Related Posts Plugin for WordPress, Blogger...

(နိရဉ္စရာ- ၁၃ စက်တင်္ဘာ ၂၀၁၃)
 မြန်မာ အနောက်ဘက် နယ်စပ် ကင်းစခန်း တစ်ခုကို တွေ့ရစဉ်။ ( ဓါတ်ပုံ -  နိရဉ္စရာ)
မြန်မာ အနောက်ဘက် နယ်စပ် ကင်းစခန်း တစ်ခုကို တွေ့ရစဉ်။ ( ဓါတ်ပုံ – နိရဉ္စရာ)
မြန်မာ အနေဖြင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံနှင့် နယ်စပ်လုံခြုံရေးကို ဆွေးနွေးရန် ဆန္ဒပြင်းပြနေကြောင်း စက်တင်္ဘာ ၉ရက်နေ့ထုတ် The Independent သတင်းစာတွင် “ Burma keens on security dialogue with Bangladesh” ခေါင်းစည်းဖြင့် ဖေါ်ပြသည်။
ထိုသို့ နယ်စပ်လုံခြုံရေးကို မြန်မာက ဆွေးနွေးရန် လိုလားနေခြင်းမှာ နယ်စပ်ကို ဖြတ်ကျော် ၀င်ရောက်နေသော မှောင်ခိုနှင့် လူကုန်ကူးမူကို နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်လို၍ ဖြစ်ကြောင်း သတင်းစာက ဖေါ်ပြသည်။
၎င်းပြင် သတင်းစာက ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာန အတွင်းဝန် Shahidul Haque ကိုးကားပြီး ဖေါ်ပြရာတွင် ဘင်္ဂလာဒေခ်ျ့ဘက်မှ နယ်စပ်လုံခြုံရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရန် ကမ်းလှမ်းချက် အပေါ် မြန်မာဘက်က စိတ်ဝင်တစားနှင့် တုန့်ပြန်လာသည်ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့သည် များမကြာမီက နယ်စပ်တလျှောက် လုံခြုံရေးနှင့် နယ်စပ် ဒေသ တည်ငြိမ်ရေး အတွက် ဆွေးနွေးရန် မြန်မာဘက်ကို ကမ်းလှမ်းခဲ့သည်ဟု သတင်းစာက ဆိုသည်။
တွေ့ဆုံ ဆွးနွေးခြင်းသည် နှစ်ဘက်နိုင်ငံ နယ်စပ် တလျှောက်ရှိ တပ်ဖွဲ့များ၏ ပူးပေါင်း ဆောင်ရွက်မူကို တိုးမြင့်လာစေနိုင်သည်ဟု ပြောသည်။ ယခုအခါ ဆွေးနွေးမူမှာ ဆက်လက် ပြုလုပ်နေဆဲ ဖြစ်သည်ဟု ဆိုသည်။
နေပြည်တော်တွင် ပြုလုပ်ခဲ့သော (၇) ကြိမ်မြောက် နိုင်ငံခြားရေး ညွှန်ကြားရေးမှူး အဆင့် ဆွေးနွေးပွဲတွင် ဘင်္ဂလာဒေခ်ျ့ဘက်မှ ၎င်းနယ်စပ် လုံခြုံရေးကိစ္စကို ဆွေးနွေးရန် အဆိုပြု တင်ပြခဲ့ကြောင်း၊ ထိုသို့ တင်ပြခဲ့ခြင်းမှာ မြန်မာဘက်မှ မှောင်ခို လက်နက်များနှင့် မူးယစ်ဆေးဝါးများ (အထူးသဖြင့် ယာဘား) များ ဘင်္ဂလာဒေခ်ျ့ ၀င်ရောက်နေ၍ ဖြစ်ကြောင်း၊ ထိုအခြေအနေများကြောင့် နယ်စပ်တလျှောက်တွင် လူမူရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်ကြောင်း ပြောသည်။
နယ်စပ် တလျှောက် လူကုန်ကူးမူနှင့် မူးယစ်ဆေးဝါးသည် အမှန်ပင် ဘင်္ဂလာဒေခ်ျ့အား ပြဿနာ ဖြစ်ပွားစေကြောင်း ဘင်္ဂလာဒေခ်ျ့ဘက်က ပြောဆိုသည်။
နှစ်နိုင်ငံ အကြား နယ်စပ် လုံခြုံရေး နှင့် ပတ်သက်ပြီး ဆွေးနွေးမူမှာ စတင် ခါစပင် ရှိသေးသည်ဟု ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ပြောကြောင်း သတင်းတွင် ရေးသားထားသည်။


နိရဉ္စရာ

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ