Related Posts Plugin for WordPress, Blogger...

မြောက်ဦးမြို့ အ.ထ.က (၁) ကျောင်းတွင် မြောက်ဦးမြို့လုံးကျွတ် ဦးဥတ္တမ အခမ်းအနား ကျင်းပရေးကော်မတီမှ ဦးဆောင်ပြီး ဦးဥတ္တမနေ့ အခမ်းအနား အမှတ်တရအဖြစ် ဦးဥတ္တမအကြောင်း ဥာဏ်စမ်း စာမေးပွဲတစ်ခုကို စက်တင်ဘာလ ၄ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျောင်းသား/သူများမှ ဆရာတော် ဦးဥတ္တမအကြောင်း ဥာဏ်စမ်းစာမေးပွဲကို ဖြေဆိုနေကြစဉ်။ (ဓါတ်ပုံ - အောင်စိုးမြင့်)ကျောင်းသား/သူများမှ ဆရာတော် ဦးဥတ္တမအကြောင်း ဥာဏ်စမ်းစာမေးပွဲကို ဖြေဆိုနေကြစဉ်။ (ဓါတ်ပုံ - အောင်စိုးမြင့်)
ယခုခေတ် ကျောင်းသား/သူများသည် မြန်မာ့လွတ်လပ်ရေး မီးရှုးတန်ဆောင်ဖြစ်သော ဆရာတော် ဦးဥတ္တမအကြောင်းကို မသိသူများပြားနေပြီး ဆရာတော် ဦးဥတ္တမမှ စာပေပညာများကို မည်သို့ ကြိုးစားခဲ့ပုံ၊ နိုင်ငံရေးများတွင် မည်ကဲ့သို့ တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ပုံများကို သိလာစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်း ဖြစ်ကြောင်း မြို့လုံးကျွတ် ဦးဥတ္တမ အခမ်းအနား ကျင်းပရေးကော်မတီ၏ အတွင်းရေးမှူး ကိုထွန်းထွန်းမှ ယခုလိုပြောသည်။
"ရည်ရွယ်ချက်ကတော့ အခုခေတ် ကျောင်းသူ၊ ကျောင်းသားတွေက ဦးဥတ္တမဆိုတာကိုတောင် မသိကြဘူး။ ပြောရမယ်ဆိုရင် အိမ်မှာ ပန်းချီဆွဲပြီး ကပ်ထားတာတောင် ဦးဥတ္တမမှန်း မသိကြတော့ဘူး။ အဲဒါကြောင့် ဆရာတော် ဦးဥတ္တမလို စာပေပညာကို ကြိုးစားခဲ့တာတွေ၊ နိုင်ငံရေးတွေမှာ တက်တက်ကြွကြွ လုပ်ဆောင်ခဲ့တာတွေကို သိစေချင်တဲ့ဆန္ဒနဲ့ ရည်ရွယ်ချက်နဲ့ ယခုလိုကျင်းပရတာ ဖြစ်ပါတယ်။ " ဟု ပြောသည်။
ဥာဏ်စမ်းစာမေးပွဲအား နေ့လည် ၁ နာရီမှ ၁ နာရီခွဲထိ ကျင်းပခဲ့ပြီး အထက်တန်း၊ အလယ်တန်းမှ ကျောင်းသား/သူပေါင်း ၂၅၂ ဦးဖြေဆိုခဲ့ကြောင်း သိရသည်။
ဥာဏ်စမ်းစာမေးပွဲ မကျင်းပခင် စက်တင်ဘာလ ၂ ရက်နေ့က မြို့ပေါ်ရှိကျောင်းများတွင် ဦးဥတ္တမအကြောင်း ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း၊ ယခုကဲ့သို့ ဖြေဆိုသူ ကျောင်းသားဦးရေ များပြားလာခြင်းမှာ လွန်ခဲ့သော သြဂုတ်လ ၁၄ ရက် ဦးဦးသာထွန်းနေ့တွင် ယခုကဲ့သို့ စာမေးပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ထိုအချိန်ကတည်းက ကြိုတင်ပြောကြားခဲ့သည့်ဟု ကိုထွန်းထွန်းမှ ပြောသည်။
" ကျွန်တော်တို့ စာမေးပွဲမလုပ်ခင် ၂ ရက်အလိုက မြို့ပေါ်မှာရှိတဲ့ ကျောင်းတွေကို လိုက်ပြီးတော့ ဆရာတော် ဦးဥတ္တမနဲ့ ပတ်သက်တဲ့အကြောင်းတွေကို ဟောပြောခဲ့တယ်။ အခု လာဖြေကြတဲ့ ကျောင်းသားတွေ ဘာဖြစ်လို့ ဦးရေ များသွားလဲဆိုတော့ လွန်ခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့ ဦးဦးသာထွန်း အခမ်းအနားမှာလည်း ရခိုင်သမိုင်းဆိုင်ရာ တစ်ခုလုံးကို မေးပြီးတော့ အ.ထ.က (၁) မှာပဲ အလယ်တန်း၊ အထက်တန်း ကျောင်းသား ၅၆ ယောက်ကို စာမေးပွဲစစ်ခဲ့ပါတယ်။ အဲဒီမှာ နောက်လာမဲ့ ဦးဥတ္တမနေ့မှာလည်း ဒီလို စာမေးပွဲ ရှိတယ်ဆိုပြီးတော့ သူတို့ကို ကြိုတင် ပြောထားတဲ့အတွက် အခုလို များလာတာ ဖြစ်ပါတယ်။ " ဟု သူပြောသည်။
ဥာဏ်စမ်းစာမေးပွဲတွင် ဦးဥတ္တမနှင့် ပတ်သက်သော မေးခွန်းများမှာ ကွက်လပ်ဖြည့်၊ မေးခွန်းများနှင့် အဖြေသုံးခုထဲမှ အမှန်တစ်ခုကို ရွေးချယ်ရသော မေးခွန်းပုံစံများဖြင့် အမှတ် ၃၀ ဖို့ မေးထားကြောင်း သိရသည်။ အဆိုပါ အောင်စာရင်းအဖြေများကို လာမည့် စက်တင်ဘာလ ၈ ရက်နေ့တွင် ကျောင်းများသို့ အကြောင်းကြားမည်ဖြစ်ပြီး ဆုရရှိသော ကျောင်းသား/သူများအား ၉ ရက်နေ့တွင် ကျင်းပမည့် ဆရာတော်၏ အခမ်းအနားတွင် ဦးဥတ္တမ အောက်မေ့ဖွယ် အခမ်းအနားတွင် ဖြစ်မြောက်ရေးကော်မတီမှ လောကမာန်အောင်ကျောင်း ဘုရားရင်ပြင်တွင် ဂုဏ်ပြုလက်မှတ်များဖြင့် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သူကဆိုသည်။
ကျောင်းသား/သူများမှ တက်တက်ကြွကြွဖြင့် ဖြေဆိုနေကြစဉ်။ ကျောင်းသား/သူများမှ တက်တက်ကြွကြွဖြင့် ဖြေဆိုနေကြစဉ်။
" ကွက်လပ်ဖြည့်တာက ၁၀ မှတ်၊ သုံးမျိုးထဲက တစ်မျိုးရွေးချယ်တာက ၁၀ မှတ်ဖိုးနှင့် မေးခွန်းက တစ်ခုကို ၂ မှတ်နဲ့ မေးခွန်း ၅ ခုဖြစ်ပါတယ်။ အောင်စရင်းကိုတော့ စက်တင်ဘာ ၈ ရက်နေ့မှာ ထွက်ရှိမှာဖြစ်တဲ့အတွက် ဖြေဆိုလာကြတဲ့ ကျောင်းတွေဆီကို အကြောင်းကြားမယ်။ ဆုငွေတွေကတော့ ပထမဆု ၁၅၀၀၀ ကျပ်၊ ဒုတိယဆု ၁၀၀၀၀ ကျပ်နှင့် တတိယဆု ၅၀၀၀ ကျပ် ဖြစ်ပါတယ်။ " ဟု ကိုထွန်းထွန်းက ပြောသည်။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဦးဥတ္တမဥာဏ်စမ်းစာမေးပွဲ ဖြေဆိုကြရာတွင် စိတ်ဝင်စားမှုရှိကြပြီး တချို့သော ကျောင်းသား/ သူများမှာလည်း ဆရာတော် အကြောင်းကို လုံးဝမသိသေးသူများ ပါဝင်နေကြကြောင်း သိရသည်။
ယခုလို ဥာဏ်စမ်းစာမေးပွဲများကို နောက်နှစ်တွင်လည်း ယခုထက် ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်သွားမည်ဖြစ်ပြီး ဥာဏ်စမ်း စာမေးပွဲများအပြင် ဦးဥတ္တမ ပုံတူပန်းချီများ၊ စာစီစာကုံး ပြိုင်ပွဲများကိုလည်း ဒေသပေါင်းစုံတွင် ကျင်းပပေးနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်လူမျိုးတို့၏ မည်သည့်အခါမှ မေ့ပျောက်မရသည့် နေ့များဖြစ်သော ဒီဇင်ဘာ ၃၁ ရခိုင်အချုပ်အခြာ အာဏာ ကျဆုံးနေ့၊ သြဂတ်စ် ၁၃ စစ်တွေ ဆန်ပြဿနာနေ့၊ ဆရာကြီး ဦးဦးသာထွန်း ကွယ်လွန်သောနေ့၊ ရခိုင်ပြည်နယ်နေ့ စသည့်နေ့များတွင်လည်း ၄င်းနှင့် သက်ဆိုင်သော ဥာဏ်စမ်းစာမေးပွဲ၊ စာစီစာကုံးပြိုင်ပွဲ စသည်တို့ကို ဒေသပေါင်းစုံတွင် ကျင်းပပေးနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ကော်မတီကဆိုသည်။
(၇၄) ကြိမ်မြောက် ဆရာတော် ဦးဥတ္တမ အခမ်အနားကို မြောက်ဦးမြို့တွင် မြို့လုံးကျွတ် ဦးဥတ္တမ အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီမှ ဦးဆောင်ကာ လာမည့် စက်တင်ဘာလ ၉ ရက်နေ့တွင် လောကမာရ်အောင်ကျောင်း ဘုရားရင်ပြင်တွင် သံဃာတော် ၁၁ ပါးအား ပင့်ဖိတ်ကာ ပရိတ်တရားတော် နာယူပြီး အမျှဝေ သွားမည်ဖြစ်ကြောင်း၊ သံဃာတော် နှစ်ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးမှလည်း ဆရာတော် ဦးဥတ္တမအကြာင်း ဟောပြောသွားမည်ဖြစ်ပြီး မဟောပြောခင် လူမှုအဖွဲ့အစည်းများမှ ကိုယ့်အဖွဲ့နှင့်ကိုယ် မြို့ထဲသို့လှည့်လည်ပြီး စီတန်းလမ်းလျှောက်သွား မည်ဖြစ်ကြောင်း သိရသည်။
မေးခွန်းစာရွက်။ မေးခွန်းစာရွက်။
  

www.arakantimes.net

Posted by Arakan Man on 9/05/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ