Related Posts Plugin for WordPress, Blogger...

ကမ္ဘာတစ်ဝန်း နေထီးဆောင်း၊ လထီးဆောင်းပုံသဏ္ဌာန်များကို တွေ့ရစဉ်
ဒီကနေ့ ပြည်မြို့ ဘက်မှာ နေထီး ဆောင်း တာကို တွေ့ကြရတော့ လူတွေ အမျိုးမျိုး ပြောနေကြတယ် လို့ သတင်း မီဒီယာ ဌာန ကြီးတစ် ခုက အသိ တစ်ယောက်က ဖုန်း ဆက် ပြောလာ ပါတယ်။

နောက်ပြီး တော့လည်း မေး လာသေးတယ်။ အဲဒါကို လူတွေ က နိုင်ငံရေး၊ တိုင်းရေး၊ ပြည်ရေး နဲ့ ပတ်သက်ပြီး နိမိတ်ကောက် အမျိုးမျိုး ပြောနေကြတာ ဆရာ ဘယ်လိုသဘောရပါသလဲတဲ့။

နေထီးဆောင်းခြင်းကို Gr-eek ဘာသာစကားနဲ့ Halo လို့ ခေါ်ပါတယ်။ တကယ်တော့ Haloဟာ အမြင်ဆိုင်ရာဖြစ်စဉ် (Opt-ical Phenomena) တစ်ခုသာ ဖြစ်ပါတယ်။ အလင်းဆိုတာ ပြန်နိုင်တယ် (Reflection)၊ ယိုင် နိုင်တယ် (Refraction) ၊ ကွေ့နိုင် တယ် (Diffraction)၊ သန့်နိုင် တယ် (Rarefaction)၊ လွင့်စဉ် နိုင်တယ် (Scattering)၊ ကွဲနိုင် တယ် (Dispersion)၊ အလင်း လှိုင်းထပ်နိုင်တယ် (Diffraction) စတဲ့ ၀ိသေသဖြစ်စဉ်တွေ ရှိကြ ပါတယ်။

အချို့ဖြစ်စဉ်တွေကို လှိုင်း သဘာဝနဲ့ ရှင်းပြလို့ရတယ်။ အချို့သဘာဝတွေကတော့ အမှုန်သဘာဝနဲ့မှ ရှင်းပြလို့ရတယ်။ ဒါကြောင့် အလင်းဟာ တစ်ခါတစ်ရံမှာ လှိုင်းသဘာဝ ဆောင်ပြီး တစ်ခါတစ်ရံမှာတော့ အမှုန်သဘာဝဆောင်တယ်လို့ ဆိုပါတယ်။ဒါကို အလင်းရဲ့ ဒွိသဘာဝ (D-ualistic Nature of Light) လို့ ခေါ်ဝေါ်ကြပါတယ်။

ဒီလို သဘာဝရှိတဲ့ အလင်း တန်းတွေဟာ နေမှတစ်ဆင့် ကမ္ဘာဆီကို တိုးဝင်လာကြပါ တယ်။ အဲဒီအခါမှာ ကမ္ဘာ့လေ ထုကို ဖြတ်ကြရပါတယ်။ အဲဒီ အခါမှာ ကမ္ဘာ့လေထုထဲမှာ ရှိနေ ကြတဲ့ ဖုန်အမှုန်(Dust)၊ ရေအ မှုန် (Water Drplets)၊ ရေပေါက် တွေ (Water Drops)၊ ရေခဲအ မှုန်တွေ (Ice Crystals) တွေကို ဖြတ်သန်းကြတဲ့အခါ စောစောက ပြောခဲ့တဲ့ အလင်းပြန်တာ၊ ယိုင် တာစတဲ့ ဖြစ်စဉ်တွေ ဖြစ်ကြတဲ့ အခါ လူတွေအတွက် အမြင်အာ ရုံဆိုင်ရာဖြစ်စဉ်တွေ (Optical Phenomena) တွေ ဖြစ်လာကြ ရပါတယ်။ ဥပမာ-သက်တန့် (Rainbow)၊ ကောင်းကင်ပြာ၊ ကောင်းကင်နီ၊ တိမ်ပြာ၊ တိမ်နီ၊ တိမ်ဝါ၊နေထီးဆောင်း၊ လထီး ဆောင်း၊ တံလျှပ်၊ ကော်ရိုနာ၊ နေပုံပျက်ခြင်း၊ လပုံပျက်ခြင်း၊ နေ အစင်းများစွာနဲ့ လအစင်းများစွာ ထွက်ခြင်းစတဲ့ဖြစ်စဉ်တွေ ကမ္ဘာ ပေါ်မှာ တွေ့လာကြရပါတယ်။ အံ့သြရပ်သပ်ရှုမောဖွယ်ရာတွေ ချည်းပါပဲ။

နေထီးဆောင်းတာကို အ များဆုံးမြင်တွေ့ရတဲ့ ပုံသဏ္ဌာန် ကတော့ နေကိုဗဟိုပြုပြီး နေကို ၀န်းရံနေတဲ့ စက်ဝန်းသဏ္ဌာန် ကွင်းတွေကို မြင်တွေ့ကြရခြင်း ဖြစ်ပါတယ်။ အများအားဖြင့် အဖြူရောင် အဆင်းရှိတဲ့ ကွင်း တွေကိုတွေ့ကြရပေမယ့် တစ်ခါ တစ်ရံတော့လည်း ကွင်းတွေကို အရောင်တွေခွဲခြား တွေ့မြင်ကြရ ပါတယ်။ အရောင်တွေခွဲခြား မြင် ရရင်တော့ အခြေခံအရောင် ခုနစ် မျိုးဖြစ်တဲ့ VIBGYOR (Violet, Indigo, Blue, Green, Yellow,Orange and Red) တွေက အစဉ်အတိုင်း တွေ့ကြရပါတယ်။  အ တွင်းဘက်အကျဆုံးမှာ အနီရောင်ကို တွေ့ကြရပါတယ်။

တစ်ခါတစ်ရံတော့လည် နေ (သို့မဟုတ်) လရဲ့ အနီးအနား မှာ မတွေ့ရဘဲ ဆန့်ကျင်ဘက် ကောင်းကင်ပြင်မှာတွေ့ကြရပါ တယ်။ နေထီးဆောင်း (Halo) ဖြစ်စဉ်ဟာ နေရောင်ခြည် အ လင်းတန်းက လေထဲမှာရှိနေတဲ့ အနား ခြောက်ဖက်ပါတဲ့ Hexa-gonal ရေခဲပုံဆောင်ခဲ (Ice Cry-stal) ကို ဖြတ်သန်းတဲ့အခါ အလင်းယိုင်ခြင်း (Refraction) ကြောင့်ဖြစ်ပေါ်လာရတဲ့ဖြစ်စဉ် ဖြစ်ပါတယ်။

ဒါကြောင့် Halo ဖြစ်စဉ် ဖြစ် ပေါ်တဲ့အခါတိုင်း လေထဲမှာ ရေ ခဲပွင့်တွေ ရှိနေတာကြောင့် Halo တွေကို တိမ်မြင့်အမျိုးအစားဖြစ် တဲ့ Cirrostratus Cloud (Cs) တိမ်နဲ့ ဖြစ်ပေါ်လေ့ရှိပါတယ်။ Halo တွေမှာ 22.Halo 46.Halo ဆိုပြီး နှစ်မျိုးရှိရာ 22. Halo ကို နေ့ခင်းပိုင်း အချိန်အခါများတွင် တွေ့ရတတ်လေ့ရှိပြီး 46.Haloကိုတော့ နံနက်ခင်းနဲ့ ညနေစောင်းလို နေမြင့်ထောင့်နည်းတဲ့ ကာလတွေမှာတွေ့ရလေ့ ရှိပါတယ်။

ထူးခြားတာကတော့ Halo တွေကို နေ(သို့မဟုတ်) လတွေကို ဗဟိုပြုပြီး ၀န်းရံနေတဲ့ စက်ဝိုင်းများအဖြစ် တွေ့ကြရသလို လူ၊ သစ်ပင်၊ အဆောက်အအုံ၊ ဘုရားကျောင်းစတာတွေကိုလည်း ဗဟိုပြုပြီး ၀န်းရံနေတဲ့ စက်ဝိုင်းများအဖြစ်လည်း တွေ့ရတတ်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီ အခါမှာ လူတွေရဲ့ ဘာသာရေးယုံကြည်မှုများ လွန်ကဲမှုများ ကြောင့် သဘာဝလွန်ဖြစ်စဉ်များ (Super Natural Phen-omena) အဖြစ် ပြောဆိုလာတတ်ကြပါတယ်။

ပြည်မြို့မှာ ဒီကနေ့ တွေ့ခဲ့ ကြရတဲ့ နေထီးဆောင်းဖြစ်စဉ်က တော့မုတ်သုံကာလကြီးမှာ မြန်မာနိုင်ငံအလယ်ပိုင်းမှာ လေအေးတွေ ရေခဲအမှုန်တွေ တိုးဝင်လာရောက်ဖြစ်ပေါ်နေတာကို သိလာရတော့ မြောက်ဘက်က လေလေးတွေ အားကောင်းနေတာကို ပြသနေပြီး တောင်ဘက်က မုတ်သုံလေကတော့ မတိုးနိုင်ဘဲ အား လျော့နေတာကိုလည်း ပြသနေပါတယ်။

နေထီးဆောင်းရင်တော့ မကြာမီ မိုးရွာတတ်တယ်လို့ မိုးလေ၀သခန့်မှန်းရေးမှာတော့ ယူဆထားကြောင်းပါဗျာ။  ။

Author: မောင်ထွန်းလွင် (မိုးလေ၀သ)

7DAY DAILY


သို့
အမေ
သားစာရေးလိုက်ပါတယ်...သားလိုအညတရတစ်ယောက်ကို အမေမသိနိုင်ပေမယ့် အမေ့ကိုတော့ ဟိုးအရင်ငယ်နုစဉ်အရွယ်ကတည်းက သားယုံကြည်အားကိုးခဲ့တာပါ အမေ...တစ်ချိန်က နိုင်ငံရေးဆိုတဲ့ ကန်ရေပြင်ရဲ့အတိမ်အနက်ကို မသိခင်မှာ အမေဟာ သားရဲ့စံပြ သားရဲ့မျှော်လင့်ချက် သားရဲ့သူရဲကောင်းပါ အမေ...၈၈၈၈ အရေးတော်ပုံကောင်းကောင်း မသိမှီခဲ့ပေမယ် အမေနိုဘယ်ဆုရလည်း သားဝမ်းသာတယ်...ဘာတွေလုပ်လို့ရတာလဲ သားမသိခဲ့ရိုးအမှန်ပါ...အမေ့ကိုနှစ်ရှည်လများ အကျဉ်းချထားတဲ့သူတွေကို သားမုန်းတယ်...အမေသာ သားတို့နိုင်ငံရဲ့ဥသျှောင်ဖြစ်ခဲ့မယ်ဆိုရင် သားတို့နိုင်ငံကြီးနေ့ချင်းညချင်း ရွှေပြည်တော်ဆိုက်လိမ့်မယ်လို့ လူငယ်တစ်ယောက်ရဲ့အတွေးနဲ့ တန်ခိုးရှင်မျှော်ခဲ့မိတာလည်း ဟောဒီကအမေ့သားပါ...တစ်ချိန်က အမေ့ရဲ့ထိပ်တိုက်ရင်ဆိုင်ရေး အလုံးစုံပျက်သုန်းရေး သားတို့သိပ်ကြိုက်ခဲ့တာပေါ့ အမေ...ရွှေဝါရောင်တော်လှန်ရေးကာလ အမေ့အတွက်ဆုတောင်းပေးရတာ အမောပါ...လူတွေကပြောကြတယ်...ဂျွန်ယက်တောကြီး အမေ့အိမ်မှာ ညအိပ်ပြီး ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့...သားတို့စိတ်တိုလိုက်ရတာ အမေရယ်...ဒီလိုနဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်တော့ အမေမပါတဲ့ရွေးကောက်ပွဲ ဆားမပါတဲ့ဟင်းလို ပေါ့ရွှတ်ရွှတ်ပေါ့...ဒုတိယပင်လုံကို အများနည်းတူ သားလည်းမျှော်လင့်ခဲ့တာပဲ အမေ...ဒီလိုနဲ့ အခုလူတွေပြောနေကြတဲ့ သုံးစားလို့မရတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ကျမ်းကျိန်ပြီး လွှတ်တော်ထဲကို အမေဝင်ခဲ့တယ်လေ...တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဌတစ်ယောက်အနေနဲ့ ပြိုလဲနေတဲ့တရားရေးမဏ္ဍိုင် အမေတည့်မတ်နိုင်ပြီပေါ့...ဒါပေမယ့်....ဒါပေမယ့်ပေါ့အမေရယ်.....ရခိုင်မှာ သီတာထွေးလေး အသတ်ခံရတော့ အမေနှုတ်ဆိတ်နေခဲ့တယ်...ဘူးသီးတောင် မောင်တောမှာ ၉၄ ရာနှုန်းလောက်ရှိတဲ့ ဘင်္ဂါလီတွေက လူနည်းစုလား အမေ...မိတ္ထီလာမှာ ဆရာတော်ဦးသောဘိတ အသတ်ခံရတော့လည်း အမေဘာမှမပြောခဲ့ဘူးနော်...အမေ့တပည့် ဦးဝင်းထိန်က ဗမာတွေဟာ အရမ်းရိုင်းစိုင်းတယ်တဲ့...ဦးကိုနီကလည်း ဦးသောဘိတကို သတ်တဲ့ကုလားတွေဘက်က ရှေ့နေလိုက်ပေးနေတယ်...လူတွေက ခွပ်ဒေါင်းကို မွတ်ဒေါင်းလို့ပြောနေကြပြီ အမေ...အမေနိုင်ငံခြားကိုသွားတိုင်း လက်ရှိအစိုးရကို မယုံပါနဲ့လို့ပြောတော့ သားမှာအံ့သြမိတယ် အမေ...လက်ရှိအစိုးရကို မယုံပဲ လက်ရှိအခြေခံဥပဒေကို မယုံပဲ အမေဘာလို့များကျမ်းကျိန်ပြီး လွှတ်တော်ထဲကို ဝင်ခဲ့ပါလိမ့်ပေါ့...လူဆိုတာ အချိန်ကာလကိုလိုက်ပြီး အတွေးအခေါ်တွေပြောင်းလဲရတယ်ဆိုတာ သားထက်အမေက ပိုသိပါတယ်...လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က ထိပ်တိုက်ရင်ဆိုင်ရေး အလုံးစုံပျက်သုန်းရေးဟာ ဒီနေ့ထိအသုံးပြုသင့်သေးတယ်လို့ အမေထင်နေလား အမေ...အမေတည်ထောင်ခဲ့တဲ့ ရဲရဲတောက်ပါတီမှာ အခုတော့မျိုးမစစ်တွေ အခွင့်အရေးသမားတွေကနေရာယူနေပါ့လား အမေရယ်...သားတို့ လူမျိုးမပျောက်ပါရစေနဲ့ အမေ...တစ်ခါတစ်လေမှာ အမျိုးသားရေးဟာ လူ့အခွင့်အရေးထက် ပိုအရေးကြီးတယ်ဆိုတာ အမေသိမြင်နိုင်ပါစေ...
တစ်ချိန်က အမေ့ရဲ့သားလေး

အညတရငဖြိုး

From : .. Voice of James Mint

အကျဉ်းရုံးအနေဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဖိအားပေးမှုကြောင့် ARNO ဟာ သူတို့အဖွဲ့အစည်းနေရာအား ကရင်နီအဖွဲ့အစည်းဖြစ်သော KNPP ထိမ်းချုပ်ထားသည့် ထိုင်း - မြန်မာနယ်မြေအတွင်းသို့ ပြောင်းရွှေ့ရန်အတွက် ၂၀၀၂ သြဂုတ်လနှောင်းပိုင်းမှာ ဆက်သွယ်ခဲ့ပါတယ်..... မြန်မာထောက်လှမ်းရေးဘက်က အစီရင်ခံစာအရ ARNO ဟာ ထိုင်း-မြန်မာ နယ်စပ်မှာ လှုပ်ရှားနေတဲ့ Democratic Alliance of Burma နဲ့ အဖွဲ့ဝင်ဖြစ်ရန် ကြိုးပန်းခဲ့ပါတယ်......
KNPP ဟာ ARNO ရဲ့ ဆက်သွယ်ချက်ကို ငြင်းပယ်ခဲ့တာကို ကြေငြာခဲ့ပါတယ်..... DAB ဟာလည်းပဲ ARNO ရဲ့ အဖွဲ့ဝင်အဖြစ် လျှောက်လွှာအား ငြင်းပယ်ခဲ့ပြီး စာရွက်စာတန်းများအရ စစ်ရေးမဟာမိတ်အဖြစ် ပြောင်းလဲခဲ့ပါတယ်..... ARNO ဥက္ကဌ Nuru Islam ဟာ အမေရိကန်ဗီဇာအား ဆော်ဒီအာရေးဗျဘက်မှ လှည်ပါတ် လျှောက်ထားခြင်းဖြင့် ရယူခဲ့တယ်လို့ မြန်မာဘက်ကလည်း သတင်းပို့ပါတယ်..... အဆိုပါ ကိစ္စမှာ မြန်မာပြည်ဘက်က အစီရင်ခံစာဟာ ဖြစ်နိုင်ချေရှိပါတယ်.... သူ့ရဲ့ ရည်ရွယ်ချက်ဟာ ၎င်းတို့ ARNO နဲ့ ထိုင်းနယ်စပ်မှာရှိတဲ့ မြန်မာသောင်းကျန်းသူများအား ပံ့ပိုးနေသည့် Al Qaeda နဲ့ အဆက်အသွယ် ရယူရန် ရည်ရွယ်ရင်း ဖြစ်နိုင်ပါတယ်.....

အောက်ပါ အကြောင်းအရာများဟာ မြန်မာထောက်လှန်ရေးရဲ့ ARNO အပေါ်တွင် ရေးသားထားသည့် သတင်းပို့ချက်မှ ကောက်နှုတ်ချက်ဖြစ်ပါတယ်..... အပြင်ပန်းအားဖြင့် မကြားသေးခင်က ရှင်းလင်းခဲ့သည့် မြန်မာပြည်အခြေစိုက် ARNO အပေါ်တွင် ရေးသားထားသည့် သတင်းပို့ချက်မှ ကောက်နှုတ်ချက် ဖြစ်ပါတယ်..... အပြင်ပန်းအားဖြင့် မကြာသေးခင်က ရှင်းလင်းခဲ့သည့် မြန်မာပြည်အခြေစိုက် ARNO နှင့် Al Qaeda အဖွဲ့အစည်းတို့က လက်မခံနိုင်သည့် ဆက်သွယ်မှု သတင်းပေးပို့ချက်အား ဗိုလ်မှူးချုပ် ကျော်သိန်းမှ အောက်တိုဘာ ၇ ရက်တွင် ပေးပို့ခဲ့ပါတယ်..... ဗိုလ်မှူးချုပ် ကျော်သိန်း အဆိုအရ ARNO နဲ့ Al Qaeda ဟာ အဆက်အသွယ်ရှိပြီး ARNO အခြေစိုက် စခန်းအားလုံးဟာ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဘက်မှာ ရှိပါတယ်......

ARNO သမိုင်းကျောင်းနောက်ခံ နောက်ဆုံးအခြေအနေ (စက်တင်ဘာ ၂၀၀၂ ခုနှစ်အထိ) အား ရှင်းပြရလျင် မွတ်စလင် စစ်သွေးကြွ အကြမ်းဖက် အဖွဲ့အစည်းများဖြစ်ကြသည့် စည်းလုံးညီညွတ်သော ရိုဟင်ဂျာ အဖွဲ့အစည်း (RSO)၊ အာရကန် ရိုဟင်ဂျာ အစ္စလာမ်မစ် တပ်ဦး နဲ့ Hak-Kavt အဖွဲ့အစ်ညးတို့ ပူးပေါင်းပြီး ၁၉၉၈ အောက်တိုဘာ ၂၈ ရက်နေ့မှာ ရိုဟင်ဂျာ အမျိုးသားကောင်စီ (RNC) ကို ဖွဲ့စည်းခဲ့ပါတယ်......

RNC ဟာ အာရကန် ရိုဟင်ဂျာ အမျိုးသားကောင်စီ (ARNC) အဖြစ်သို့ ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်..... အားလုံးသော လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့အစည်းများကို ပူးပေါင်းပြီး ရိုဟင်ဂျာ လွတ်လပ်ရေးတပ်မတော် (RLA) ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်..... မြန်မာပြည် ပြင်ပရှိ မွတ်စလင် အဖွဲ့အစည်းများ ဖိအားကြောင့် အမျိုးမျိုး ကွဲပြားနေသော ရိုဟင်ဂျာ သောင်းကျန်းသူများအား စုစည်ပြီး အဖွဲ့အစည်းတစ်ခု အောက်မှာ ထားရှိရန် ရည်ရွယ်ချက်နဲ့ ARNO ကို ဖွဲ့စည်းခဲ့ပါတယ်.....

ARNO ရုံးချုပ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းရှိ ဂျုမခါ ရပ်ကွက်၊ ဂျုမခါလမ်း၊ အိမ်နံပါတ် (၃၀) မှာ ဖွင့်လှစ်ထားပါတယ်.... သူတို့ စခန်းတွေကတော့ Zai-Lar-Saw-Ri HQ camp--map reference (PG-2916), Daw-Maw-Sri camp--map reference (P6-0537) and Kyar-Laung-Taik camp--map ref r n (PG - 2026) မှာ အခြေချ တည်ရှိပါတယ်..... ARNO အဖွဲ့အစည်းဟာ ခန့်မှန်းခြေအားဖြင့် သောင်းကျန်းသူ ၂၀၀ ခန့် အင်းအားရှိပြီး ၁၇၀ ခန့်ဟာ အမျိုးမျိုးသော လက်နက်တွေ တပ်ဆင်ထားပါတယ်..... ARNO ဗဟိုကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းထားပါတယ်.....

- ဥက္ကဌ- စစ်ရေး တာဝန်ခံ

- အတွင်းရေးမှူး

- လက်ထောက် အတွင်းရေးမှူး၊ စစ်တကောင်း ရုံးတာဝန်ခံ

- ဗဟိုကော်မတီ အဖွဲ့ဝင်၊ လက်ထောက် စစ်ရေးတာဝန်ခံ

- ဗဟိုကော်မတီ အဖွဲ့ဝင်- နိုင်ငံခြားရေးရာ ဆက်ဆံရေး တာဝန်ခံ

- တိုင်းတပါး ထောက်ပံ့ငွေများများ ရရှိရေး ဦးဆောင်သူ

- မလေးရှားနိုင်ငံအတွက် ကိုယ်စားလှယ်

- ကော့ဘဇာ စည်းရုံးရေး တာဝန်ခံ

- ငွေရေး ကြေးရေးဆိုင်ရာ အရာရှိ

- ဆက်ဆံရေး အရာရှိ- အကြံပေး

- စခန်းအုပ်ချုပ်သူ အရာရှိ (Zai-La-Saw-Ri Camp)

- ဒုတိယ စခန်းအုပ်ချုပ်သူ အရာရှိ

- စခန်းအုပ်ချုပ်သူ အရာရှိ (Daw-Maw-Sri Camp)

- စခန်းအုပ်ချုပ်သူ အရာရှိ (Kya-Long-Taik Camp)

ARNO အဖွဲ့ဝင် ၅ ဦးဟာ တာလီဘန်ခေါင်းဆောင် Osma Bin Laden နဲ့ အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်.... အဆိုပါ GOB မှ ဆက်လက်စုံစမ်းလေ့လာဆဲဖြစ်တဲ့ အဖွဲ့ဝင် ၅ ဦးဟာ Al Qaeda ကိုယ်စားလှယ်နဲကအတူ ၁၅ မေ ၂၀၀၀ မှာ အဆင့်မြင့် အရာရှိသင်တန်းအား တက်ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်သို့ ဇွန်လ ၂၂ ရက်နေ့မှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်..... အဆိုပါ သင်တန်း တက်ရောက်နေစဉ်အတွင်း နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ အချက်အလက်များ၊ လက်နက်၊ ခဲယမ်း မီးကျောက်များနဲ့ ငွေကြေးဆိုင်ရာ ကိစ္စရပ်များကို Osma Bin Laden နဲ့ ဆွေးနွေးခဲ့ပါတယ်....... တာလီဘန် အဖွဲ့အစည်းမှ မိုဟာမက် အာဂျူးတိုင်ဒါနဲ့ မိုဟာမက် ရာရှိတ်အာမာဒါစီတို့လည်း အဲ့ဒိ အစည်းအဝေးမှာ တက်ရောက်ခဲ့ပါတယ်....

ARNO အဖွဲ့ဝင် ၁၉ ဦးဟာ လစ်ဗျားနဲ့ အာဖဂန်နစ္စတန်မှာ ၂၀၀၁ သြဂုတ်လမှာ ပြုလုပ်ခဲ့တဲ့ ပြောက်ကျား သင်တန်း၊ အမျိုးမျိုးသော ဖောက်ခွဲရေး သင်တန်း၊ လက်နက်ကြီး သင်တန်းတွေကို တက်ရောက်ရန် ရွေးချယ်ခံခဲ့ရပါတယ်..... အဲ့ဒိ အဖွဲ့ဝင်တွေထဲက ၁၃ ယောက်ဟာ ဖောက်ခွဲရေးနဲ့ လက်နက်ကြီးသင်တန်းများမှာ ပူးပေါင်း တက်ရောက်ခဲ့ပါတယ်...... Zai-La-Saw-Ri စခန်းမှာရှိတဲ့ ARNO ရုံးချုပ်ကို တာလီဘန် အဖွဲ့ဝင်များဖြစ်တဲ့ အယ်ဟာဆက်နဲ့ အယ်ဂျာဟစ်တို့ဟာ ၂၀၀၁ နိုဝင်ဘာ ၂ ရက်နေ့မှာ RSO ရဲ့ Kann-Grat-Chaung စခန်းကနေ ရောက်ရှိခဲ့ပါတယ်......

သူတို့ဟာ ဥက္ကဌ Nuru Isla၊ အတွင်းရေးမှူး ဇဖာအာမက်၊ စစ်ဆင်ရေး အကြီးအမှူး ဖာရော့အာမက် အစရှိတဲ့ အဖွဲ့ဝင်များနဲ့ တွေ့ဆုံခဲ့ပြီး RSO နဲ့ ARNO ကို ပြန်လည်ဖွဲ့စည်းရန် ဆွေးနွေးခဲ့ပါတယ်..... ထိုမှတစ်ဆင့် ARNO / RSO နဲ့ တာလီဘန် အဖွဲ့အစည်းတို့ဟာ ၂၀၀၁ နိုဝင်ဘာ ၁၅ ရက်နေ့မှာ အစည်းအဝေးပြုလုပ်ရန် ရည်ရွယ်ခဲ့ပါတယ်.... ARNO ဥက္ကဌ Nuru Islam ဟာ ARIF နဲ့ RSO တို့ဟာ ARNO ရဲ့ ပူးပေါင်းအဖွဲ့ဝင်အဖြစ် ပြင်ဆင်ဖွဲ့စည်းရန် သဘောတူခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်...... သို့သော်လည်း RSO မှ မူလာဒီမာဟာ အဆိုပါ ပူးပေါင်းခြင်းအား သဘောမတူခဲ့ပဲ ၎င်း၏ နောက်လိုက် နောက်ပါများနဲ့ ခွဲထွက်သွားခဲ့ပါတယ်......

တိုင်းတပါး အဆက်အသွယ်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်မှ ဘာဒါဘန်၊ GOB မှ စုံစမ်းဆဲဖြစ်တဲ့ ဟာဆာအာမက်နဲ့ နိုင်ငံခြားသား ၂ ယောက်တို့ဟာ Zai-La-Saw-Ri စခန်းရှိ ARNO ရုံးချုပ်သို့ သွားရောက်ခဲ့ပြီး Salein တပ်သားများ၏ အကြီးအကဲ စစ်ရေးလှုပ်ရှားမှု တာဝန်ခံနှင့် တွေ့ဆုံခဲ့ပါတယ်...... သူတို့ဟာ အောက်ပါအချက်အလက်များကို စုံစမ်းခဲ့ပါတယ်....

- ARNO အား ဖွဲ့စည်းခဲ့သည် ခုနှစ်၊ လ၊ ရက်

- သဘောထားနှင့် ရည်ရွယ်ချက်

- မြန်မာပြည်မှ ARNO ခွဲထွက်ခဲ့သည့်နှစ်

- လက်ရှိ စစ်သည်အင်အား

- လက်နက်အမျိုးအစားနှင့် အရည်အသွေး

- ပြည်မမှ ခွဲထွက်ပြီး လွတ်လပ်သော ရခိုင်ပြည်နယ် တည်ဆောက်ရန် သို့မဟုတ် ဒီမိုကရေစီ တောင်းဆိုရန် ဟုတ်၊ မဟုတ်

- ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာအစိုးရအား ဆန့်ကျင်နေသည့် အဖွဲ့အစည်းစာရင်း

- အဆိုပါ အဖွဲ့အစည်းများတွင် မွတ်စလင်နှင့် မွတ်စလင်မဟုတ်သည့် အဖွဲ့အစည်းများအား ခွဲခြားဖော်ပြရန်

- လိုအပ်သည့် ရံပုံငွေနှင့် ရံပုံငွေ ထောက်ပံ့နေသည့် နိုင်ငံများ

- လက်ရှိ ငွေရေးကြေးရေး အခြေအနေ

ARNO ဒုတိယဥက္ကဌ ဖာရော့အာမက်ဟာ ထိုင်းအခြေစိုက် သောင်းကျန်သူခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့ပါတယ်.... ၂၀၀၂ သြဂုတ်လ ၂၇ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ကနေ ဘန်ကောက် ချင်းမိုင်မှတစ်ဆင့် ရောက်ရှိလာတဲ့ ဖာရော့အာမက်နဲ့ အတူတူပါဝင်လာတဲ့ ညီညွတ်သော အာရကန်ပါတီ (NUPA) မှ ဦးမောင်လူကြီးလည်း တောက်လျှောက် ပါခဲ့ပါတယ်..... အဲ့ဒိနောက်မှာ DAB အေးဆောင်ရ့ မိန်းမ အင်္ဂလိပ်အမျိုးသမီး ပိုက်ပါကာရန်ရဲ့ ကူညီမှုနဲ့ မြန်မာနယ်စပ် အဖွဲ့အစည်းများမှတစ်ဆင့် KNPP ခေါင်းဆောင်များဖြစ်ကြတဲ့ ဒုတိယဥက္ကဌ ဦးအောင်သာလေး၊ အထွေထွေအတွင်းရေးမှူး ဦးရေမွန်ထူး၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးခါရယ်၊ စစ်တပ်အကြီးအမှူး အောင်မြတ်တို့နဲ့ စကားပြောဆိုခဲ့ပါတယ်.....

ဖာရော့အာမက်က ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ARNO ကို ဘင်္ဂလားဒေ့ရှ်မှ ထွက်ခွာရန် ပြောလာတဲ့အတွက် ၎င်းတို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဆက်နေထိုင်ဖို့ မဖြစ်နိုင်ကြောင်း ပြောခဲ့ပါတယ်..... အမေရိကန်နဲ့ အခြားသော အဖွဲ့အစည်းများမှလည်း Al Qaeda အဖွဲ့အစည်းများနဲ့ ၎င်းတို့ ဆက်ဆံမှုဖြစ်စဉ်ကို စဉ်ဆက်မပြတ် စောင့်ကြည့်နေကြောင်း ရည်ညွှန်းပြောဆိုခဲ့ပါတယ်...... ဒါကြောင့် KNPP ပိုင်နက်အတွင်း သင့်တော်တဲ့နေရာမှာ စခန်းဖွင့်ခွင့်ပြုရန် တောင်းဆိုခဲ့ပြီးတော့ ထိုင်းနိုင်ငံဟာ ၎င်းတို့အတွက် အလွန်သင့်တော်တဲ့ နိုင်ငံဖြစ်ကြောင်း ပြောခဲ့ပါတယ်......

ဖာရော့အာမက်ဟာ ပလောင်လွတ်မြောက်ရေး တပ်ဦး (PSLF) အဖွဲ့မှ အတွင်းရေးမှူး မေအိုက်ဖုန်၊ ပအို့ဝ် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့အစည်း (PPLO) ဥက္ကဌ ဦးခွန်ဥက္ကာ၊ လားဟူ အမျိုးသားအုပ်စုမှ ဦးအေးမောင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်..... ထပ်မံပြီး ၎င်းမှ ARNO အဖွဲ့ရဲ့ ခက်ခဲတဲ့ အခြေအနေကို VOA, BBC နဲ့ RFA သတင်းမီဒီယာများ၊ ထိုင်းနိုင်ငံရှိ NGO အဖွဲ့အစည်းများနဲ့ ချင်းအမျိုးသားများ တပ်ဦး (CNF) မှ ရွှေခါးတို့နဲက ဆွေးနွေးခဲ့ပါတယ်..... သူဟာ မဲဆောက်ကိုချင်းမိုင်ကနေ စက်တင်ဘာလ ၅ ရက်နေ့မှာ KNU ရုံးချုပ်ကို သွားရောက်ခဲ့ပြီး ဒုတိယဥက္ကဌ ဗိုလ်မြ၊ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာနဲ့ တာမလာဘောတို့နဲ့လည်း စကားပြောခဲ့ပါတယ်.....

အထက်ပါအကြောင်းအရာများနဲ့ ပါတ်သက်ပြီး ARNO အနေနဲ့ DAB အဖွဲ့ဝင်အဖြစ် ဖြစ်နိုင်ချေ ရှိမရှိကို ဖာရော့အာမက်ဟာ KNU နဲ့ ဆွေးနွေးခဲ့ပါတယ်..... ARNO ရဲ့ DAB အဖွဲ့ဝင် လျှောက်လွှာကို အာရကန် ဒီမိုကရက်တစ်ပါတီ (DPA) မှ အောင်စိန်သာ၊ အာရကန် လွတ်မြောက်ရေးပါတီ (ALP) မှ ခိုင်စိုးအောင်တို့က သဘောမတူပဲ ကန့်ကွက်ခဲ့ပါတယ်.....
ခိုင်စိုးအောင်နဲ့ အောင်စိန်သာ နှစ်ဦးအနေနဲ့ ၎င်းတို့ အဆိုပြုချက်အား ရိုဟင်ဂျာလူမျိုးများဟာ ရခိုင်တိုင်းရင်းသားများ မဟုတ်ကြောင်း၊ လူမျိုးစု တစ်ခုအနေဖြင့်လည်း လက်မခံနိုင်ကြောင်းကို အခြေခံ၍ ခါးခါးသီးသီး ငြင်းဆိုခဲ့ပါတယ်..... ဒါကြောင့် DAB အနေနဲ့ ARNO အား အဖွဲ့ဝင်အဖြစ် လက်မခံပဲ စစ်ရေး မဟာမိတ်အနေနဲ့သာ လက်ခံခဲ့တယ်လို့ ယူဆရပါတယ်....

ဖာရော့အာမက် အဆိုအရ ARNO စစ်ရေးတာဝန်ခံ ဆလမ်းအူလာဟာ Al Qaeda နဲ့ အဆက်အသွယ်ရှိပြီး၊ ARNO တပ်သားအချို့ဟာလည်း အာဖဂန်မှာရှိတဲ့ တာလီဘန်တွေနဲ့ ပူးပေါင်းပြိး အမေရိကန်ကို တိုက်ခိုက်ခဲ့စဉ်အတွင်း အဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်..... အဆိုပါ ARNO တပ်သားတွေကို ပါကစ္စတန် ကရာချိမြို့မှာရှိတဲ့ ရိုဟင်ဂျာ အုပ်စုကနေတစ်ဆင့် အာဖဂန်ကို ပို့ဆောင်ခဲ့ပါတယ်....

ပါကစ္စတန်၊ အိန္ဒိယ၊ ဆော်ဒီအာရေဗျ၊ မလေးရှား၊ UAE၊ ပါလက်စတိုင်းနဲ့ သြစတေးလျတို့မှာ ရိုဟင်ဂျာအုပ်စုများအနေနဲ့ ရှိနေပါတယ်.... ဥက္ကဌ Nuru Islam ဟာ ဆော်ဒီအာရေဗျ နိုင်ငံသားအနေနဲ့ အမေရိကန်နိုင်ငံကို ခရီးတို သွားခွင့်ဖီဇာ ရခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်ကနေ ဆော်ဒီအာရေဗျကို ထွက်ခွာသွားခဲ့ပါတယ်..... ထိုင်းနိုင်ငံမှာ နေခဲ့တဲ့ ခရီးတိုကာလအတွင်း ဖာရော့အာမက်ဟာ NCGUB နိုင်ငံခြားရေးဌာနမှ Dr. Allen၊ KNU မှ ဒေးဗစ်ထော၊ ဗမာ့ရှေ့နေကောင်စီ (BLC) မှ ဒေးဗစ်စမိုင်းတို့နဲ့ တွေ့ဆုံးခဲ့ပါတယ်..... ၎င်းဟာ သတင်းဌာနတစ်ခုရဲ့ အယ်ဒီတာအနေနဲ့ ထိုင်းနိုင်ငံကို သွားခဲ့ပြီးတော့ စက်တင်ဘာ ၁၂ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်.....

စင်္ကာပူမှာ ဖမ်းဆီးရမိခဲ့တဲ့ ရိုဟင်ဂျာ ဂျီဟတ်အဖွဲ့ဝင်တွေကို စစ်ဆေးခဲ့ရာမှာ ဒေသတွင်း ဝင်ရောက်စွက်ဖက် လှုပ်ရှားနေတဲ့ ရက်ဘီတာတူ မူဂျာဟစ်ဒစ် အုပ်စုရဲ့ စီစဉ်မှုနဲ့ ဖွဲ့စည်းထားတဲ့ ဂျမား အစ္စလာမ်မီးယာ (JI) ခေါင်းဆောင်တွေဟာ ဟန်ဘလီနဲ့ ဘာရှားတို့ဖြစ်ကြောင်း သိခဲ့ရပါတယ်..... ဒေသတွင်း မွတ်စလင်အဖွဲ့အစည်းများရဲ့ အဆက်အသွယ်ကနေတစ်ဆင့် တက်ကြွတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ သင်တန်းများ၊ လက်နက်ဝယ်ယူခြင်း၊ ဘဏ္ဍာရေး၊ သတင်းဖလှယ်ခြင်းများနဲ့ စစ်ရေးအကြမ်းဖက်မှု လုပ်ငန်းများမှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ပါတယ်.....

အခြားသော ပူးပေါင်းလုပ်ဆောင်တဲ့ အဖွဲ့အစည်းတွေဟာ ဂျရာကန် အာ့ခ်ျ မာဒီကာ (GAM)၊ ထိုင်းနိုင်ငံတောင်ပိုင်း၊ ရခိုင်ရှိ အခြားအဖွဲ့အစည်း နှစ်ခုနဲ့ မြန်မာပြည်တွင်းရှိ ရိုဟင်ဂျာ လက်နက်ကိုင် အကြမ်းဖက် အဖွဲ့အစည်းများ ဖြစ်ပါတယ်..... ARNO ဟာ Al Qaeda နဲ့ ဆက်သွယ်ရန် စတင်ခဲ့ပြီး ဧပြီ ၂၀၀၁ မှာ ARNO ရဲ့ ဗဟိုကော်မတီဝင် ၅ ဦးဟာ အာဖဂန်နစ္စတန်သို့ သွားရောက်ခဲ့ပါတယ်.... အခြားအနေဖြင့် Republic of Islam Aceh (RIA) နဲ့ အီဂျစ်ရှိ Jammah Jihad mesir (JJM) တို့နဲ့လည်း ARNO ဟာ ပူးပေါင်းခဲ့ပါတယ်.... ဒါကိုကြည့်ခြင်းအားဖြင့် သေးငယ်တဲ့ ရိုဟင်ဂျာအစုအဖွဲ့ဟာ မလေးရှားနိုင်ငံ ပတူဝပ်မှာ ရှိတယ်လို့ ယူဆနိုင်ပါတယ်.....

မြန်မာတွေရဲ့ သတင်းပေးပို့ချက်ဟာ ပြည့်စုံလုံလောက်သော ဖြစ်နိုင်ချေတွေ ရှိပါတယ်.... ဘင်္ဂလားဒေ့ရှ် အစိုးရဲ့ အကြံပေးချက်အရ မေလမှာ ARNO ဟာ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းရှိ ၎င်းတို့ရဲ့ စခန်းတွေကို ဖယ်ရှားခဲ့ပြီးပြီးခြင်းမှာ အာရကန်စစ်တပ်အဖွဲ့ဝင် ၁၉၅ ဦးဟာ မြန်မာပြည်ထဲကို ၎င်းတို့ဘာသာ ဝင်ရောက်ခဲ့ပါတယ်.... အခုထိတော့ ARNO ဟာ ဘင်္ဂလားဒေ့ရှ်ကနေ မပြောင်းသေးပါဘူး..... မြန်မာတွေရဲ့ အဆိုအရ ARNO နဲ့ RSO တို့ဟာ ဘင်္ဂလားဒေ့ရှ်အတွင်းရှိ စခန်း ၈ ခုကို အတူတကွ ထိမ်းသိမ်းလျက်ရှိတယ်လို့ ဆိုပါတယ်.... တကယ်လို့ မြန်မာတွေ သတင်းပေးပို့ချက်ဟာ မှန်ကန်တယ်ဆိုပင် ဆိုသော်ငြား ၎င်းတို့ လုပ်ငန်းစဉ်အတွက် စခန်းအသစ်တစ်ခု ရှာဖွေနေတာ သေခြာပါတယ်.....

မြန်မာတွေအမြင်မှာတော့ ၎င်းတို့အုပ်စု လက်နက်ကိုင်တဲ့ အကြမ်းဖက် အဖွဲ့ဝင်တွေ ဖြစ်ပါတယ်......

အဆိုပါ သတင်းပေးပို့ချက်အရ ARNO နဲ့ ထိုင်းနယ်စပ်ရှိ မြန်မာလက်နက်ကိုင် အဖွဲ့တို့ ထူးခြားသည့် ဆက်သွယ်မှုအား သတိထားစေရန် အသိပေးလျက် ရှိပါတယ်...... ဖြစ်နိုင်ချေရှိသည်မှာ ၎င်းတို့အနေဖြင့် (မြန်မာအစိုးရအား ဆိုလိုဟန်ရှိပါတယ်) အကြမ်းဖက်မှု တိုက်ဖျက်ရေးအား အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အမှတ်ယူရန် မျှော်လင့်ထားခြင်း ဖြစ်နိုင်ပါတယ်......

မှတ်ချက် ။ ။ ၁၀ / ၁၀ / ၂၀၀၂ တွင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ မှတ်တမ်းတင်ခဲ့သည့် 02RANGOON1310 စာတန်းအား Wikileaks မှ ကူးယူ၍ ဘာသာပြန်ပါတယ်....
 
.. www.MyanmarExpress.net
 

From : .. SMMK

တစ်ဦးတည်းသော ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ အစ်ကို ဖြစ်သူ ဦးအောင်ဆန်းဦးတို့၏အမှုအား ပြည်ထောင်စုတရား လွှတ်တော်ချုပ်၌ မေလ ၃၀ရက်နေ့က အပြီးသတ်စီရင်ချမှတ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တက်သည့် အယူခံကိုပယ်ချခံခဲ့ရသည်ဟု သိရှိရ သည်။

အဆိုပါ အမှုအား မေလ ၃၀ရက်နေ့တွင် တရားသူကြီးတစ်ဦး၏ရှေ့၌ စီရင်ချက်ချမှတ်မည်ဟု ပြည်ထောင်စု လွှတ်တော်ချုပ်အမှုစာရင်း အမှတ်စဉ်(၁၃)တွင် ဖော်ပြထားပြီး ယခုကဲ့သို့ ပယ်ချခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်ကဆိုသည်။

 “ဒီနေ့ အမှုမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က တက်တဲ့အယူခံကို ပယ်လိုက်တယ်လို့သိရပါတယ်”ဟု ဦးထွန်းထွန်းဟိန်က ပြောသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ် အမှုစားရင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်းဆန်းဦးတို့၏အမှုအား အမှတ်စဉ် (၁၃)တွင် ဖော်ပြထားပြီး တရာမအယူခံမှု၊ အမှုအမှတ် ၄၄၁/၂၀၁၃၊ အယူခံ တရားလို ဒေါ်အောင်ဆန်းစုကြည်၊ အယူခံ တရားလိုရှေ့နေ ဦးဥာဏ်ဝင်း၊အယူခံတရားပြိုင် ဦးအောင်ဆန်းဦး(၎င်း၏အခွင့်ရကိုယ်စားလှယ် ဦးစိုင်းညွန့်နိုင်)၊ အယူခံတရားပြိုင်ရှေ့နေ ဦးအေးလွင်၊ စီရင်ချက်ချမှတ်ရန်ဟု ဖော်ပြပါရှိသည်။

“ဒိကိစ္စနဲ့ပတ်သက်ပြီး ကျွန်မ ဖြေလို့မရပါဘူး။တာဝန်ရှိတဲ့လူက အပေါ်ကို အစည်းအဝေးသွားပါတယ်”ဟူ၍သာ ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါအထူးအယူခံမှုအား နေပြည်တော်ရှိပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး (၁)ဦးရှေ့မှောက်၌(တစ်ပါးထိုင်)ကြားနာစစ်ဆေးခဲ့ပြီးဖြစ်ကာ မေလ (၃၀)ရက် နေ့တွင် အပြီးသတ်စီရင်ချက် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ နအဖ စစ်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏သားကြီးဖြစ်သူ အမေရိကန်နိုင်ငံတွင် နေထိုင်သည့် ဦးအောင်ဆန်းဦးက ညီမဖြစ်သူဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်နေသည့် တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၅၄) နေအိမ်အားအမွေဆိုင်အဖြစ်ထုခွဲ ရောင်းချရန်တရားရုံးတွင် တရားမမှုအဖြစ်စွဲဆိုခဲ့ခြင်းဖြစ်သည်။
 
ဒေါ်အောင်ဆန်းစုကြည်မှာ ဗြိတိန်နိုင်ငံသားကို လက်ထက်ပြီးနောက် နိုင်ငံ နှင့် နေအိမ်ကို စွန့်ခွာခဲ့ကာ အသက် ၄၃ နှစ်ကျော်မှာ မြန်မာနိုင်ငံသို့ ပြန်လာခဲ့သူဖြစ်ပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံတော် ၂၀၁၀ တရားစီရင်ရေးဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် တရားမအထွေထွေ လျှောက်လွှာ ၄၄၁/၂၀၁၃ ဖြင့် လျှောက်ထားခဲ့သဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အထူးအယူခံမှုအဖြစ် လက်ခံစစ်ဆေးပေး နေခြင်းဖြစ်သည်။

တရားဥပဒေအရ နစ်နာသောနိုင်ငံသားများသည် နိုင်ငံတော်၏အမြင့်ဆုံးတရားလွှတ်တော်သို့ အထူးအယူခံအဖြစ် လျှောက်ထားခွင့်ရှိသည်။ ထို့ကြောင့်တရားလိုဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တရားလွှတ်တော် ရှေ့နေဦးဥာဏ်ဝင်းက ဥပဒေဆိုင်ရာအချက်အလက်များဖြင့် လျှောက်လဲခဲ့ခြင်းဖြစ်သည်။

.. www.MyanmarExpress.net

From : .. hmuu zaw

၁။ ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် မိမိနိုင်ငံ လုံခြုံရေး တပ်ဖွဲ့များမှ အမှားအယွင်း တစ်စုံတစ်ရာ မရှိခဲ့ပါ။ မိမိနိုင်ငံပိုင်နက် နယ်မြေသို့ဝင်ရောက်လာသည့် RSO ဟု ယူဆရသော လက်နက်ကိုင်များသာ ဖြစ်ပါသည်။ (ဤသည်ကိုလည်း သတင်းအပြည့်အစုံ ထုတ်ပြန်ထားပြီး ဖြစ်ပါသည်)

၂။ ဘင်္ဂလားဒေ့ရှ်ရှိ မိမိနိုင်ငံသံအမတ်ကြီးမှ သက်သေအထောက်အထားများဖြင့် ဘင်္ဂလားအစိုးရအား ဖြစ်စဉ်အမှန် ရှင်းပြထားပါသည်။ နှစ်နိုင်ငံ အထင်လွဲမှားမှု မရှိစေရန် သံတမန်နည်းလမ်းဖြင့် ဖြေရှင်းလျက် ရှိပါသည်။

၃။ မြေပြင်တပ်ဖွဲ့များအကြားတွင်လည်း ဖြစ်စဉ်အမှန်ကို ရှင်းလင်းထင်ရှားစွာ သိစေနိုင်ရန် ညှိနှိုင်းဖြေရှင်းလျက် ရှိပါသည်။ မိမိတပ်ဖွဲ့များ အမှား မရှိပါ။ လက်မောင်းတံဆိပ်မပါ ပြောက်ကြားဝတ်စုံအဝါဝတ် လက်နက်ကိုင်များ မိမိနယ်မြေသို့ ဝင်ရောက်လာ၍ ဖြစ်ပွားရခြင်းသာ ဖြစ်ပါသည်။

၎။ နှစ်နိုင်ငံဆက်ဆံရေး မထိခိုက်စေရန်အတွက် နိုင်ငံခြားရေးမူဝါဒနှင့်အညီ သံတမန်နည်းလမ်းဖြင့် လက်ရှိ ဖြေရှင်းဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်သမ္မတကြီး ချမှတ်ထာသည့် မူဝါဒမှာ (၁) အချုပ်အခြာအာဏာ အထိခိုက်မခံ (၂) ပြည်သူများအကျိုးစီးပွား အထိခိုက်မခံ (၃) နိုင်ငံတော်၏ ဂုဏ်သိက္ခာ အထိခိုက်မခံ ဟူ၍ ဖြစ်ပါသည်။

၅။ ကျန်အပိုင်းများမှာ နိုင်ငံတော်ကာကွယ်ရေးနှင့် အမျိုးသားလုံခြုံရေးကိစ္စရပ်များ ဖြစ်၍ ထုတ်ပြန်ရန် မရှိပါ။ သံတမန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည် ဟု မျှော်မှန်းထားပါသည်။ စိုးရိမ်ပူပန်ခြင်းများ မရှိကြစေလိုပါ။

 .. www.MyanmarExpress.net


သဘာဝ သည် အဆိုးနှင့် အကောင်းကို မျှမျှတတ ပေးတတ်သည်။ သဘာဝပေးခြင်းရဲ့ ကောင်းကျိုးအဖြစ် မြန်မာနိုင်သည် အရှေ့တောင်အာရှ၏ အချက်အချာနေရာဖြစ်သည်။ အင်ဒိုချိုင်းနားကျွန်းစွယ်၏ ဂိတ်ပေါက်တစ်ခု ဖြစ်ခဲ့သည်။ ကျယ်ပြန့်၍ သယံဇာတပေါသော ပင်လယ်ကို ပိုင်ဆိုင်သည့်အပြင် အရှေ့တောင်အာရှတွင် အမြင့်ဆုံးတောင်များလည်းရှိသည်။

သဘာဝကပေးသည့် ဆိုးမွေများကတော့ မကောင်းတဲ့ အိမ်နီးချင်းများဖြစ်သည်။ တရုတ်သည် ရသမျှ အကုန်အမြတ်ထုတ်သည်။ တရုတ်မကောင်းသည်ကို သိသော်လည်း အိမ်ပြောင်းသွားလို့ မရတာကြောင့် အိမ်နီးချင်းဆိုးကို အဆင်ပြေအောင် သည်းခံပေါင်းရသည်။ ဒီကြားထဲ တရုတ်ကို ဆရာတင် အထောက်အပံ့ယူပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်တောင်းနေသည့် KIO နှင့် UWSA တို့လို အမေကျော်ဒွေးတော်လွမ်းသူများက ရှိသေးတာကြောင့် ပိုမိုသည်းခံရပြန်သည်။ အရှေ့ဖက်က ယိုးဒယားကတော့ မြန်မာကို အသွေးထဲ၊ အသားထဲ မုန်းနေကြသည်။ မြန်မာဘုရင်များ မကောင်းကြောင်းရိုက်ထားတဲ့ ရုပ်ရှင်ကားသည် ယိုးဒယားတွင် လူကြည့် အများဆုံးဖြစ်ခဲ့သည်။ မြန်မာစစ်တပ်ကို ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်း မရှိသော်လည်း မြန်မာ အချင်းချင်းပြန်တိုက်ပေးသည်။ ပြည်ထောင်စု ပြိုကွဲအောင် ကြံဆောင်မည့် တိုင်းရင်း သားဖြစ်စေ၊ ကျောင်းသားဖြစ်စေ အကုန်လက်ခံ၍ မြောက်ပြ ဆန်တောင်းသေးသည်။ သောင်ရင်းမြစ်ကို ထိုင်းဖက်မှ ကျောက်စီ၍ မြန်မာဖက်ကိုပဲ ရေတိုက်စားစေသည်။ အလယ်တွင် ပေါ်လာသော ကျွန်းကိုတော့ နှစ်ဖက်ပိုင် လိုချင်ပြန်သည်။ 

အဆိုးဆုံးက ဘင်္ဂလားဒေ့ရှ်ဖြစ်သည်။ လူဦးရေနဲ့ နိုင်ငံက မဆံ့တာကြောင့် မြန်မာဖက်ကို အမျိုးမျိုးခိုးဝင်သည်။ ရခိုင်တွင် လူများလာတော့ ခရိုင်းမီးယားလို ဆန္ဒကောက်ပြီး ခွဲထွက်ခိုင်းဖို့ အရိပ်ယောင်ပြသည်။ စည်းရိုးကို အမျိုးမျိုးကျော်က ခိုးဝင်သည်။ မိလျှင် လုံခြုံရေးကို သတ်ပစ်သည်။ မြန်မာဖက်က သေတော့ ရိုဟင်ဂျာ သောင်းကျန်းသူ သတ်တာဟု ပြောသည်။ ဘင်္ဂလားဒေ့ရှ်ဖက်က သေတော့ နယ်ကြားစောင့်တပ် ဟုဆိုသည်။ နယ်စပ်တွင် စစ်ပြင်ဆင်သည်။ အင်အားတိုးချသည်။ နိုင်ငံတွင်းက အစ္စလမ် ဘာသာဝင်များ ကလည်း ဗလီထဲတွင် လက်နက်များ စုကြသည်။ အစ္စလမ်ဘာသာဝင်များက ဗုဒ္ဓဘုန်းတော်ကြီးများကို သတ်သည်။ တိုင်းရင်းသူများကို မုဒိန်းကျင့်သတ်သည်။ ဓာတ်ဆီလောင်းမီးရှို့သည်။  ဒေါ်အောင်ဆန်းစုကြည်ကို ကပ်၍ NLD ပါတီတွင်းသို့ စိမ့်ဝင်သည်။ အမေ့အိမ်ပညာဒါန ကျောင်းဆိုသည်မှာ ကုလားပိုင်ဖြစ်သည်။ ကျောက်တံတားမှ ကုလားများက ဒါရိုက်တာ ကြည်ဖြူရှင် မှတဆင့် ဒေါ်အောင်ဆန်း စုကြည်ကို စပွန်ဆာပေးသည်။ အမည်မဖော်လိုသူတစ်ဦးမှ ၁၀၀၀ တန် အကျီကို သိန်း ၅၀၀ ပေးဝယ်သည် ဆိုသည်မှာလည်း ကုလားဖြစ်သည်။ မြေတစ်ကွက်နဲ့ ကား ၅ စီး ယူစရာမလိုအောင် ထောက်ပံ့သည်မှာ လည်း ကုလားဖြစ်သည်။ ကုလားများလွန်းလို့ မစိုးရိမ် တိုက်အုပ် ဆရာတော်မှ ခွတ်ဒေါင်းမဟုတ်တော့ဘူး.. မွတ်ဒေါင်း ဟုပင် နာမည်ပေးခဲ့ဖူးသည်။ ယခုအခါ မြန်မာနိုင်ငံတွင်း ဗလီနှင့် မွတ်ဆလင်များ များပြားလာသည့်အခါ မြန်မာကို စတင်စိန်ခေါ်လာသည်။ အင်ဒိုနီးရှား တွင်လည်း မြန်မာနိုင်ငံအား ဂျီဟက် စစ် ဆင်နွဲလိုကြောင်း ဆန္ဒထုတ်ဖော်သည်။ အိမ်နီးချင်းသာ သတိထားရမည် မဟုတ်။ 
 
OIC အဖွဲ့ဝင် နိုင်ငံများအားလုံးကိုလည်း သတိထားရသည်။ သေနတ်တစ်ချက်မဖောက်ပဲ သိမ်းသွင်းရန် ကြိုးစားနေသည့် အမေရိကန်ကိုလည်း သတိထားရမည်။ အရာရာသည် ရှော့တွက်၍မရ။ ကာကွယ်ရေး ဦးစီးချုပ်တစ်ဦးတည်း စစ်ရေးအမြင်ရှိရုံဖြင့် မလုံလောက်တော့။ နိုင်ငံကို အဓိက အုပ်ချုပ်နေပြီး နိုင်ငံတကာနှင့် ဆက်ဆံကာ နယ်စပ်ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်း တာဝန်ယူရသည့် နိုင်ငံတော်သမ္မတ အနေဖြင့် စစ်ရေးအမြင် မရှိလို့မဖြစ်တော့။ အရေးမကြီးဟု ထင်ရသော်လည်း စစ်ဗျူဟာ တစ်ချက်မှားလျှင် မြန်မာတစ်နိုင်ငံလုံး အမှုန့်ဖြစ်သွားမည်။ အနိုင်ရှိလျှင် အရှုံးရှိသည် ဆိုသော်လည်း စစ်ဆိုသည်မှာ နိုင်မှသာ ကောင်းသည်။ မဖြစ်လျှင် အကောင်းဆုံး။  သို့ဖြစ်၍ ကိုယ်ပိုင်ယဉ်ကျေးမှု အစဉ်အလာထွန်းခါး၍ ဘာသာ၊ သာသနာ ထွန်းကားပြီး အမျိုးဂုဏ်၊ ဇာတိကုန်မြင့်မားသည့် ဖွံ့ဖြိုးစ မြန်မာနိုင်ငံတွင် သမ္မတထိုင်ခုံကို ထိုင်မည့်သူသည် စစ်ရေးအမြင်၊ မဟာဗျူဟာ အထူးကျွမ်းကျင်သူသာ ဖြစ်သင့်ပါကြောင်း သုံးသပ်လိုက်ရပါသည်။။ 

.. www.MyanmarExpress.net

From : .. narajia

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့များ အကြား ယမန်နေ့က ဖြစ်ပွားခဲ့သောတိုက်ပွဲမှာ (၅) နာရီ ကြာမြှင့်ခဲ့သည်ဟု ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ဖေါ်ပြကြသည်။

တိုက်ပွဲမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်းတောင်တောင်တန်းနယ် နတ်ကျောက်ဆရီမြို့နယ် ပိုင်ချရီ အရပ်တွင် နံနက် ၁၁ နာရီကျော်မှ ညနေ ၄ နာရီအထိ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ပျောက်ဆုံးနေသော အလောင်းအား မည်သည့်နေရာတွင် ရှိကြောင်း မြန်မာဘက်က နေရာအများအပြားကို ညွှန်ပြ ဆက်သွယ် ပြောဆိုပြီးနောက် ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့က သွားရောက်ရှာဖွေစဉ် မြန်မာဘက်က စတင် ပစ်ခတ်ခဲ့သည်ဟု ဘင်္ဂလာဒေခ်ျ့ဘက်က စွပ်စွဲ ပြောကြားသည်။

သို့အတွက် ဘင်္ဂလာဒေခ်ျ့ဘက်က တုန့်ပြန် ပစ်ခတ်ခဲ့ရသည်ဟု BGB ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် Aziz Ahmed ဆက်လက် ပြောဆိုသည်။

သို့အတွက် လောလောဆယ်တွင် အလောင်းကို ရှာဖွေရန်နှင့် အလံတင်အစည်းအဝေးကို နယ်စပ်တွင် ပြုလုပ်ရန် မဖြစ်နိုင်ကြောင်း သူက ဆိုသည်။

မျက်မြင်များ၏ အပြောအရ လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် မြန်မာတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မူကြောင့် ဘင်္ဂလာဒေခ်ျ့ BGB တပ်ဖွဲ့များ ဖရိုဖရဲပြိုကွဲသွားစဉ် သေဆုံးသွားသူ ဘင်္ဂလာဒေခ်ျ့ တပ်ဖွဲ့ဝင်၏ အလောင်းကို မြန်မာတပ်ဖွဲ့က ၀င်ရောက် ဆွဲယူသွားခဲ့သည်ဟု ဆိုသည်။

ယခုနယ်စပ်တွင် ဖြစ်ပွားနေသော ပဋိပက္ခကြောင့် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ မြန်မာ အစိုးရထံ ဆက်သွယ်ဆောင်ရွက်နေသလို အနီးကပ်စောင့်ကြည်နေသည်ဟု သိရှိရသည်။

ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ် အကြီးအဲ Maj Gen Aziz က ပြဿာနာကို ပြေလည်အောင် ဖြေရှင်းနိုင်ရေးအတွက် နယ်စပ်တွင် ကြိုးစားဆောင်ရွက်နေကြောင်းနှင့် သံတမန်ရေးအရပါ ဆောင်ရွက်သွားမည်ဟု ဆိုသည်။

နယ်စပ်အနီးပြည်သူများက သေနတ်ပစ်ခတ်သံများ ကြားရကြောင်း၊ အများစု ပြည်သူများမှာ စိုးရိမ်ထိတ်လန့်နေကြောင်း ပြောဆိုသည်။

.. www.MyanmarExpress.net



ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် Border Guard Bangladesh (BGB) နှင့် မြန်မာတို့ မေလ ၃၀ ရက်နေ့ ညနေ (၄) နာရီခန့်က နယ်စပ်စည်းရိုး မိုင်တိုင် ၅၂ တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဘင်္ဂလားဒေ့ရှ်ဖက်မှ လက်နက်ငယ်များဖြင့် မြန်မာဖက်ခြမ်းသို့ အချက် ၁၀၀ ခန့်ပစ်ခဲ့ပြီး လက်နက်ကြီးများနှင့် ဗုံးသီးများလည်း ပစ်ချခဲ့ကြောင်းသိရသည်။ မြန်မာဖက်မှ ထိခိုက် ဒဏ်ရာရမှု တစ်စုံတစ်ရာတော့ မရှိသော်လည်း ဘုန်းကြီးကျောင်းဟောင်းတစ်ခုကို ထိမှန်ခဲ့သော်လည်း ကြီးကြီးမားမား ပျက်ဆီးမှုမျိုးမရှိကြောင်း သိရသည်။ 

မြန်မာနိုင်ငံဖက်မှ လုံခြုံရေးတပ်ဖွဲ့များက ပြည်သူများကို သတိပေးအချက်ပြသံများပေး၍ ပုန်းခိုခိုင်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဖက်သို့ ပြန်လည်ပစ်ခတ်ခြင်းမရှိကြောင်း သိရသည်။ မေလ ၂၈ ရက်နေ့ကလည်း အဆိုပါ မိုင်တိုင် (၅၂) အနီးမှာပင် ဘင်္ဂလားဒေ့ရှ်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့နှင့် မြန်မာတပ်ဖွဲ့ တို့ကြား ပစ်ခတ်မှုဖြစ်ပွားခဲပြီး ဘင်္ဂလားဒေ့ရှ်ဖက်မှ အရာရှိတစ်ဦး ကျဆုံးခဲ့ကာ မြန်မာသံအမတ်ကြီးအား ခေါ်ယူသတိပေးမှုများရှိခဲ့ပြီး မေ ၁၃ နှင့် ၁၇ ရက်နေ့များကလည်း ထိတွေ့မှုများဖြစ်ခဲ့ကာ မြန်မာဘက်မှ ရဲတပ်သား ၄ ယောက် ကျဆုံးခဲ့သည်။ 

၎ ကြိမ်တိုင်တိုင် မြန်မာဘက်သို့ ရန်စပစ်ခတ်ခဲ့သော ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်များသည် အဝါရောင်ပြောက်ကျား ယူနီဖောင်းများကို ဝတ်ဆင်ထားပြီး အဆင့်တံဆိပ်နှင့် လက်မောင်းတံဆိပ်များ မပါရှိကြောင်းသိရသည်။ သို့သော် မြန်မာရဲတပ်ဖွဲ့ ၄ ဦး သေဆုံးစဉ်က ပစ်ခတ်သူများကို ရိုဟင်ဂျာ လက်နက်ကိုင်ဟု ပြောဆိုပြီး ဘင်္ဂလားဒေ့ရှ် အရာရှိသေဆုံးသည့်အခါ BGB နယ်ခြားစောင့်တပ် ဆိုပြီး ဖြစ်သွားသဖြင့် ဘင်္ဂလားဒေ့ရှ်၏ မြန်မာအပေါ် ရန်စမှုကို ထင်ရှားစေသည်။

မေလ ၂၈ ရက် နံနက်က မြန်မာပိုင်နက်နယ်စပ်မှတ်တိုင် အနီးသို့ အ၀ါရောင်ပြောက်ကျား ယူနီဖောင်းဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင် နှစ်ဦးခိုးဝင်လာသောကြောင့် ကင်းပုန်းဝပ်လုံခြုံရေးစောင့်နေသည့် ခမရ(၃၅၂)က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ခိုးဝင်လာသော နှစ်ဦးအနက် တစ်ဦးကျဆုံးကာ သေနတ်တစ်လက်ကိုပါ မြန်မာစစ်တပ်က သိမ်းဆည်းနိုင်ခဲ့သည်။

‘သူတို့က အ၀ါရောင်ယူနီ ဖောင်းသာဝတ်ထားပြီး ဘာတံ ဆိပ်မှ တပ်မထားဘူး။ ဘာပဲဖြစ် ဖြစ် နယ်စပ်ခြံစည်းရိုးအနားကို ခိုးဝင်လာတဲ့အတွက် ပစ်တာပါ။ နယ်စပ်လုံခြုံရေးအရ လုပ်ခဲ့တာ။ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် က သူတို့တပ်ဖွဲ့ဝင်ပါလို့ အ ကြောင်းကြားတဲ့အတွက် မကျေ လည်မှုတွေတော့ဖြစ်နေတယ်’ ဟု နယ်ခြားစောင့် လုံခြုံရေးရဲတပ် ဖွဲ့မှ ဒုတိယရဲမှူးကြီးအဆင့်ရှိ ရဲ အရာရှိကပြောသည်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များကမူ ၎င်းတို့၏ BGB အရာရှိအား မြန်မာတပ်ဖွဲ့က ဖမ်းဆီးထားသည်ဟု ယူဆနေကြောင်း သိရ သည်။ ဘင်္ဂလားဒေ့ရှ်မှ ပျောက်ဆုံးနေသည့် BGB အရာရှိ မီဇာနူရ် ရာဟာမန် (Mizanur Rahman ) နှင့် အတူ အမ် ၂၂ ရိုင်ဖယ် တလက်၊ ကျည်ဆန် ၁၂၀ ပျောက်ဆုံးနေကြောင်း ဘင်္ဂါလီ သတင်းစာများတွင် ဖော်ပြထားသည်။ 

မေလ ၂၈ ရက်နေ့ တိုက်ခိုက်မှုများအပြီး ယခုအခါ မြန်မာနယ်စပ် တလျှောက် လုံခြုံရေး တိုးမြှင့်ထားပြီး မြန်မာမျိုးချစ်လူငယ်အများစုမှာ လိုအပ်ပါက မြန်မာ့မြေကို ကုလားရန်မှ ကာကွယ်ရန် စစ်တပ်တွင်းဝင်ဖို့ အသင့်ရှိကြောင်း ပြောဆိုနေကြပြီး တစ်ဖက် ကုလားများမှ မြန်မာ့အချုပ်အခြာအာဏာကို ထိခိုက်ရန် ကြိုးစားနေသည့်အချိန်တွင်  အခြားတဖက်တွင်လည်း ကုလားအများဆုံး ပါတီဖြစ်သည့် NLD ပါတီမှ သမ္မတရာထူးကို မည်သည့်နိုင်ငံသားမဆို မြန်မာသမ္မတလုပ်ခွင့်ရှိသည့် ဥပဒေ ပြဌာန်းရန် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ကြိုးစားနေချိန်ဖြစ်သဖြင့် မြန်မာနိုင်ငံအတွက် အန္တရာယ်အရှိဆုံး အခြေအနေရောက်နေကြောင်း လေ့လာသူများက သုံးသပ်ထားသည်။
 
.. www.MyanmarExpress.net

SSA (၀မ်ဟိုင်း)အဖွဲ့မှ တပ်ရင်းမှူ အဆင့်ရှိစောရွှေ ခေါင်းဆောင်တဲ့ အဖွဲ့တစ်ဖွဲ့မှ နမ့်ပတ်ရွာ ဥက္ကဌဖြစ်သူ
ဦးပေါ်ဆွဲအား သေနတ်နဲ့ ပစ်သတ်ခဲ့သည်ဟုသတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂၇ ရက်နေ့ နေ့လည် ၁၂ ခန်တွင် စောရွှေ ခေါင်းဆောင်တဲ့ အဖွဲ့တစ်ဖွဲ့မှ လူကြုံတစ်ဦးဖြင့်အခေါ် လွှတ်ပြီး ဦးပေါ်ဆွဲကို ဟိုနမ့်ရွာသို့ လာခဲ့ဖို့ ဆင့်ခေါ်ပြီး အခုလိုပစ်သတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ဦးပေါ်ဆွဲ၏ မိသားစုဝင်တစ်ဦးပြောပြချက်အရ-

“ဦးပေါ်ဆွဲဟာ နေ့လည် ၁ နာရီခွဲလောက်မှာ စောဦးက ခေါ်တယ်ဆိုလို့ ဆိုင်ကယ်နဲ့ ထွက်သွားတယ်။နောက် ၂ နာရီလောက်ကြာတော့ ဟိုနမ့်ရွာက လာပြောတယ်။ ဦးပေါ်ဆွဲသေပြီတဲ့။ကျွန်မတို့ဖြင့်ယုံတောင်မယုံနိုင်ဘူး။”   ဟုဆို သည်။

ဟိုနမ့်ရွာသွားများ၏ ပြောပြချက်အရ
”ဦးပေါ်ဆွဲဟာ စောရွှေတောင်းတဲ့ ဆက်ကြေးကို မပေးနိုင်တဲ့အတွက်အခုလို သတ်လိုက်တာ။သူတို့တောင်းတာကလဲ ခနခန လာတောင်းတယ်လေ။ ဘယ်ကပိုက်ဆံနဲ့ ပေးမလဲ။ မရှိလို့တောင်ယာလုပ်စားပါတယ်ဆိုမှ လုပ်စာကို သူတို့ကိုပဲ ပေးနေရတော့..ဦးပေါ်ဆွဲက တကယ်လဲ မရှိတော့ပါဘူးလို့ပြောတယ်။ဒါနဲ့ စောရွှေက တောင်ယာဘက်ခေါ်သွားတာတွေ့တယ်။ နောက်တော
သေနတ်သံကြားရတော့တာပဲ”ဟုဆိုသည်။

အသတ်ခံရသူဦးပေါ်ဆွဲမှာ ပလောင်လူမျိုးတစ်ဦးဖြစ်ပြီး တောင်ယာလုပ်ကိုင်စားသူတစ်ဦးဖြစ်သည်။၎င်း၏
ရုပ်အလောင်းအားဆွေမျိုးများနှင့် ဟိုနမ့်ရွာ အတွင်းရေးမှူးဦးစံခမ်းတို့မှ ညနေ ၄ နာရီတွင် သဂြိုလ်ပေးခဲ့ကြောင်း သိရှိရသည်။


စိုင်းဖန်း
http://www.oppositeyes.info

SSA (၀မ်ဟိုင်း)အဖွဲ့မှ တပ်ရင်းမှူ အဆင့်ရှိစောရွှေ ခေါင်းဆောင်တဲ့ အဖွဲ့တစ်ဖွဲ့မှ နမ့်ပတ်ရွာ ဥက္ကဌဖြစ်သူ
ဦးပေါ်ဆွဲအား သေနတ်နဲ့ ပစ်သတ်ခဲ့သည်ဟုသတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂၇ ရက်နေ့ နေ့လည် ၁၂ ခန်တွင် စောရွှေ ခေါင်းဆောင်တဲ့ အဖွဲ့တစ်ဖွဲ့မှ လူကြုံတစ်ဦးဖြင့်အခေါ် လွှတ်ပြီး ဦးပေါ်ဆွဲကို ဟိုနမ့်ရွာသို့ လာခဲ့ဖို့ ဆင့်ခေါ်ပြီး အခုလိုပစ်သတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ဦးပေါ်ဆွဲ၏ မိသားစုဝင်တစ်ဦးပြောပြချက်အရ-

“ဦးပေါ်ဆွဲဟာ နေ့လည် ၁ နာရီခွဲလောက်မှာ စောဦးက ခေါ်တယ်ဆိုလို့ ဆိုင်ကယ်နဲ့ ထွက်သွားတယ်။နောက် ၂ နာရီလောက်ကြာတော့ ဟိုနမ့်ရွာက လာပြောတယ်။ ဦးပေါ်ဆွဲသေပြီတဲ့။ကျွန်မတို့ဖြင့်ယုံတောင်မယုံနိုင်ဘူး။”   ဟုဆို သည်။

ဟိုနမ့်ရွာသွားများ၏ ပြောပြချက်အရ
”ဦးပေါ်ဆွဲဟာ စောရွှေတောင်းတဲ့ ဆက်ကြေးကို မပေးနိုင်တဲ့အတွက်အခုလို သတ်လိုက်တာ။သူတို့တောင်းတာကလဲ ခနခန လာတောင်းတယ်လေ။ ဘယ်ကပိုက်ဆံနဲ့ ပေးမလဲ။ မရှိလို့တောင်ယာလုပ်စားပါတယ်ဆိုမှ လုပ်စာကို သူတို့ကိုပဲ ပေးနေရတော့..ဦးပေါ်ဆွဲက တကယ်လဲ မရှိတော့ပါဘူးလို့ပြောတယ်။ဒါနဲ့ စောရွှေက တောင်ယာဘက်ခေါ်သွားတာတွေ့တယ်။ နောက်တော
သေနတ်သံကြားရတော့တာပဲ”ဟုဆိုသည်။

အသတ်ခံရသူဦးပေါ်ဆွဲမှာ ပလောင်လူမျိုးတစ်ဦးဖြစ်ပြီး တောင်ယာလုပ်ကိုင်စားသူတစ်ဦးဖြစ်သည်။၎င်း၏
ရုပ်အလောင်းအားဆွေမျိုးများနှင့် ဟိုနမ့်ရွာ အတွင်းရေးမှူးဦးစံခမ်းတို့မှ ညနေ ၄ နာရီတွင် သဂြိုလ်ပေးခဲ့ကြောင်း သိရှိရသည်။


စိုင်းဖန်း
http://www.oppositeyes.info

SSA (၀မ်ဟိုင်း)အဖွဲ့မှ တပ်ရင်းမှူ အဆင့်ရှိစောရွှေ ခေါင်းဆောင်တဲ့ အဖွဲ့တစ်ဖွဲ့မှ နမ့်ပတ်ရွာ ဥက္ကဌဖြစ်သူ
ဦးပေါ်ဆွဲအား သေနတ်နဲ့ ပစ်သတ်ခဲ့သည်ဟုသတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂၇ ရက်နေ့ နေ့လည် ၁၂ ခန်တွင် စောရွှေ ခေါင်းဆောင်တဲ့ အဖွဲ့တစ်ဖွဲ့မှ လူကြုံတစ်ဦးဖြင့်အခေါ် လွှတ်ပြီး ဦးပေါ်ဆွဲကို ဟိုနမ့်ရွာသို့ လာခဲ့ဖို့ ဆင့်ခေါ်ပြီး အခုလိုပစ်သတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ဦးပေါ်ဆွဲ၏ မိသားစုဝင်တစ်ဦးပြောပြချက်အရ-

“ဦးပေါ်ဆွဲဟာ နေ့လည် ၁ နာရီခွဲလောက်မှာ စောဦးက ခေါ်တယ်ဆိုလို့ ဆိုင်ကယ်နဲ့ ထွက်သွားတယ်။နောက် ၂ နာရီလောက်ကြာတော့ ဟိုနမ့်ရွာက လာပြောတယ်။ ဦးပေါ်ဆွဲသေပြီတဲ့။ကျွန်မတို့ဖြင့်ယုံတောင်မယုံနိုင်ဘူး။”   ဟုဆို သည်။

ဟိုနမ့်ရွာသွားများ၏ ပြောပြချက်အရ
”ဦးပေါ်ဆွဲဟာ စောရွှေတောင်းတဲ့ ဆက်ကြေးကို မပေးနိုင်တဲ့အတွက်အခုလို သတ်လိုက်တာ။သူတို့တောင်းတာကလဲ ခနခန လာတောင်းတယ်လေ။ ဘယ်ကပိုက်ဆံနဲ့ ပေးမလဲ။ မရှိလို့တောင်ယာလုပ်စားပါတယ်ဆိုမှ လုပ်စာကို သူတို့ကိုပဲ ပေးနေရတော့..ဦးပေါ်ဆွဲက တကယ်လဲ မရှိတော့ပါဘူးလို့ပြောတယ်။ဒါနဲ့ စောရွှေက တောင်ယာဘက်ခေါ်သွားတာတွေ့တယ်။ နောက်တော
သေနတ်သံကြားရတော့တာပဲ”ဟုဆိုသည်။

အသတ်ခံရသူဦးပေါ်ဆွဲမှာ ပလောင်လူမျိုးတစ်ဦးဖြစ်ပြီး တောင်ယာလုပ်ကိုင်စားသူတစ်ဦးဖြစ်သည်။၎င်း၏
ရုပ်အလောင်းအားဆွေမျိုးများနှင့် ဟိုနမ့်ရွာ အတွင်းရေးမှူးဦးစံခမ်းတို့မှ ညနေ ၄ နာရီတွင် သဂြိုလ်ပေးခဲ့ကြောင်း သိရှိရသည်။


စိုင်းဖန်း
http://www.oppositeyes.info


မြန်မာ နဲ့ ဂျပန် နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအစီအစဉ်တွေ ပြန်လည်ထူ
ထောင် တိုးမြှင့်ဖို့ သဘောတူညီ ခဲ့ကြပါတယ်။

မြန်မာနိုင်ငံကို လေးရက်တာချစ်ကြည်ရေးခရီးလာရောက်ခဲ့တဲ့ ဂျပန်နိုင်ငံ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရှီဂဲယု အီဝါဆာကီ ဟာ အင်္ဂါနေ့က မြန်မာ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံခဲ့ပြီး၊ ဗုဒ္ဓဟူးနေ့က သမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံခဲ့ပါတယ်။

နှစ်နိုင်ငံ စစ်ရေးခေါင်းဆောင်နှစ်ဦး တွေ့ဆုံခဲ့ရာမှာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေ ဆွေးနွေးခဲ့ကြပြီး၊ ဂျပန် ကာကွယ်ရေး လက်နက်ကိုင်တပ်များနဲ့ မြန်မာ စစ်တပ်ကြား အဆင့်တိုင်း မှာ အပြန်အလှန် အတုံ့အလှယ်တွေ ပြုဖို့အရေးကြီးကြောင်း သဘော တူညီခဲ့ကြတယ်လို့ ဂျပန်ကာကွယ်ရေး ၀န်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။

ဂျပန်စစ်ဦးစီးချုပ်ရဲ့ ခရီးစဉ်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်ရဲ့အဆင့် အမြင့်ဆုံး စစ်ခေါင်းဆောင်တစ်ဦး မြန်မာနိုင်ငံကိုပထမဆုံးအကြိမ် လာရောက်တာဖြစ်ပါတယ်။ အခုလို နှစ်နိုင်ငံကြား စစ်ရေးဆက်ဆံ မှု ပြန်လည်ထူထောင်ရေး ရည်မှန်းချက်ကို ပြီးခဲ့တဲ့ ၂၀၁၃ခု မေလ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မြန်မာနိုင်ငံကို လာရောက်ခဲ့စဉ်အတွင်း ချမှတ်ခဲ့တာဖြစ်ပြီး၊ အဲဒီနှစ် ဒီဇင်ဘာလ သမ္မတ ဦးသိန်းစိန် ရဲ့ ဂျပန် ခရီးစဉ်မှာ ထပ်မံ အတည်ပြုခဲ့တာဖြစ်ပါတယ်။

နှစ်နိုင်ငံ စစ်ရေးခေါင်းဆောင်နှစ်ဦး တွေ့ဆုံခဲ့ရာမှာ တောင်တရုတ် ပင်လယ်ရေပိုင်နက်ပြဿနာ အပါအ၀င် အာရှ ပစိဖိတ်ဒေသတွင်း ကိစ္စတွေအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြရာမှာ ဒေသတွင်းပြဿနာတွေ ကို တွေ့ဆုံဆွေးနွေးမှု
တွေကတဆင့် ဖြေရှင်းဖို့အရေးကြီးကြောင်း သဘောတူညီခဲ့ကြတယ်လို့ ဂျပန်ကာကွယ်ရေး ၀န်ကြီး ဌာန ရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

RFA Burmese

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ