Related Posts Plugin for WordPress, Blogger...

ဒုတိယပိုင်း
လေ့လာချက်အကျဉ်း

အကြမ်းဖက်ဝါဒနှင့် ရိုဟင်ဂျာခေါ် ဘင်္ဂလီတို့ဆက်နွယ်မှု
(၂၀၀၁) စက်တင်ဘာ (၁၁) အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်၊ အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ဝင်များ အာဖဂန် တာလီဘန်အစိုးရနှင့် အကြမ်းဖက်သမားခေါင်းဆောင် အိုစမာဘင်လာဒင်တို့အား စစ်အရ အရေးယူသောအခါ ရိုဟင်ဂျာခေါ် ဘင်္ဂလီတို့၏ အသွင်သဏ္ဍာန်ကို ကမ္ဘာ့ပြည်သူအပေါင်းတို့ မျက်ဝါးထင်ထင်တွေ့မြင်ကြရသည်။ အမေရိကန် တပ်ဖွဲ့ဝင်များ သိမ်းဆည်းရမိသော မှတ်တမ်းတင်ဗီဒီယိုတိပ်ခွေပေါင်း (၆၀)ကျော်၌ ရိုဟင်ဂျာခေါ် ဘင်္ဂလီတို့ အကြမ်းဖက် သင်တန်းတက်ရောက်ခဲ့သည့် မှတ်တမ်းကို အမေရိကန်(CNN)ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသခဲ့သည်။ [30] အကြမ်းဖက်အဖွဲ့ အစည်းတခုဖြစ်သည့် (Rohingya Solidarity Organization) ကို (၁၉၈၀)ပြည့် ခုနှစ်များအတွင်း တည်ထောင်ခဲ့ပြီး ဒေါက်တာ(Muhammad Yunus) မှ ဦးဆောင်သည်။ ဘင်္ဂလား မြန်မာနယ်စပ် တွင် အခြေစိုက်ပြီး အစွန်းရောက် ဘာသာရေးကို အခြေခံသောအဖွဲ့အစည်းတခုဖြစ်သည်။ (RSO) မူဆလင်ကမ္ဘာမှ ထောက်ပံ့မှုကို အများဆုံးရသော အဖွဲ့အစည်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန် အခြေစိုက်(Jamaat-e-Islami) အာဖဂန်နစ္စတန် အခြေစိုက (Hekmatyar’s Hizb-e-Islami) ဂျမူးနှင့် ကတ်ရှ်မီးယား အခြေစိုက် (Hizb-ul-Mujahideen (HM)နှင့် မလေးရှား အခြေစိုက် (Angkatan Belia Islam sa-Malaysia (ABIM) – the Islamic Youth Organization) တို့မှ အကူ အညီများဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။[31] (RSO) သည် ဘင်္ဂလားဒေ့ရှ် အခြေစိုက် အစွန်းရောက် မူဆလင်အဖွဲ့ တစ်ခု ဖြစ်သည့် (Hakrat-ul-Jihad-al-Islami (HuJI) နှင့်ဆက်သွယ်ကာ တပ်ဖွဲ့ဝင်များအား အာဖဂန်နစ္စတန်သို့ စေလွှတ်ခဲ့သည်။[32] အမေရိကန်နိုင်ငံသား တာလီဘန်တပ်သားတစ်ဦးဖြစ်သည့် (John Walker Lindh)နှင့် (CNN) တွေဆုံခန်းတွင်လည်း ရိုဟင်ဂျာများ ပါဝင်သည်ဟု ပြောဆိုခဲ့သည်။ [33] (၂၀၀၄) သြဂုတ်လ (၁၇) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ဗုံးပေါက်ကွဲမှု (၄၀၀)ကျော် ဖြစ်ပွားခဲ့ရာ၌ (Arakan Rohingya National Organization) ပါဝင်ပတ်သတ်နေကြောင်း ဖေါ်ပြထားသည်။[34] အမေရိကန်မှ အကြမ်းဖက်စစ်ဆင်ရေး ဆင်နွှဲပြီးနောက် အယ်လ်ကိုင်ဒါ အကြမ်းဖက်သမားများ ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ပြောင်းရွှေ့လာခဲ့သည်။ (၂၀၀၃) ဇူလိုင်လအတွင်းက အယ်လ်ကိုင်ဒါနှင့် တာလီဘန်အကြမ်းဖက်သမား(၁၀၀)ကျော်အား (ARNO) မှနေထိုင်ခွင့်ပြုခဲ့သည်ဟု ဖေါ်ပြခဲ့သည်။[35] ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သတ်၍ ရိုဟင်ဂျာခေါ် ဘင်္ဂလီ(၂၅)ယောက်အား ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့မှဖမ်း ဆီးခဲ့သည်။ ဘင်္ဂလီ(၈)ဦးသည် ၄င်းဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်ကြောင်းဝန်ခံခဲ့သည်။[36]

နိုင်ငံတကာဖြစ်ရပ် များအားလေ့လာတင်ပြချက်
နှစ်ဆယ်ရာစုနှောင်းပိုင်းကာလများအတွင်း ဖြစ်ပေါ်ခဲ့သော ဘာသာမတူ ကွဲပြားခြားနားသော ယဉ်ကျေးမှုနှစ်ခုအကြား ဖြစ်ပွားသော စစ်ပွဲများ၏အသွင်သဏ္ဍာန်ကိုလေ့လာရာတွင် မူဆလင်များ အခန်းကဏ္ဍကို ထည့်သွင်း စဉ်းစားရန် လိုအပ်လာသည်။ ဘော့စနီးယားစစ်ပွဲ၏ အသွင်သဏ္ဍာန်သည် ရခိုင်အရေးကို စိတ်ဝင်စားသူများအနေဖြင့် အထူးလေ့လာ သင့်သည်ဟု ယူဆမိပါသည်။ ယခင်ယူဂိုဆလားဗီးယား ပြည်ထောင်စု၌ ဖြစ်ပေါ်ခဲ့သော လူမျိုးရေးမျိုးရေး မျိုးဖြုတ် သုတ်သင်မှုသည် သမိုင်း၌ သင်ခန်းစာယူထိုက်သော ဖြစ်ရပ်ဖြစ်သည်။ လူမျိုးရေးသုတ်သင်မှု ဖြစ်ပေါ်ရသော အဓိက အကြောင်းရင်းမှာ ကိုဆိုဗိုဒေသ၌ လူဦးရေး အချိုးအစားပြောင်းလဲမှုကြောင့်ဖြစ်သည်။[37]
ကိုဆိုဗိုဒေသသည် ယူဂိုဆလားဗီးယား ပြည်ထောင်စုအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ(၆)ခု အနက်တခု အပါအဝင် ဖြစ်သည့် ဆားဘီးယား သမ္မတနိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခုဖြစ်သည်။ ၁၉၆၁ ခုနှစ် ကာလအတွင်း ကိုဆိုဗို ဒေသတွင်နေထိုင့်သည့် လူဦးရေ၏(၆၇)ရာခိုင်နှုန်းသည် အယ်လ်ဘေးနီးယား မူဆလင်ဖြစ်ပြီး ကျန်(၂၄)ရာခိုင်နှုန်းမှာ ခရစ်ယာန် အောသဒေါ့စ် ဆာ့ဘ်အနွယ်ဝင်များဖြစ်ကြသည်။ အယ်လ်ဘေးနီးယားတို့၏ ခလေးမွေးဖွားနှုန်းသည် ဥရောပတွင် အမြင့်ဆုံးဖြစ်သည့်အတွက် ကိုဆိုဗိုဒေသသည် လူဦးရေအထပ်ဆုံးနေရာတခုဖြစ်လာခဲ့သည်။ ဆာ့ဘ် လူမျိုးတို့သည် အလုပ်အကိုင် ရှားပါးမှုကြောင့် ရေကြည်ရာ မြက်နုရာကို ရွှေ့ပြောင်းသွားကြသည့်အတွက် (၁၉၉၁) ခုနှစ်တွင် မူဆလင် (၉၀)ရာခိုင်နှုန်းနှင့် ခရစ်ယန် အာ့သဒေါ့စ် ဆာ့ဘ်(၁၀) ရာခိုင်နှုန်းထိ ပြောင်းလဲသွားခဲ့သည်။[38] ဆာ့ဘ်တို့ အနေဖြင့် ကိုဆိုဗိုဒေသသည် ဂျေရူဆလင်ကဲ့သို့ မြင့်မြတ်သောနေရာဖြစ်သည်။ အော်တိုမင် အင်ပါယာ လက်ထက် (၁၃၈၉) ခုနှစ်တွင် ဖြစ်ပွားသည့် တာခ် နှင့်ဆာ့ဘ်တို့၏ ဘာသာရေးစစ်ပွဲတွင် ဆာ့ဘ်တို့ ရှုံးနိမ့်ပြီး နှစ်ပေါင်း (၅၀၀) နီးပါး အော်တိုမန်လက်အောက်သို့ကျရောက်သွားခဲ့သည်။
(၁၉၈၀)ပြည်နှစ် ကာလများအတွင်း အယ်လ်ဘေး နီယား မူဆလင်တို့မှ ကိုဆိုဗိုဒေသအား ယူဂိုဆလဗ်ပြည်ထောင်စု၏ သီးခြားသမ္မတနိုင်ငံတခုအဖြစ် တည်ထောင်ပေးရန် တောင်းဆိုခဲ့သည်။ ဆာ့ဘ်နှင့်ယူဂိုဆလဗ် အစိုးရတို့မှ ကန့်ကွက် ခဲ့ကြသည်။ အကျိုးဆက်အဖြစ် ဆာ့ဘ်တို့မှ လူဦးရေ မညီမျှမှုသည် ၄င်းတို့၏အသက်အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက် လာကြောင်း ပြောဆိုလာပြီး (၁၉၈၆) ခုနှစ်တွင် ကိုဆိုဗိုဒေသမှ ဆော့ဘ်များ အိမ်နီချင်းပြည်နယ်များသို့ အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့ကြသည်။ ဆာ့ဘ်လူမျိုးအလွှာပေါင်းစုံမှ ထင်ပေါ်ကျော်ကြားသောပုဂ္ဂိုလ်များမှ ကိုဆိုဗိုဒေသတွင် ဆာ့ဘ်တို့အား မျိုးဖြုတ်သတ်ဖြတ်နေမှုကို အရေးယူပေးရန် ယူဂိုဆလဗ်အစိုးရထံ တောင်းဆိုခဲ့သည်။ ဆားဘီးယား မျိုးချစ်ခေါင်းဆောင် မီလိုဆီဗစ်သည် အမျိုးသားရေးစိတ်ဓါတ် နိုးကြားလာမှုကို အခွင့်ကောင်းယူကာ ခေါင်းဆောင် တဦးဖြစ်လာခဲ့သည်။ နှစ်နှစ် အကြာတွင် မီလိုဆီဗစ်သည် ဆာ့ဘ်လူမျိုး နှစ်သန်းနှင့်အတူ ကိုဆိုဗိုသို့ချီတက်လာပြီး မူဆလင်တို့နှင့်ဆင်နွှဲခဲ့သည့် စစ်ပွဲ နှစ်ပေါင်း (၆၀၀) ပြည့် အခမ်းအနား ကျင်းပရန် ချီတက်လာခဲ့သည်။ ဘော့စနီးယား၊ ဟာဇီဂိုဗီးနား၌လည်း လူဦးရေ  အချိုးအစားများစွာ ပြောင်းလဲခဲ့သည်။ ၁၉၆၁ခုနှစ်တွင် ဆာ့ဘ်လူမျိုး (၄၃)ရာခိုင်နှုန်း၊ မူဆလင်(၂၆)ရာခိုင်နှုန်း ရှိရာမှ (၁၉၉၁)ခုနှစ်တွင် ဆာ့ဘ်လူမျိုး(၃၁) ရာခိုင်နှုန်းနှင့် မူဆလင်ဦးရေ(၄၄)ထိ ပြောင်းလဲ သွားခဲ့သည်။

ဤကဲ့သို့ လူဦးရေ မညီမျှမှုနှင့် လူများစုမှ လူနည်းစုအပေါ် အနိုင်ကျင့်ဗိုလ်ကျမှုသည် မျိုးဖြုတ်သန့်စင်ရေး စစ်ပွဲဆီသို့ ဦးတည်ခဲ့ကြောင်းတွေ့ရသည်။[39] လက်ရှိရခိုင်ပြည်၏ လူဦးရေမွေးဖွားနှုန်းကိုကြည့်ပါက လာမည့် ဆယ်စုနှစ်များအတွင်း ဘင်္ဂလီဦးရေသည် ရခိုင်လူဦးရေကိုကျော်တက် သွားမည်ဖြစ်သည်။ သက္ကရာဇ် (၂၀၀၄) ခု မေလ (၁၆) ရက်နေ့တွင် ရိုဟင်ဂျာ အမျိုးသားညီလာခံမှ ထုတ်ပြန်ခဲ့သော ကြေငြာချက်တွင် (၁၉၄၈) မှစ၍ ပြည်ပတွင်ရောက်ရှိနေသည့် ရိုဟင်ဂျာ (၁.၅) သန်းရှိသည်ဟုဖေါ်ပြခဲ့သည်။[40] သို့ရာတွင် ၁၉၈၅ခုနှစ် သန်းခေါင်စရင်းအရ ရခိုင်ပြည်တွင် လူဦးရေ စုစုပေါင်း (၂၆၉၈၀၀၀) ဟုဖေါ်ပြခဲ့သည်။ မူဆလင်ဘာသာဝင် (၂၅) ရာခိုင်နှုန်းရှိကြောင်း ဖေါ်ပြထားသည်။ မူဆလင်ဘာသာဝင်တို့၏ အထိမ်းအကွပ်ကင်းမဲ့သော ကလေးမွေးဖွားနှုန်းသည် ရခိုင်လူဦးရေကို မကြာမီကျော်တက်သွားနိုင်ကြောင်း တွေ့ရသည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် စစ်တွေမဲဆန္ဒ အမှတ်( ) မှဘင်္ဂလီလွတ်တော် ကိုယ်စားလှယ်တစ်ဦး ရွေးကောက်တင် မြှောက်ခြင်းခံရသည်ကို ကြည့်ပါက ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေ၌ ဘင်္ဂလီဦးရေသည် ရခိုင်လူဦးရေထက် များပြား နေသည်ကိုတွေ့ရသည်။ ဤကဲ့သို့ လူဦးရေ အချိုးအစားပြောင်းလဲမှုသည် အနာဂါတ် ကာလအတွင်း လူမျိုးရေး အဓိကရုန်းဖြစ်ပေါ်ရန် ဦးတည်နေသည်။

အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စု၏တည်ငြိမ်ရေးကိုခြိမ်းခြောက်နေသော (မီးပွား)
စစ်အာဏာရှင် အဆက်ဆက်၏ အုပ်စိုးမှုအောက်၌ ဒီမိုကရေစီဆိတ်သုန်းခြင်းနှင့် တိုင်းရင်းသား တန်းတူညီမျှမှု အခွင့် အရေးများ ဆုံးရှုံးခြင်းတို့ကြောင့် ပြည်သူလူထုတရပ်လုံးက ဆယ်စုနှစ်ပေါင်းများစွာ ဒုက္ခခံစားကြရသည်။ မြန်မာ နိုင်ငံ၏ပြဿနာသည် ဖွဲ့စည်းပုံနှင့်ဆိုင်သော နိုင်ငံရေးပြဿနာဖြစ်သည်။[41] ထို့အတွက် အနာဂါတ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်ရေး နှီးနှောဖလှယ်ပွဲတရပ်ကို သက္ကရာဇ်(၂၀၀၅)ခုနှစ် ဖေဖော်ဝါရီ(၉)ရက်မှ (၁၂)ရက်ထိ နယ်စပ်တနေရာတွင် ကျင်းပခဲ့ပြီး အခြေခံမူ(၈)ချက်ကို ချမှတ်ခဲ့သည်။ အစည်းအဝေးသို့ လွတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းမှ ခေါင်းဆောင်များ နှင့်ကိုယ်စားလှယ်စုစုပေါင်း (၁၀၆) ဦးတက် ရောက် ခဲ့ကြပြီး၊ အခြေခံမူ(၈)ချက်ကို တညီတညွတ်တည်း အတည်ပြုနိုင်ခဲ့ကြသည်။[42] ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ပြည်သူ လူထုအား အာမခံပေးနိုင်မည့်အရာဖြစ်သည်။ သို့ရာတွင် ယခုပေါ်ပေါက်လာမည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ရိုဟင်ဂျာတို့၏ သဘော ထင်ဟတ်မှုမရှိသည့်အတွက် အကြံပြုလိုသည်မှာ ရိုဟင်ဂျာတို့၏ ပြဿနာကိုမဖြေရှင်းနိုင်သရွေ့ မြန်မာ နိုင်ငံတွင်ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေမည်ဟု အကြံပြုလိုပါသည်[43] ဟု (ARNO) ခေါင်းဆောင် (Nuru Islam) ၏ ပေါ်လစီစာတန်းတွင် ဖေါ်ပြထားသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး နောက်ပိုင်း ဘင်္ဂလီများသည် ပါကစ္စတန်နှင့် ပူးပေါင်းရေး(Pakistan Jindabad) ကိုကြွေးကြော်လာခဲ့သည်။ သို့ရာတွင် ပါကစ္စတန်အစိုးရမှ လက်မခံသည့် အတွက်ကြောင့် ၄င်းတို့၏ပေါ်လစီမှာ မှေးမှိန်သွားခဲ့သည်။ နောက်ပိုင်းတွင် အစ္စလမ်ကို အခြေပြုသည့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရပြည်နယ် တည်ထောင်ရန်တောင်းဆိုလာခဲ့သည်။ ဘင်္ဂလီတို့၏ (ရိုဟင်ဂျာ) တိုင်းရင်းသားဟု အသိအမှတ်ပြုရန် တောင်းဆိုလာမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိရန် တောင်းဆိုလာမှုသည် ရခိုင်လူမျိုးတို့၏ အသက်ရှင်ရပ်တည်ရေးနှင့် နယ်မြေပိုင်ဆိုင်မှုကို တိုက်ရိုက်ခြိမ်းခြောက်လာခဲ့သည်။
ရခိုင်လူမျိုးတို့၏ (အမျိုးသီလ၊ နှစ်ဌါနကို၊ ပြည့်ဝမဏ္ဍိုင်၊ စောင့်စွမ်းနိုင်သည်၊ ရက္ခိုင်နာမ၊ ဘွဲ့မည်လှဖြင့်၊ အန္နတ္တသညာ၊ ခေါ်အပ်ရာတည်း) ဟူသော အမျိုးသားရေးဆိုင်ရာ အတွေးအခေါ်ကိုပါ တိုက်ရိုက်ခြိမ်းခြောက်လာသည့် အတွက် အနာ ဂါတ်တွင်လည်း ငြိမ်းချမ်းစွာလက်တွဲနေထိုင်ရေးဟူသော အတွေးအခေါ်မှာလည်း ဖြစ်လာနိုင်ခြေမရှိကြောင်း တွေ့ရသည်။ ရခိုင်လူမျိုးတို့သည် လက်ရှိပိုင်ဆိုင်ထားသော နယ်မြေအား ဗျာဒိတ်မြေဟုခံယူထားခြင်းနှင့် ရခိုင်ဖြစ်လျှင် ဗုဒ္ဓဘာသာ ဖြစ်ရမည်ဟူသော အတွေးအခေါ်သည် (Jihad)[44] ကို အခြေပြုထားသည့် အစ္စလာမ်ဘာသာ ချဲ့ထွင်ရေးနှင့် ဖြောင့်ဖြောင့် ကြီးဆန့်ကျင် နေသည့်အတွက် အနာဂါတ် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရာတွင် ကြီးမားသော စိမ်ခေါ်မှုနှင့် ရင်ဆိုင် ရနိုင်သည်။

ကိုးကားချက်
[30] Championing Islamist Extremism, Bertil Linter, Far Eastern Economic Review ( FEER), September 16, 2002.
[31] Ibid.
 [32]Ibid.
 [33] Ibid.
[34] Fear of the Dhaka in fanatic grip, the telegraph, August 21, 2005.
 [35] Ibid.
 [36] Burmese Muslim Seventeen Jailed, Eight Remanded, Narinjara News, October 20, 2005.
 [37] The Clash of civilization, the remarking of world order, Samuel P. Huntington, Simon and Schuster, New York. 1996.
[38] Balkan Tragedy, Chaos and dissolution after cold war, Susan Woodward, Washington DC, 1995.
[39] The Clash of civilization, the remarking of world order, Samuel P. Huntington, Simon and Schuster, New York. 1996.
[40] The statement of Rohingya National Convention, May 16, 2004.
 [41] Statement on Basic Principle Seminar, February9-12-2005.
[42] Ibid.
[43] Rohingya Autonomous State A Must in the Future Constitution of Burma, Nuru Islam, ARNO’s press department.
[44] . Jihad (ဤစစ်ပွဲမျိုးမှာ အစ္စလာမ်ဘာသာ ထွန်းကားရေးနှင့်တည်မြဲရေးအတွက် ဆင်နွဲ့ရသောစစ်ပွဲ အမျိုးအစားဖြစ်သည်။ အစ္စလာမ်ဘာသာဝင်များအဖို့ မိမိအသက်၊ ခန္ဓာနှင့် ဓနဥစ္စာကို ဤကဲ့သို့သော စစ်ပွဲများကြောင့် ရရှိသောကုသိုလ်ထက်ကြီးမြတ်သောအရာ ဟူ၍ မရှိဟူသော ယုံကြည်ချက်ဖြစ်သည်။



http://anti-rohingya.blogspot.com

Posted by Arakan Man on 9/04/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ