Related Posts Plugin for WordPress, Blogger...


ဘင်္ဂါလီနှင့် လက်နက်ပါသော စက်လှေတစ်စင်းကို ပင်လယ်ပြင်၌ ဖမ်းဆီးရမိ
==========================================
မြိတ်ခရိုင်အပိုင် ပင်လယ်ပြင်၌ ဘင်္ဂါလီ အချို့နှင့်အတူ အေကေ ၄၇ သေနတ်တစ်လက် ကိုပါ ဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးနေကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး မျိုးမင်းအောင်က ပြောသည်။စက်တင်ဘာလ ၁ ရက်နေ့က ကုန်တင် စက်လှေတစ်စင်းကိုပင်လယ်တွင်း၌ တပ်မတော် ရေမှ မသင်္ကာဖွယ်ရာတွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ လက်နက်နှင့်အတူ ကျည်တောင့်များတွေ့ရှိခဲ့သဖြင့် တပ်မတော်ရေက ဘင်္ဂါလီ ၅ ဦးနှင့် လှေသား ၁၃ ဦးကို ထိန်းသိမ်းခဲ့ကြောင်း၊ ပြီးနောက် ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့ရာ စက်တင်ဘာ လ ၃ ရက်မှစကာ အမှုဖွင့်၍ စစ်ဆေးနေ ကြောင်း ၄င်းက ဆိုသည်။”ကျွန်တော်တို့ မြိတ်မြို့မ ရဲစခန်းမှာပဲ အမှုဖွင့်လိုက်ပါတယ်”ဟု ဒုတိယရဲမှူးကြီးက ဆက်ပြောသည်။သေနတ် ၁ လက်နှင့်အတူ ကျည်တောင့် ၂၁ တောင့်ကို ဖမ်းဆီးရမိခဲ့ပြီး အမှုမှန် ပေါ်ပေါက်ရန် စစ်ဆေးနေပြီဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထပ်ဆိုသည်။အဆိုပါ ကုန်တင်စက်လှေမှာ မြိတ်မြို့မှ ပင်လယ်သို့ထွက်ခွာလာစဉ် ထိန်းသိမ်းခြင်း ဖြစ် သည်။ လှေသား ၁၃ ဦးနှင့်အတူ ဘင်္ဂါလီ ၅ ဦး စလုံးကို ဖမ်းဆီးထိန်းသိမ်း ထားခဲ့ပြီး စစ်ဆေး မှု စတင်နေကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။PN-051

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ