Related Posts Plugin for WordPress, Blogger...


သို့
အမေ
သားစာရေးလိုက်ပါတယ်...သားလိုအညတရတစ်ယောက်ကို အမေမသိနိုင်ပေမယ့် အမေ့ကိုတော့ ဟိုးအရင်ငယ်နုစဉ်အရွယ်ကတည်းက သားယုံကြည်အားကိုးခဲ့တာပါ အမေ...တစ်ချိန်က နိုင်ငံရေးဆိုတဲ့ ကန်ရေပြင်ရဲ့အတိမ်အနက်ကို မသိခင်မှာ အမေဟာ သားရဲ့စံပြ သားရဲ့မျှော်လင့်ချက် သားရဲ့သူရဲကောင်းပါ အမေ...၈၈၈၈ အရေးတော်ပုံကောင်းကောင်း မသိမှီခဲ့ပေမယ် အမေနိုဘယ်ဆုရလည်း သားဝမ်းသာတယ်...ဘာတွေလုပ်လို့ရတာလဲ သားမသိခဲ့ရိုးအမှန်ပါ...အမေ့ကိုနှစ်ရှည်လများ အကျဉ်းချထားတဲ့သူတွေကို သားမုန်းတယ်...အမေသာ သားတို့နိုင်ငံရဲ့ဥသျှောင်ဖြစ်ခဲ့မယ်ဆိုရင် သားတို့နိုင်ငံကြီးနေ့ချင်းညချင်း ရွှေပြည်တော်ဆိုက်လိမ့်မယ်လို့ လူငယ်တစ်ယောက်ရဲ့အတွေးနဲ့ တန်ခိုးရှင်မျှော်ခဲ့မိတာလည်း ဟောဒီကအမေ့သားပါ...တစ်ချိန်က အမေ့ရဲ့ထိပ်တိုက်ရင်ဆိုင်ရေး အလုံးစုံပျက်သုန်းရေး သားတို့သိပ်ကြိုက်ခဲ့တာပေါ့ အမေ...ရွှေဝါရောင်တော်လှန်ရေးကာလ အမေ့အတွက်ဆုတောင်းပေးရတာ အမောပါ...လူတွေကပြောကြတယ်...ဂျွန်ယက်တောကြီး အမေ့အိမ်မှာ ညအိပ်ပြီး ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့...သားတို့စိတ်တိုလိုက်ရတာ အမေရယ်...ဒီလိုနဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်တော့ အမေမပါတဲ့ရွေးကောက်ပွဲ ဆားမပါတဲ့ဟင်းလို ပေါ့ရွှတ်ရွှတ်ပေါ့...ဒုတိယပင်လုံကို အများနည်းတူ သားလည်းမျှော်လင့်ခဲ့တာပဲ အမေ...ဒီလိုနဲ့ အခုလူတွေပြောနေကြတဲ့ သုံးစားလို့မရတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ကျမ်းကျိန်ပြီး လွှတ်တော်ထဲကို အမေဝင်ခဲ့တယ်လေ...တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဌတစ်ယောက်အနေနဲ့ ပြိုလဲနေတဲ့တရားရေးမဏ္ဍိုင် အမေတည့်မတ်နိုင်ပြီပေါ့...ဒါပေမယ့်....ဒါပေမယ့်ပေါ့အမေရယ်.....ရခိုင်မှာ သီတာထွေးလေး အသတ်ခံရတော့ အမေနှုတ်ဆိတ်နေခဲ့တယ်...ဘူးသီးတောင် မောင်တောမှာ ၉၄ ရာနှုန်းလောက်ရှိတဲ့ ဘင်္ဂါလီတွေက လူနည်းစုလား အမေ...မိတ္ထီလာမှာ ဆရာတော်ဦးသောဘိတ အသတ်ခံရတော့လည်း အမေဘာမှမပြောခဲ့ဘူးနော်...အမေ့တပည့် ဦးဝင်းထိန်က ဗမာတွေဟာ အရမ်းရိုင်းစိုင်းတယ်တဲ့...ဦးကိုနီကလည်း ဦးသောဘိတကို သတ်တဲ့ကုလားတွေဘက်က ရှေ့နေလိုက်ပေးနေတယ်...လူတွေက ခွပ်ဒေါင်းကို မွတ်ဒေါင်းလို့ပြောနေကြပြီ အမေ...အမေနိုင်ငံခြားကိုသွားတိုင်း လက်ရှိအစိုးရကို မယုံပါနဲ့လို့ပြောတော့ သားမှာအံ့သြမိတယ် အမေ...လက်ရှိအစိုးရကို မယုံပဲ လက်ရှိအခြေခံဥပဒေကို မယုံပဲ အမေဘာလို့များကျမ်းကျိန်ပြီး လွှတ်တော်ထဲကို ဝင်ခဲ့ပါလိမ့်ပေါ့...လူဆိုတာ အချိန်ကာလကိုလိုက်ပြီး အတွေးအခေါ်တွေပြောင်းလဲရတယ်ဆိုတာ သားထက်အမေက ပိုသိပါတယ်...လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က ထိပ်တိုက်ရင်ဆိုင်ရေး အလုံးစုံပျက်သုန်းရေးဟာ ဒီနေ့ထိအသုံးပြုသင့်သေးတယ်လို့ အမေထင်နေလား အမေ...အမေတည်ထောင်ခဲ့တဲ့ ရဲရဲတောက်ပါတီမှာ အခုတော့မျိုးမစစ်တွေ အခွင့်အရေးသမားတွေကနေရာယူနေပါ့လား အမေရယ်...သားတို့ လူမျိုးမပျောက်ပါရစေနဲ့ အမေ...တစ်ခါတစ်လေမှာ အမျိုးသားရေးဟာ လူ့အခွင့်အရေးထက် ပိုအရေးကြီးတယ်ဆိုတာ အမေသိမြင်နိုင်ပါစေ...
တစ်ချိန်က အမေ့ရဲ့သားလေး

အညတရငဖြိုး

Posted by Unknown on 5/31/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ