Related Posts Plugin for WordPress, Blogger...

လူဦးရေသိပ်သည်းမှု အများဆုံးဖြစ်တဲ့ ရန်ကုန်
မှာနေထိုင်တဲ့ လူဦးရေ ကျပ်တည်းမှုကို
 ဖြေရှင်းဖို့ အတွက် ရန်ကုန်မြို့သစ်ဧရိယာ
 မြေဧကသုံးသောင်း တိုးချဲ့မှာဖြစ်တယ်လို့
 သိရပါတယ်။



တိုးချဲ့မယ့်မြေဧကသုံးသောင်းကတော့ ပန်းလှိုင်မြစ်နဲ့ တွံတေးတူးမြောင်းကြား မြေနေရာ၊ လှိုင်မြစ်နဲ့ လှိုင်သာယာမြို့နယ်ကြား မြေနေရာတွေ ဖြစ်တယ်လို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက ဆိုပါတယ်။
ခုလို မြို့သစ်တိုးချဲ့ဖို့ အတွက် ကျပ်ဘီလီယံ ခုနစ်ထောင် အသုံးပြုမှာဖြစ်ပြီး စီမံကိန်း အကောင်အထည်ဖော်ဖို့ အတွက် မြန်မာ့စေတနာ အများပိုင်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုထားတယ် လို့လည်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက “အခုဟာက အစိုးရတစ်ခုတည်းပဲ သိတဲ့ စီမံကိန်း ဖြစ်နေတယ်။ နောက်ပြီး ကုမ္ပဏီတစ်ခုတည်းကိုပဲ လုပ်ပိုင်ခွင့် ပေးလိုက်တာ၊ အဲဒါတွေကို ဘာတစ်ခုမှ လွှတ်တော်က မသိရဘူး၊ အားလုံးလုပ်ပြီးမှ သိရတယ်၊ နောက်ပြီး ဒီဘီလီယံနဲ့ချီပြီး အကုန်အကျခံတဲ့ စီမံကိန်းတွေက ဆင်းရဲသား ပြည်သူတွေကိုဘယ်လောက် အကျိုးပြုနေသလဲ ပြန်ဆန်းစစ်သင့်ပါတယ်” လို့ဆိုပါတယ်။

စီမံကိန်းပြီးရင် တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း နှစ်သောင်း၊ ကျောင်းနှစ်ကျောင်း၊ ဘိုးဘွားရိပ်သာ နှစ်ခုနဲ့ အခွန်ကင်းလွတ်စွာ ဖြတ်သန်းနိုင်မယ့် မြစ်ကူးတံတား ငါးစင်းကို ကုမ္ပဏီက နိုင်ငံတော်ကို ပေးလှူရမှာဖြစ်ပြီး မြို့သစ်စီမံကိန်း အရ လယ်ယာမြေ နစ်နာမှုတွေကိုလည်း ဒီကုမ္ပဏီကပဲ ဖြေရှင်းရမယ်လို့ စာချုပ်မှာ သဘောတူ ထားတယ်လို့လည်း သိရပါတယ်။
The Voice Weekly

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ