Related Posts Plugin for WordPress, Blogger...




ကန်တော်မင်ပန်းခြံကို ဦးဥတ္တမ ပန်းခြံအဖြစ် ပြန်လည်သတ်မှတ်ပေးရန် ရခိုင်တိုင်းရင်းသားများက အစိုးရအဖွဲ့ကို တောင်းဆို

ရန်ကုန်မြို့ရှိ ကန်တော်မင် ပန်းခြံအား ဦးဥတ္တမ ပန်းခြံအဖြစ် ပြန်လည်သတ်မှတ်ပေးရန် ရခိုင်တိုင်းရင်းသားများက အစိုးရအဖွဲ့အား တောင်းဆိုထားကြောင်း စက်တင်ဘာ ၄ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဓည၀တီ ကျောင်းတိုက်တွင် ပြုလုပ်သည့် (၇၄)နှစ်မြောက် ဦးဥတ္တမနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရေးနှင့် ပတ်သက်ပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က "စစ်တွေမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညိုက လွှတ်တော်တွင် ရန်ကုန်မြို့မှာ အရင်တုန်းက ဦးဥတ္တမပန်းခြံဆိုပြီးတော့ သတ်မှတ်ခဲ့တဲ့ ကန်တော်မင်ပန်းခြံဟာ ဦးဥတ္တမပန်းခြံကနေ နာမည်ပြောင်းသွားပြီးတော့ ကန်တော်မင်ပန်းခြံ ပြန်ဖြစ်သွားတယ်။ အဲဒီ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် ပြန်ပြောင်းမယ့် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနဲ့ ရှိရင်လည်း ဘယ်တော့ပြန်လုပ်မလဲ ဦးဥတ္တမ ရုပ်တုကြီးပြန်ထားဖို့ အစီအစဉ် ရှိ၊ မရှိ မေးခွန်းမေးတဲ့ အခါမှာ သက်ဆိုင်ရာ ၀န်ကြီးဌာန ၀န်ကြီးက သမိုင်းအထောက်အထား မရှိဘူးဟု ပြန်လည်ဖြေဆိုခဲ့ရာ ရခိုင်တိုင်းရင်းသား ပြည်သူလူထုများက ၀မ်းနည်းခဲ့ရပါတယ်" ဟု ပြောကြားသည်။

၁၉၇၆ ခုနှစ်က ထုတ်ခဲ့သည့် မြန်မာ့စွယ်စုံကြမ်း အတွဲ ၁၅ နှင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာ သင်ရိုးညွှန်းတမ်း သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ် ကော်မတီက ပြဋ္ဌာန်းထုတ်ဝေခဲ့သည့် စတုတ္ထတန်း မြန်မာသမိုင်းဖတ်စာတို့တွင် ဆရာတော်ဦးဥတ္တမသည် မြန်မာနိုင်ငံအတွက် အနစ်နာခံပြီး နိုင်ငံရေးနိုးကြားလာအောင် ဆောင်ရွက်ပေးသည့် ပုဂ္ဂိုလ်ဖြစ်သဖြင့် နိုင်ငံတော်က သူ့ကျေးဇူးကို မမေ့ခဲ့ချေ။ ထို့ကြောင့် နိုင်ငံတော် အစိုးရက ကန်တော်မင်ပန်းခြံကို ဦးဥတ္တမ ပန်းခြံဟု အမည်ပြောင်းပြီး ဂုဏ်ပြုခဲ့သည်ဟု အတိအလင်း ရေးထားကြောင်း ဦးဇော်အေးမောင်က ပြောကြားသည်။

"သမိုင်းအထောက်အထား မရှိဘူးလို့ ပြောတာကို သမိုင်းအထောက်အထား ရှိပါတယ်ဆိုပြီး ယဉ်ကျေးမှု ၀န်ကြီးဌာနကို တင်ပြထားပါတယ်။ လက်ရှိအစိုးရက ဒီမိုကရေစီ အစိုးရ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ လွတ်လပ်ရေး မီးရှူးတန်ဆောင်ဖြစ်တဲ့ ဆရာတော် ဦးဥတ္တမရဲ့ ကျေးဇူးကို ပြန်လည်ထောက်ထား ကျေးဇူးဆပ်တဲ့ အနေနဲ့ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် သမိုင်းအထောက်အထားအားလုံး တင်ပြနိုင်ရင် ပြန်လည်ပြောင်းလဲ သတ်မှတ်ပေးလိမ့်မယ်လို့ ကျွန်တော်တို့ ရခိုင်ပြည်သူလူထု အားလုံးက ယုံကြည်လျက် ရှိပါတယ်" ဟု ဦးဇော်အေးမောင်က ဆိုသည်။

သြဂုတ် ၁၁ ရက်က ဓည၀တီ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည့် ဆရာတော်ဦးဥတ္တမနေ့ အောက်မေ့ဖွယ် ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ အစည်းအဝေးတွင် ကန်တော်မင်ပန်းခြံအား ဆရာတော်ဦးဥတ္တမ ပန်းခြံအဖြစ် ပြောင်းလဲသတ်မှတ်ပေးရန် နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့များထံသို့ ရခိုင်တစ်မျိုးသားလုံးက အလေးအနက် တောင်းဆိုကြောင်း ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

ဓာတ်ပုံ - ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရေးနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။
Arakan Thein



0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ