Related Posts Plugin for WordPress, Blogger...

( နိရဉ္စရာ- ၁၂ စက်တင်္ဘာ ၂၀၁၃) /  မောင်အေး

Protest-Against-the-Shwe-Gas-Project-&-CNPC-in---Maday
ခွင့်ပြုချက်မရဘဲ ဆန္ဒဖေါ်ထုတ်ပွဲကို ဦးဆောင်သူ (၁၀) ဦး အမူကို ယနေ့ စီရင်ချက် ချမည် ဖြစ်ရာ ကျောက်ဖြူမြို့နယ် တရားရုံးတွင် လုံခြုံရေးကို တိုးမြှင့် ချထားသည်ဟု မျက်မြင် တစ်ဦး ဖြစ်သူ ကျောက်ဖြူ လူမှုကွန်ယက်အဖွဲ့မှ ကိုထွန်းလွှင်က ပြောသည်။
ယခုကဲ့သို့ လုံခြုံရေးကို တိုးမြှင့်ချထားခြင်းမှာ ရာနှင့်ချီသော ဒေသခံ ပြည်သူများ တရားရုံး၏ စီရင်ချက်ကို နားထောင်ရန် လာရောက်နေကြ၍ ဖြစ်ကြောင်း သူက ဆက်ပြောသည်။
“ အဓိက ဦးဆောင်သူ အဖြစ် တရားစွဲခံထားရတဲ့ ကိုထွန်းကြည်နဲ့ အဖွဲ့က မရောက်သေးဘူး။ ကျွန်တော်တို့ကို ထွန်းကြည်တို့ကို စောင့်နေပါတယ်။ အခု ရုံးမှာ ရဲတွေ အပြည့် ချထားပါတယ်။ ရုံးထဲကို ၀င်မရဖြစ်နေတယ်။ နယ်ကလူတွေကလည်း လာနေကြပါတယ်” ဟု နေ့လယ် ၁၂ နာရီခန့်တွင် မေးမြန်းစဉ် သူက ပြောကြားသည်။
မဒေးကျွန်းပေါ်ရှိ ကျေးရွာများမှ ရွာသား ၄၀၀ ခန့်သည်  စက်လှေ ၄ စီးဖြင့် ကျောက်ဖြူသို့ ရောက်ရှိနေကြပြီး  တခြားကျေးရွာများမှ ပြည်သူများလည်း  ဆိုင်ကယ်များ၊ စက်လှေများဖြင့် လာရောက်နေကြသည်ဟု သူက ဆိုသည်။
ကိုထွန်းကြည်အပါအ၀င် တရားစွဲဆိုခံထားရသည့် ဆန္ဒပြခေါင်းဆောင် ၁၀ ဦးကို ယနေ့ နေ့လည် ၁ နာရီခန့် တွင် စီရင်ချက် ချမည်ဖြစ်ကြောင်း သိရသည်။
ကိုထွန်းကြည် အပါအ၀င် လူမူရေး လူပ်ရှားသူ (၁၀) ဦးကို  ဦးဆောင်သူများဟု စွပ်စွဲကာ တရားစွဲဆိုထားမူ အပေါ် ဒေသခံ ပြည်သူများက အထူး မကျေမနပ် ဖြစ်နေကြသည်ဟု ကျောက်ဖြူ မြို့ပေါ်မှ  ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း အရေး လူပ်ရှားနေသူ ကိုအထွန်းချေက ပြောသည်။
“ ခွင့်ပြုချက် တင်တော့လည်း ခွင့်ပြုချက်မပေးဘူး။ ဒေသခံတွေ နစ်နေတာ ကျတော့လည်း ထိထိရောက်ရောက် ဖြေရှင်းမပေးဘူး။ ဒါကြောင့် တခြားရွှေးစရာ လမ်းမရှိတဲ့ အတွက် ရွာသားတွေက ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ကြတာ ဖြစ်တယ်။ ဒီထဲကမှ လူ ၁၀ ဦးကို ဦးဆောင်သူတွေဆိုပြီး ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုတယ်ဆိုတာက လုံးဝ မတရားဘူးလို့ မြင်တယ်။ ဒါကြောင့် ဒေသခံ လူထုက လုံးဝ မကျေမနပ် ဖြစ်နေကြတာပါ” ဟု ၎င်းက ဆိုသည်။
ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် ဒေသခံ ပြည်သူ ၅၀၀ ခန့်သည် သူတို့၏ နစ်နာချက်များကို ဖြေရှင်းပေးရန် ကျွန်းပေါ်ရှိ တရုတ် CNPC ကုမ္ပဏီအား ဧပြီလ ၁၈ ရက်နေ့က ခွင့်ပြုချက်မရရှိဘဲ ဆန္ဒပြခဲ့ကြသည်။  မဒေးကျွန်းပေါ်မှ ဒေသခံ ကိုထွန်းကြည်အပါအ၀င် ၁၀ ဦးကို ခွင့်ပြုချက် မရဘဲ ဆန္ဒပြမူဖြင့် ကျောက်ဖြူမြို့နယ် ရဲမှူး ဦးကျော်ဌေးမှ စီတန်းလှည့်လည်မှု ဆိုင်ရာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့သည်။
၂၀၁၃ ခုနှစ်  မေလ ၆ ရက်နေ့မှ အမူကို ကျောက်ဖြူမြို့နယ် တရားရုံးတွင် စတင် ကြားနာ စစ်ဆေးခဲ့ပြီးနောက် ယနေ့ စက်တင်္ဘာလ ၁၂ ရက်နေ့တွင် အမူကို စီရင်ချက်ချမည် ဖြစ် သည်။


နိရဉ္စရာ


0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ