ်ပွဲဆင်နွှဲရန် တောင်းဆိုလာပါက
အဆင်သင့် ပြင်ဆင်ထားရသည်။[14] (၁၉၁၀)ခုနှစ်များအတွင်း
မောင်တောမြို့နယ်တခုတည်း၌ပင် ဘင်္ဂလီမြေပိုင်ရှင်(၁၅)ဦး ရှိရာ
စစ်တကောင်းဒေသမှ မူဆလင် ဘာသာ ဝင် မြောက်များစွာအား
လယ်ယာလုပ်ငန်းလုပ်ကိုင်ရန်အတွက် ခေါ်သွင်းလာခဲ့သည်။ ၄င်းဘင်္ဂလီမူဆလင်များသည်
၎င်းတို့ လုပ်ကိုင်မြေယာ၌ပင် ရက်ရွာများတည်ထောင်ကာ၊ ဗလီများနှင့်
ဘာသာရေးစာသင်ကျောင်းများကို တည်ဆောက် ခဲ့ကြသည်။ အင်္ဂလိပ်မှတ်တမ်းများအရ
၎င်းကျေးရွာများအား ရခိုင်အမည်များကိုသာ ဆက်လက်ခေါ်ဝေါ်စေခဲ့သည်။[15]
(၁၉၂၀-၁၉၃၀)ခုနှစ်ကာလများအတွင်း ရခိုင်ပြည်မေယုမြစ်ဝှမ်းဒေသရှိ
ဘင်္ဂလီမူဆလင်များသည် အိန္ဒိယ မူဆလင် အဖွဲ့ချုပ်နှင့် ဆက်စပ်နေစဉ်ကာလအတွင်း
မြန်မာနိုင်ငံပြည်မရှိ (M.A Rashid)နှင့် ဦးရာဇာတ်တို့မှာ
မြန်မာ့အမျိုးသား လှုပ်ရှားမှုတွင် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်နေကြသည်။
ဗြိတိသျှ ပါလီမန်မှ မြန်မာနိုင်ငံအား အိန္ဒိယနှင့် တွဲရေး၊ခွဲရေးနှင့်
ပတ်သတ်ပြီး ဆိုင်မွန်ကော်မရှင်ကို စုံစမ်းစစ်ဆေးရေးအတွက် စေလွှတ်စဉ်
အိန္ဒိယရှိ မူဆလင်အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူမှ မြန်မာနိုင်ငံရှိ
မူဆလင်များအနေဖြင့် အစိုးရအုပ်ချုပ်ရေးတွင် (၁၀)ရာခိုင်နှုန်းထိ ပါဝင်ခွင့်
ရရှိရေးနှင့် ရခိုင်ပြည်နယ်အတွင်းရှိ မူဆလင်များအား စိုက်ပျိုးရေးနှင့်
ငွေချေးငှာရေးတို့တွင် တန်းတူအခွင့်အရေး ရရှိရန်တောင်းဆိုခဲ့ကြသည်။[16]
ဒုတိယကမ္ဘာစစ်မစတင်မီ အစ္စလာမ်ဘာသာကို အခြေခံသည့်နိုင်ငံရေးပါတီ (Jami-a-tul
Ulema-e Islam)ပေါ်ပေါက်လာသည်။ ရခိုင်ပြည်အတွင်း ဖြစ်ပေါ်ခဲ့သည့်လူမျိုးရေး
အဓိကရုန်းနှင့်ပတ်သတ်၍ သမိုင်း ပညာရှင်(Moshe Yegar)မှ (၁၉၄၂)ခုနှစ်အတွင်
အင်္ဂလိပ်တို့ အိန္ဒိယဘက် ဆုတ်ခွာသွားပြီးနောက် ရခိုင်လူရမ်းကားများမှ
မူဆလင်ဘာသာဝင်ကျေးရွာများအား တိုက်ခိုက်ခဲ့မှုကြောင့်၊ ဘူးသီးတောင်နှင့်
မောင်တောရှိ မူဆလင်များကလည်း ရခိုင်လူမျိုးများအား
လက်စားချေတိုက်ခိုက်ခဲ့ကြောင်း ဖေါ်ပြခဲ့သည်။[17]
သို့ရာတွင် ရခိုင်မှတ်တမ်းများ၌ ဂျပန်တပ်များ ဝင်ရောက်သိမ်းပိုက်မှုကြောင့်
အုပ်ချုပ်ရေးပျက်ပြားစဉ် ကာလအတွင်း မြေပုံမြို့နယ် ရမ်းချောင်းကျေးရွာမှ
ညီအစ်ကိုနှစ်ဦး ကုလားလက်ချက်ဖြင့် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
ရခိုင်လူငယ် သိန်းအောင်ကျော်နှင့် ကျော်ယတို့မှ လူငယ်များစုစည်းကာ
ကုလားရွာများအားပြန်လည် တိုက်ခိုက်ခဲ့ကြောင်း ဖေါ်ပြ
ထားသည်။(၁၉၄၂)မတ်လ(၂၃)ရက်နေ့တွင် ဂျပန်လေတပ်မှ စစ်တွေမြို့အား
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အင်္ဂလိပ် အစိုးရ သည် သူတို့၏ဌာနချုပ်ကို
အိန္ဒိယသို့ မတ်လ(၃၀)ရက်နေ့တွင်ပြောင်းရွေ့ခဲ့သည်။ စစ်တွေခရိုင်တွင်
စစ်အုပ်ချုပ်ရေးအား ဧပြီလ(၃၁)ရက်နေ့တွင် စတင်ခဲ့ပြီးနောက်
လူမျိုးရေးတင်းမာမှုမှာလည်း အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိခဲ့ပြီး
မငြိမ်မသက်မှုကိုဖြစ်ပေါ်စေခဲ့သည်။[18] ဂျပန်တို့အား တိုက်ခိုက်ရန်အတွက်
ဗြိတိသျှအုပ်ချုပ်ရေးအရာရှိများမှ ဘင်္ဂလီများ ပါဝင်သည့်
အပျော်တမ်းတပ်ဖွဲ့များကို ဖွဲ့စည်းပေးခဲ့သည်။
၎င်းအပျော်တမ်း တပ်ဖွဲ့များကို ဖွဲ့စည်းပေးခဲ့ရခြင်း၏ရည်ရွယ်ချက်မှာ
ဂျပန်တပ်များအား ပြောက်ကျားစစ်ပွဲ ဆင်နွှဲရန် ဖြစ်သည်။ သို့သော်လည်း
၎င်းစေတနာ့ ဝန်ထမ်းတပ်ဖွဲ့များသည် ဂျပန်တပ်များကို တိုက်ခိုက်ရမည့်အစား
ဗုဒ္ဒဘာသာ ဘုရားကျောင်း ကန်များအား ဖျက်ဆီးခြင်း၊ ရခိုင်ကျေးရွာများအား
မီးရှို့ဖျက်ဆီးခဲ့သည်။
စစ်တွေခရိုင်၏ လက်ထောက်ကော်မရုင်နာ
ရခိုင်အမျိုးသား ဦးကျော်ခိုင်အား သတ်ဖြတ်ခဲ့ပြီး
အကာအကွယ်ကင်းမဲ့နေသောရခိုင်လူမျိုး အရပ်သားမြောက်များစွာကိုသတ်ဖြတ်ခဲ့သည်။
(v.Force) တပ်ဖွဲ့ဝင်များ ၏သိက္ခာကို ထိခိုက်စေကြောင်း
အင်္ဂလိပ်အရှိ(Irwin)မှ အထက်အရာရှိများထံရေးသားအစီရင်ခံခဲ့သည်။[19]
စစ်တွေမြို့အား ဂျပန်တပ်ဖွဲ့ဝင်များမှ သိမ်းပိုက်ပြီး
နောက်ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင်သည်။ ငြိမ်ဝပ်ပိပြားရေးအတွက်
အုပ်ချုပ်ရေးအဖွဲ့အား ပြန်လည် ဖွဲ့စည်းပြီး
လူမျိုးရေးအဓိကရုန်းဖြစ်ပွားမူကို ရပ်တန့်ရန်ကြိုးပမ်းခဲ့သည်။
ဗိုလ်ရန်အောင်သည် ရခိုင်နှင့်မူဆင်လင် ခေါင်း
ဆောင်များနှင့်ဆွေးနွေးပြီးသူ၏ လက်ထောက် ဗိုလ်ရန်နောင်နှင့်
ဗိုလ်မျိုးညွန့်တို့အား မောင်တောမြို့သို့စေလွတ်ကာ
စေ့စပ်ညှိနှိုင်းမူပြုလုပ်ခဲ့သည်။ သို့ရာတွင် သူတို့နှစ်ဦးလုံးမှာ
ကုလားများ၏လက်ချက်ဖြင့် ကျဆုံးခဲ့သည်။[20] စစ်တကောင်း ဘင်္ဂလီ
တို့၏အဓိကရည်ရွယ် ချက်မှာ ဘာသာရေး ပြဿနာမှတဆင့်
မူဆလင်နိုင်ငံတည်ထောင်ရေးဖြစ်သည်။
(Irwin) မှတ်တမ်းတွင်လူမျိုးရေးအဓိကရုန်းဖြစ်ပြီးနောက်
အင်္ဂလိပ်တပ်များပြန်လည်ဝင်ရောက်လာသောအချိန်၌ မောင်တောဒေသ သည်
မူဆလင်များကြီးစီုးသောဒေသတစ်ခုဖြစ်လာခဲ့သည်။ မေယုမြစ်
အနောက်ဖက်ခြမ်းဒေသရှိ ရခိုင်တို့၏ ကျေးရွာ အမြောက်အများကို (V.force)
တပ်များမှဖျက်စီးခဲ့သည်။ လူအများစုသည် တောတောင်များတွင် ပုန်းအောင်းနေရ
ဆဲဖြစ်ကြောင်း ရခိုင်လူမျိုးတို့သည် သူတို့ဘိုးဘွားပိုင်မြေမှ
နှင်ထုတ်ခံခဲ့ရကြောင်းမှတ်တမ်းတင်ခဲ့သည်။[21] အင်္ဂလိပ်
အစိုးရမှမြန်မာနှိုင်ငံအား လွတ်လပ်ရေးပေးရန် စီစဉ်သောအခါ မူဆလင်များသည်
၎င်းတို့၏ အနာဂတ်အတွက် စိုးရိမ်မိ သောကြောင်း(၁၉၄၆)နှစ်တွင် (Jami-atul
Ulema-e Islam)အဖွဲ့မှ ကိုယ်စလှယ်အဖွဲ့တဖွဲ့အား(Karachi)သို့စေလွတ်ပြီး
မောင်တော ဘူသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့အား ပါကစ္စတန်နှင့်
ပူးပေါင်းရေး အတွက်မူဆလင် အဖွဲ့ချုပ်မှ
ခေါင်းဆောင်များနှင့်ဆွေးနွေးခဲ့ကြသည်။[22] သို့ရာတွင် မူဆလင်များ၏
တင်ပြချက်ကိုဗြိတိသျှ အစိုးရမှငြင်းပယ်ခဲ့သည်။ ၎င်းတို့၏ တောင်းဆိုချက်
ငြင်ပယ်ခံခဲ့ရပြီးနောက် လက်နက်ကိုင် ပုန်ကန်မူကိုစတင်ခဲ့ကြပြီး ဘာသာရေး
မူဂျာဟစ် တပ်ဖွဲ့တွင် လက်နက်ကိုင်အင်အား (၂၇၀၀)ထိ အလွယ်တကူ
စုစည်းနိုင်ခဲ့သည်။[23] မြန်မာလွတ်လပ်ရေးအကြိုကာလတွင်မူဆလင်များသည်
၎င်းတို့၏ မတူကွဲ ပြားသော ဘာသာရေးနှင့် ယဉ်ကျေးမူကိုသိမြင်လာခဲ့သည်။
တပြိုင်နက်ထဲမှာပင် ရခိုင်များသည်လည်း မူဆလင် ဘာသာဝင်များ
ဒီရေအလားတိုးလာမူကို စိုးရိမ်မူများဖြစ်ပေါ်ခဲ့ကြသည်။ လွတ်လပ်ရေး ရရှိပြီးစ
ကာလတွင် မေယုဒေသ ကျေးလက်ဒေသများတွင် လူမျိုးရေး အဓိကရုန်းများ
တဖန်ပေါ်ပေါက်လာခဲ့သည်။ ဘာသာရေးအသွင်ဆောင်သည့် စစ်ပွဲအရှိန်မြင့်တက်လာပြီး
မူဆင်ဗလီဆရာများသည်လည်း အရေးကြီးသည့် အခန်းဏ္ဍတွင် ပါဝင်လာခဲ့ပြီး နေရာ
အနှံ့အပြားတွင်လုယက်
တိုက်ခိုက်မူနှင့်အဓမ္မပြုကျင့်မူများနေရာအနှံ့ပြားတွင်ပေါ်ပေါက်ခဲ့သည်။
ဒုတိယကမ္ဘာစစ် မတိုင်မှီ ကာလ မောင်တောမြို့တွင်ရခိုင် ကျေးရွာပေါင်း (၂၀၀)
ကျော်ရှိခဲ့သော်လည်း စစ်ပြီးကာလတွင် ရွာခြောက်ရွာတွင်သာ
ရခိုင်လူမျိုးတို့အခြေချနေထိုင်ခွင့်ရရှိခဲ့ကြသည်။
ရွာပေါင်း (၄၄) ရွာအား မူဂျာဟစ် သူပုန်များမှသိမ်းပိုက်ထားခဲ့ကြသည်။
မူဂျာဟစ် သောင်းကျန်းမူသည် လွတ်လပ် ရေးမရမှီ
(၂)နှစ်အကြာကပင်ပေါ်ပေါက်ခဲ့သည်။ (၁၉၄၆)ခုနှစ်တွင်(Muslim Liberation
Organization)ကို စစ်တကောင်းဇာတိ (Zaffar Kawal)မှ တည်ထောင်ခဲ့သည်။ (၁၉၄၈)
ခုနှစ်တွင် ၎င်းအဖွဲ့အား (Mujahid Party)ပါတီအဖြစ်ပြောင်းလဲခဲ့သည်။
မူဂျာဟစ်ပါတီမှမြနှ်မာအစိုးထံရာဇာသံပေးပို့ခြင်း
မူဂျာဟစ် ပါတီမှ (၁၉၄၈)ဇွန်လ(၉)ရက်နေ့တွင် မောင်တောမြို့နယ်
အုပ်ချုပ်ရေးအရာရှိထံသို့ အူရာဒူ ဘာသာရေး ဖြင့်ရေးသားထားသည့်
၎င်းတို့၏လိုလားချက်ကို တောင်ခံထားသည့်စာတစ်စောင်ပေးပို့ခဲ့သည်။
၎င်းတို့၏ တောင်းဆိုချက်မှာ အောက်ပါအတိုင်းဖြစ်သည်။[24]
လွတ်လပ်ရေးရပြီးခေတ် မူဆလင်တို့၏တောင်းဆိုမှု
လွတ်လပ်ရေးရပြီးနောက် လွှတ်တော်ရွေးကောက်ပွဲကျင်းပသောအခါ ဘူးသီးတောင်နှင့်မောင်တော မဲဆန္ဒနယ်များမှ လွှတ် တော်ကိုယ်စားလှယ်လေးဦး ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ တပြိုင်နက်တည်းမှာပင် မူဂျာဟစ်သောင်းကျန်းမှု ပေါ် ပေါက်ခဲ့သည်။
၁၉၆၀ မဲဆွယ်ပွဲ ကာလအတွင်း ဝန်ကြီးချုပ်ဦးနုသည် ရခိုင်နှင့်မွန်တို့အား ပြည်နယ်ပေးရန် ကတိပြုခဲ့သည်။ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ဦးနု ဝန်ကြီးချုပ်ဖြစ်လာစဉ် ပြည်နယ်ပေးရန်ဖြစ်ပေါ်လာခဲ့သည်။ လွတ်တော်အတွင်းရှိ ဘူးသီးတောင်နှင့် မောင်တောမှ လွတ်တော်အမတ်များသည် ရိုဟင်ဂျာပြည်နယ် ဖွဲ့စည်းပေးရန် တောင်းဆိုခဲ့သည်။[27]
စစ်အာဏာရှင်နေဝင်း လက်ထက် မူဆလင်များ၏ အခြေအနေ
၁၉၆၂ တွင် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက် ရိုဟင်ဂျာလှုပ်ရှားမှုအားလုံး မြေအောက်အဖွဲ့အစည်း အဖြစ်သို့ ရောက်ရှိသွားကြသည်။ (၁၉၇၃)ခုနှစ်တွင် တော်လှန်ရေးကောင်စီမှ ဖွဲ့အုပ်ချုပ်ပုံအခြေခံ ဥပဒေသစ်ရေးဆွဲသောအခါ ရခိုင်ပြည်မြောက်ပိုင်းမှ မူဆလင်တို့သည် သီးခြားမူဆလင်ပြည်နယ် တည်ထောင်ပေးရန် ဖွဲ့စည်းပုံရေးဆွဲ၍ ကော်မရှင်ထံတင်ပြတောင်းဆိုခဲ့သည်။[28] သို့ရာတွင် ကော်မရှင်မှ ပယ်ချခဲ့သည်။ (၁၉၇၄)တွင် ရွေးကောက်ပွဲ ကျင်းပ သောအခါ မေယုဒေသမှ ဘင်္ဂလီမူဆလင်တို့အား ပြည်သူ့လွတ်တော် ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက် အရွေးခံပိုင်ခွင့်မရှိခဲ့ချေ။ မြန်မာစစ်အစိုးရ အဆက်ဆက်တို့သည် ရခိုင်ပြည်မြောက်ပိုင်းဒေသမှ မူဆလင်တို့အား နိုင်ငံသားဖြစ်မှုကို အသိအမှတ်ပြုခြင်းမရှိခဲ့ပေ။ (၁၉၈၂)နိုင်ငံသားဖြစ်မှု ဥပဒေအရ ပထမ အင်္ဂလိပ် မြန်မာစစ် (၁၈၂၄) မတိုင်မီကရောက်ရှိနေသူများကိုသာ နိုင်ငံသားအဖြစ်အသိအမှတ်ပြုခဲ့သည်။ ၄င်းဥပဒေသည် ရခိုင်ပြည်အတွင်းရှိ မူဆလင် ဘာသာဝင်များအား နိုင်ငံခြားသားအဖြစ် သတ်မှတ်ခဲ့သည်။ (၁၉၈၃)သန်းခေါင်စာရင်းအရ ရခိုင်ပြည်အတွင်းရှိ မူဆလင် အားလုံးအား ဘင်္ဂလီဟုသတ်မှတ်ခဲ့သည်။[29] ၁၉၈၈ အရေးအခင်းကာလအတွင်း မူဆလင်များ တဖန်ထကြွလာခဲ့ပြန်သည်။
လက်ရှိ ရှိနေသော ဘင်္ဂလီမူဆလင်အဖွဲ့များမှာ-
၁) RSO (Rohingya Solidarity Organization)
၂) ARIF (Arakan Rohingya Islamic Front)
၃) RPF (Rohingya Patriotic Front)
၎) RLO (Rohigya Liberation Organization)
၅) ARNO (Arakan Rohingya National Organization)
၆) IMA (Itihadul Mizahadin of Arakan) တို့ဖြစ်ကြသည်။
ကိုးကားချက်
http://anti-rohingya.blogspot.com
0 comments