( နိရဉ္စရာ- ၁၃ စက်တင်္ဘာ ၂၀၁၃) / မောင်အေး
တောင်ကုတ်မြို့ ဆန္ဒ ဖေါ်ထုတ်ပွဲကို ပြုလုပ်သူများထဲမှ ဦးဆောင်သူ (၃)
ဦးကို ယနေ့ တောင်ကုတ်မြို့နယ် တရားရုံးက ထောင် ၃ လစီ ချလိုက်သည်ဟု သတင်း
ရရှိသည်။
ထောင်ချခံရသူဖြစ်ကြသည့် လူငယ်ကွန်ယက်မှ ကိုစိုးဝင်း၊
ကိုသန်းလွင်စိုးနှင့် ကိုမင်းထွန်းတို့ ကို ချက်ချင်း တောင်ကုတ်မှ သံတွဲ
အကျဉ်းထောင်ကို ယူဆောင်သွားသည်ဟု တောင်ကုတ်မြို့မှ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည်နယ် စည်းကမ်းထိမ်းသိမ်းရေး
ကော်မီတီ အဖွဲ့ဝင် ဦးခင်လှက ပြောသည်။
“ သူတို့ကို နေ့လည် ၁ နာရီခန့်မှာ တရားဆုံးဖြတ်ပါတယ်။ တရားသူကြီးက အမိန့်ချပြီးတာနဲ့ ချက်ချင်း ကားမှာတင်ပြီး သံတွဲကိုယူသွားပါတယ်။”
ရခိုင်ရှိ ဘင်္ဂလီ ဒုက္ခသည်များအား လုံးချင်း အိမ်ရာဆောက် ပေးမည့်
အစီအစဉ်ကို တောင်ကုတ်တွင် မတ်လ ၂၃ ရက်နေ့က ခွင့်ပြုချက် မရဘဲ ကန့်ကွက်
ဆန္ဒဖေါ်ထုတ် ပွဲပြုလုပ်ရာ အဆိုပါ ပုဂ္ဂိုလ် (၃) ယောက်က ဦးဆောင် ခဲ့သည်ဟု
စွပ်စွဲပြီး တောင်ကုတ်ရဲက တရား မ၀င် စီတန်းလှည်လည်မှု ပုဒ်မ (၁၈) ဖြင့်
တရားစွဲဆိုခဲ့သည်။
ကိုစိုးဝင်းတို့ ၃ ဦးအမှုကို စီရင်ချက်ချနေချိန်တွင် တရားရုံးအနီးတွင် လုံခြုံရေးကို အထူး တင်းကြပ်ထားကြောင်း ဦးခင်လှက ဆက်ပြောသည်။
“ တရားသူကြီးက တရားဆုံးဖြတ်မယ့် အချိန်မှာ ဒိုင်းတွေ လွှားတွေကိုင်ထားတဲ့
ရဲကား တစ်စီးကို တရားရုံးရှေ့မှာ ရပ် ထားတယ်။ ပြီးတော့ လမ်းတွေကိုလည်း
သံဆူးကြိုးတွေချပြီး လုံခြုံရေး တိုးချ ထားပါတယ်” ဟု ၎င်းက ဆိုသည်။
တရားရုံးသို့ သံတွဲမြို့မှလူငယ်များအပါအ၀င် လူပေါင်း ၂၀၀ ခန့်လာရောက်ခဲ့သည်။
မကြာသေးမီကလည်း ကျောက်တော်မြို့မှ မွတ်ဆလင် ဒုက္ခသည်များကို ၁၉၈၂ ခုနှစ်
နိုင်ငံသား ဖြစ်မူ ဥပဒေရ မစစ်ဆေးဘဲ လုံချင်း အိမ်ဆောက်ပေးမည့် အစီအစဉ်ကို
ကန့်ကွက် ဆန္ဒပြပွဲကို ဦးဆောင်ခဲ့ကြသည့် ဒေါ်လှမေ၊
ဒေါ်တင်တင်အေး၊ဦးမောင်ဝင်းနှင့် ဦးသိန်းလှိုင်တို့ ကိုလည်း ကျောက်
တော်မြို့နယ် တရားရုံးမှ ထောင်ဒဏ် ၃ လစီ ချမှတ်ခဲ့သည်။


0 comments