Related Posts Plugin for WordPress, Blogger...

မန္တလေးမြို့၊ သြဂုတ် ၁၉ ရက်က လူလေးဦး
 သေဆုံးသည့် ယာဉ်တိုက်မှုတွင် ယာဉ်မောင်း
ကို ရာသက်ပန် လိုင်စင်ပိတ်သိမ်းကြောင်း
 ကုန်လမ်းပို့ဆောင်ရေး ညွှ န်ကြားမှုဦးစီးဌာန


(ကညန) တာဝန်ရှိသူတစ် ဦးက မဇ္ဈိမကို ပြောသည်။

“လူလေးဦးသေဆုံးခဲ့သည့်အထိ ယာဉ်တိုက်မှုကျူးလွန်ခဲ့သူကို ကညနက ရာသက်ပန် လိုင်စင်ပိတ်သိမ်း လိုက်ပါတယ်”ဟု ၎င်းက ပြောသည်။ လူသေဆုံးသည့် ယာဉ်တိုက် မှုကျူးလွန်သူများကို ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာန ကျူးလွန်သည့် ပုံစံပေါ်မူတည်၍ ဥပဒေများကို ပြဋ္ဌာန်းထားပြီး လက်ရှိဖြစ်စဉ် မှာ ပြင်းထန်သည့် အဆင့်တွင်ရှိ၍ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်။

ထို့ပြင် ယာဉ်တိုက်မှု ကျူးလွန်သူကို မူးယစ်ဆေးဝါးသုံးစွဲခြင်းရှိ၊မရှိကိုလည်း စစ်ဆေးမှုများကို ပြုလုပ်ထား သော်လည်း စစ်ဆေးချက်မှာသုံးလခန့်ကြာမြင့်မည်ြ ဖစ် သည်ဟုဆိုသည်။

“မူးယစ်ဆေးသုံးစွဲခြင်းနဲ့ ပတ်သက်ပြီး ဓာတ်ခွဲစစ်ဆေးရာတွင် လနှစ်ချီကြာမြင့်တယ်။ အမှန်တကယ်သုံး စွဲကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ရင် မူးယစ်ဆေးဝါးမှုနဲ့ ထပ်ပြီးအရေးယူသွားမှာဖြစ်တယ်” ဟု ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် အမှတ်(၉) ရဲစခန်း နှင့် အမှတ်(၃)ရဲစခန်း ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၄-က/၃၃၇/၃၃၈အရ ပေါ့ဆမှုကြောင့် လူသေဆုံးမှု၊ ပြင်းထန်စွာ ဒဏ်ရာ ရစေမှုနှင့် သာမန်ဒဏ်ရာရစေမှုတို့ဖြင့် အမှုဖွင့်အရေး ယူထားသည်။

သြဂုတ်၁၉ရက်၊ ည ၇ နာရီခန့်က စူပါမန္တလာရွိုင်ရယ် ၀က်ဂွန်အဖြူရောင်ယာဉ်သည် ၎င်းရှေ့တွင် မောင်းနှင်နေသည့် ဆိုင်ကယ်နှစ်စီးကို ၀င်တိုက်မိ၍ အမျိုး သားလေးဦး သေဆုံးသွားကြောင်း အမှတ်(၁၁) ယာဉ်ထိန်းရဲထံမှ သိရသည်။

Mizzima News Daily

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ