Related Posts Plugin for WordPress, Blogger...

ရန်ကုန်၊ ဇွန် ၁၄- မြန်မာနိုင်ငံသည် ဒီမို ကရေစီစနစ်နှင့် နှစ်ပေါင်းများစွာ ဝေးကွာ ခဲ့သည့်အတွက် ပြုပြင်ပြောင်းလဲရေး ဆောင် ရွက်ရာတွင် အလောသုံးဆယ် ပြောင်းလဲရန် မသင့်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန် ကပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ''တိုင်းပြည်က ဒီမိုကရေစီစနစ်နဲ့ နှစ် ပေါင်းများစွာ ဝေးကွာခဲ့ရတဲ့အတွက် ဒီမို ကရေစီစနစ်ရဲ့ အတွေ့အကြုံကောင်းတွေ၊ အလေ့အကျင့်တွေ မရှိခဲ့လို့ပါ။ ဒါကြောင့် ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါမှာ ဘယ် စနစ်ပဲဖြစ်စေ အတွေ့အကြုံနဲ့ အလေ့အ ကျင့်မရှိဘဲနဲ့ အလောသုံးဆယ် မပြောင်း လဲသင့်ဘူးဆိုတာ အမှန်ပဲဖြစ်ပါတယ်''ဟု ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့၌ ဇွန် ၁၄ ရက်ကပြုလုပ်သည့် ကျေးလက်ဒေသဖွံ့ ဖြိုးရေးနှင့်လူမှုစီးပွားဘဝ မြှင့်တင်ရေးအခမ်း အနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းကြောင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးတို့တွင် ပြုပြင် ပြောင်းလဲမှုများ
ဆောင်ရွက်ရာ၌ ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် သေချာတိုင်ပင်ပြီး မှသာ ပြောင်းလဲဆောင်ရွက်ခဲ့သည်ဟု ဆက် လက်ပြောကြားခဲ့သည်။

အစိုးရသက်တမ်း သုံးနှစ်ကျော် ကာလတွင် သိသာမြင်သာသော ပြုပြင် ပြောင်းလဲမှုများကို
ဆောင်ရွက်နိုင်ခြင်း ရှိ သကဲ့သို့ မဆောင်ရွက်နိုင်သေးသည့် ကိစ္စ များလည်းရှိကြောင်း၊ မမျှော်လင့်သော အ ခက်အခဲနှင့် စိန်ခေါ်မှုများကိုလည်း ရင်ဆိုင် ခဲ့ရသည်ဟု ဆိုသည်။
အဆိုပါအခမ်းအနားတွင် ဧရာ ဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ မြောင်းမြ ခရိုင်၊ ဖျာပုံခရိုင်၊ ဟင်္သာတခရိုင်၊ မအူပင် ခရိုင်နှင့် လပွတ္တာခရိုင်များအတွက် မိုးရာသီ သမဝါယမ ချေးငွေစုစုပေါင်း ၁၁ ဘီလီယံ ကျော်ကို ပေးအပ်ခဲ့ကြောင်းသိရသည်။

Yangon Media Group

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ