Related Posts Plugin for WordPress, Blogger...



ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် Border Guard Bangladesh (BGB) နှင့် မြန်မာတို့ မေလ ၃၀ ရက်နေ့ ညနေ (၄) နာရီခန့်က နယ်စပ်စည်းရိုး မိုင်တိုင် ၅၂ တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဘင်္ဂလားဒေ့ရှ်ဖက်မှ လက်နက်ငယ်များဖြင့် မြန်မာဖက်ခြမ်းသို့ အချက် ၁၀၀ ခန့်ပစ်ခဲ့ပြီး လက်နက်ကြီးများနှင့် ဗုံးသီးများလည်း ပစ်ချခဲ့ကြောင်းသိရသည်။ မြန်မာဖက်မှ ထိခိုက် ဒဏ်ရာရမှု တစ်စုံတစ်ရာတော့ မရှိသော်လည်း ဘုန်းကြီးကျောင်းဟောင်းတစ်ခုကို ထိမှန်ခဲ့သော်လည်း ကြီးကြီးမားမား ပျက်ဆီးမှုမျိုးမရှိကြောင်း သိရသည်။ 

မြန်မာနိုင်ငံဖက်မှ လုံခြုံရေးတပ်ဖွဲ့များက ပြည်သူများကို သတိပေးအချက်ပြသံများပေး၍ ပုန်းခိုခိုင်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဖက်သို့ ပြန်လည်ပစ်ခတ်ခြင်းမရှိကြောင်း သိရသည်။ မေလ ၂၈ ရက်နေ့ကလည်း အဆိုပါ မိုင်တိုင် (၅၂) အနီးမှာပင် ဘင်္ဂလားဒေ့ရှ်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့နှင့် မြန်မာတပ်ဖွဲ့ တို့ကြား ပစ်ခတ်မှုဖြစ်ပွားခဲပြီး ဘင်္ဂလားဒေ့ရှ်ဖက်မှ အရာရှိတစ်ဦး ကျဆုံးခဲ့ကာ မြန်မာသံအမတ်ကြီးအား ခေါ်ယူသတိပေးမှုများရှိခဲ့ပြီး မေ ၁၃ နှင့် ၁၇ ရက်နေ့များကလည်း ထိတွေ့မှုများဖြစ်ခဲ့ကာ မြန်မာဘက်မှ ရဲတပ်သား ၄ ယောက် ကျဆုံးခဲ့သည်။ 

၎ ကြိမ်တိုင်တိုင် မြန်မာဘက်သို့ ရန်စပစ်ခတ်ခဲ့သော ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်များသည် အဝါရောင်ပြောက်ကျား ယူနီဖောင်းများကို ဝတ်ဆင်ထားပြီး အဆင့်တံဆိပ်နှင့် လက်မောင်းတံဆိပ်များ မပါရှိကြောင်းသိရသည်။ သို့သော် မြန်မာရဲတပ်ဖွဲ့ ၄ ဦး သေဆုံးစဉ်က ပစ်ခတ်သူများကို ရိုဟင်ဂျာ လက်နက်ကိုင်ဟု ပြောဆိုပြီး ဘင်္ဂလားဒေ့ရှ် အရာရှိသေဆုံးသည့်အခါ BGB နယ်ခြားစောင့်တပ် ဆိုပြီး ဖြစ်သွားသဖြင့် ဘင်္ဂလားဒေ့ရှ်၏ မြန်မာအပေါ် ရန်စမှုကို ထင်ရှားစေသည်။

မေလ ၂၈ ရက် နံနက်က မြန်မာပိုင်နက်နယ်စပ်မှတ်တိုင် အနီးသို့ အ၀ါရောင်ပြောက်ကျား ယူနီဖောင်းဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင် နှစ်ဦးခိုးဝင်လာသောကြောင့် ကင်းပုန်းဝပ်လုံခြုံရေးစောင့်နေသည့် ခမရ(၃၅၂)က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ခိုးဝင်လာသော နှစ်ဦးအနက် တစ်ဦးကျဆုံးကာ သေနတ်တစ်လက်ကိုပါ မြန်မာစစ်တပ်က သိမ်းဆည်းနိုင်ခဲ့သည်။

‘သူတို့က အ၀ါရောင်ယူနီ ဖောင်းသာဝတ်ထားပြီး ဘာတံ ဆိပ်မှ တပ်မထားဘူး။ ဘာပဲဖြစ် ဖြစ် နယ်စပ်ခြံစည်းရိုးအနားကို ခိုးဝင်လာတဲ့အတွက် ပစ်တာပါ။ နယ်စပ်လုံခြုံရေးအရ လုပ်ခဲ့တာ။ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် က သူတို့တပ်ဖွဲ့ဝင်ပါလို့ အ ကြောင်းကြားတဲ့အတွက် မကျေ လည်မှုတွေတော့ဖြစ်နေတယ်’ ဟု နယ်ခြားစောင့် လုံခြုံရေးရဲတပ် ဖွဲ့မှ ဒုတိယရဲမှူးကြီးအဆင့်ရှိ ရဲ အရာရှိကပြောသည်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များကမူ ၎င်းတို့၏ BGB အရာရှိအား မြန်မာတပ်ဖွဲ့က ဖမ်းဆီးထားသည်ဟု ယူဆနေကြောင်း သိရ သည်။ ဘင်္ဂလားဒေ့ရှ်မှ ပျောက်ဆုံးနေသည့် BGB အရာရှိ မီဇာနူရ် ရာဟာမန် (Mizanur Rahman ) နှင့် အတူ အမ် ၂၂ ရိုင်ဖယ် တလက်၊ ကျည်ဆန် ၁၂၀ ပျောက်ဆုံးနေကြောင်း ဘင်္ဂါလီ သတင်းစာများတွင် ဖော်ပြထားသည်။ 

မေလ ၂၈ ရက်နေ့ တိုက်ခိုက်မှုများအပြီး ယခုအခါ မြန်မာနယ်စပ် တလျှောက် လုံခြုံရေး တိုးမြှင့်ထားပြီး မြန်မာမျိုးချစ်လူငယ်အများစုမှာ လိုအပ်ပါက မြန်မာ့မြေကို ကုလားရန်မှ ကာကွယ်ရန် စစ်တပ်တွင်းဝင်ဖို့ အသင့်ရှိကြောင်း ပြောဆိုနေကြပြီး တစ်ဖက် ကုလားများမှ မြန်မာ့အချုပ်အခြာအာဏာကို ထိခိုက်ရန် ကြိုးစားနေသည့်အချိန်တွင်  အခြားတဖက်တွင်လည်း ကုလားအများဆုံး ပါတီဖြစ်သည့် NLD ပါတီမှ သမ္မတရာထူးကို မည်သည့်နိုင်ငံသားမဆို မြန်မာသမ္မတလုပ်ခွင့်ရှိသည့် ဥပဒေ ပြဌာန်းရန် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ကြိုးစားနေချိန်ဖြစ်သဖြင့် မြန်မာနိုင်ငံအတွက် အန္တရာယ်အရှိဆုံး အခြေအနေရောက်နေကြောင်း လေ့လာသူများက သုံးသပ်ထားသည်။
 
.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ