Related Posts Plugin for WordPress, Blogger...



Photo: ပြိုင်ပွဲဝင်ဖို့ ဖိလစ်ပိုင်သွားပြီး လေ့ကျင့်မယ့် ခင်ဝေဖြိုးဟန်
Friday, August 22, 2014

 ဂျပန်နိုင်ငံတွင် ကျင်းပ မည့် Miss International 2014 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ် ပြိုင်ရန် ရွေးချယ်ထားသော အလှမယ်ခင်ဝေဖြိုးဟန်အား ဖိလစ်ပိုင်နိုင်ငံရှိ အလှမယ်ပညာရှင် များထံ စေလွှတ်၍ ပြိုင်ပွဲအတွက် လေ့ကျင့် မှုများပြုလုပ်သွား မည်ဖြစ်ကြောင်း မြန်မာ့ခရီး သွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ ဦးခင်အောင်ထွန်းကပြော သည်။

‘‘အထူးသဖြင့် အာရှမှာ အလှမယ်ထရိတ်နင်ပိုင်းမှာ နာ မည်ကြီးတဲ့ ဖိလစ်ပင်းကို စေလွှတ်ဖို့ စဆွေးနွေးနေတယ်။  ကျွန် တော်တို့ကို ကမ်းလှမ်းထားတဲ့ အဖွဲ့အစည်းနှစ်ခု၊ သုံးခုလောက် ရှိတယ်။ ဒီပွဲကို လာသွားတဲ့ မနှစ် က Miss International ဆုရှင် ဖိလစ်ပင်းသူက ဟိုမှာ ပါစင်နယ် ထရိန်နာလုပ်တော့ သူကလည်း လုပ်ပေးချင်တယ်။ အသင့်တော်ဆုံးဖြစ်မယ့်သူ ဒီနှစ်ဖွဲ့၊ သုံးဖွဲ့ထဲကတစ်ခုကိုရွေးသွားမှာပါ’’ ဟုဦးခင်အောင်ထွန်းကပြောသည်။

ဖိလစ်ပိုင်နိုင်ငံမှ မည်သည့် အဖွဲ့အစည်းသို့ စေလွှတ်သင့် သည်ကို နှစ်ပတ်ခန့်အတွင်း ရွေး ချယ်ကာ ခင်ဝေဖြိုးဟန်ကို စေ လွှတ်သွားမည်ဖြစ်ကြောင်း ၎င်း ကပြောသည်။

ခင်ဝေဖြိုးဟန်သည် ၎င်း၏ လိုအပ်ချက်များဖြစ်သော အသား အရေ  ကျန်းမာရေးအတွက်နှင့် ခန္ဓာကိုယ်အချိုးအစားပြေပြစ်အောင် လေ့ကျင့်ခန်းများလုပ် ဆောင်နေပြီး Miss Internationalပြိုင်ပွဲ၏ အဓိကယှဉ်ပြိုင်မှုများ တွင် ပါဝင်သော အရည်အသွေး ထုတ်ဖော် (Talent Show) ယှဉ်ပြိုင်မှုအတွက် ရှမ်းရိုးရာအကက ပြသွားမည်ဖြစ်ကြောင်း ခင်ဝေ ဖြိုးဟန်ကပြောသည်။

‘‘ပြိုင်ပွဲဝင်ကတည်း  အ ကောင်းဆုံးဆုကို လိုချင်တာ ပေါ့နော်။ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ပြိုင်တာဆိုတော့ မြန်မာ အတွက်တကယ်နိုင်လာချင်တာ ပေါ့။ ဒီအတွက် အကောင်းဆုံး ကြိုးစားမှာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတော့ လုပ်နိုင်မယ် လို့လည်း ထင်တယ်။ လိုအပ်တာ လေးတွေ ဖြည့်ပြီးရင်တော့ တစ် ရာရာခိုင်နှုန်းပြည့်စုံပြီ’’ဟု ခင်ဝေ ဖြိုးဟန်ကပြောသည်။

မြန်မာနိုင်ငံ  ကိုယ်စားပြု အလှမယ်အဖြစ် တာဝန်ထမ်း ဆောင်စဉ်တစ်နှစ်အတွင်းသာ အနုပညာအလုပ်များကို လုပ် ဆောင်သွားမည်ဖြစ်ပြီး နောက် နှစ်တွင် ၀ါသနာပါသော ဆရာ ၀န်တစ်ယောက်ဖြစ်ရန် ပြည်ပ တက္ကသိုလ်တစ်ခုတွင် ဆေးပညာ ကို ရှစ်နှစ်ခန့်သွားရောက်သင်ယူ ရန် ရည်ရွယ်ထားကြောင်း ခင်ဝေ ဖြိုးဟန်ကပြောသည်။

သြဂုတ် ၁၇ ရက် အမျိုးသား ကဇာတ်ရုံ၌ ကျင်းပခဲ့သော Miss International Myanmar 2014 ပြိုင်ပွဲဝင် ဆန်ခါတင်အလှမယ် ၂၀ ဦးထဲမှ ခင်ဝေဖြိုးဟန်က သရဖူ ရရှိခဲ့ခြင်းဖြစ်သည်။

7Day DAILY

ဂျပန်နိုင်ငံတွင် ကျင်းပမည့် Miss International 2014 ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ရန် ရွေး ချယ်ထားသော အလှမယ်ခင်ဝေဖြိုးဟန်အား ဖိလစ်ပိုင်နိုင်ငံရှိ အလှမယ်ပညာရှင်များထံ စေလွှတ်၍ ပြိုင်ပွဲ အတွက် လေ့ကျင့်မှုများပြုလုပ်သွား မည်ဖြစ်ကြောင်း မြန်မာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ ဦးခင်အောင်ထွန်းကပြော သည်။
‘‘အထူးသဖြင့် အာရှမှာ အလှမယ်ထရိတ်နင်ပိုင်းမှာ နာ မည်ကြီးတဲ့ ဖိလစ်ပင်းကို စေလွှတ်ဖို့ စဆွေးနွေးနေ တယ်။  ကျွန် တော်တို့ကို ကမ်းလှမ်းထားတဲ့ အဖွဲ့အစည်းနှစ်ခု၊ သုံးခုလောက် ရှိတယ်။ ဒီပွဲကို လာသွားတဲ့ မနှစ် က Miss International ဆုရှင် ဖိလစ်ပင်းသူက ဟိုမှာ ပါစင်နယ် ထရိန်နာလုပ်တော့ သူကလည်း လုပ်ပေးချင်တယ်။ အသင့်တော်ဆုံးဖြစ်မယ့်သူ ဒီနှစ်ဖွဲ့၊ သုံးဖွဲ့ထဲကတစ်ခုကိုရွေးသွားမှာပါ’’ ဟု ဦးခင်အောင်ထွန်း ကပြောသည်။

ဖိလစ်ပိုင်နိုင်ငံမှ မည်သည့် အဖွဲ့အစည်းသို့ စေလွှတ်သင့် သည်ကို နှစ်ပတ်ခန့်အတွင်း ရွေး ချယ်ကာ ခင်ဝေဖြိုးဟန် ကို စေ လွှတ်သွားမည်ဖြစ်ကြောင်း ၎င်း ကပြောသည်။

ခင်ဝေဖြိုးဟန်သည် ၎င်း၏ လိုအပ်ချက်များဖြစ်သော အသား အရေ  ကျန်းမာရေးအတွက်နှင့် ခန္ဓာကိုယ် အချိုး အစားပြေပြစ်အောင် လေ့ကျင့်ခန်းများလုပ် ဆောင်နေပြီး Miss Internationalပြိုင်ပွဲ၏ အဓိကယှဉ်ပြိုင်မှုများ တွင် ပါဝင်သော အရည်အသွေး ထုတ်ဖော် (Talent Show) ယှဉ်ပြိုင်မှုအတွက် ရှမ်းရိုးရာအကက ပြသွားမည်ဖြစ်ကြောင်း ခင်ဝေ ဖြိုးဟန်ကပြောသည်။

‘‘ပြိုင်ပွဲဝင်ကတည်း  အ ကောင်းဆုံးဆုကို လိုချင်တာ ပေါ့နော်။ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ပြိုင်တာ ဆိုတော့ မြန်မာ အတွက်တကယ်နိုင်လာချင်တာ ပေါ့။ ဒီအတွက် အကောင်းဆုံး ကြိုးစားမှာပါ။ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုရှိတော့ လုပ်နိုင်မယ် လို့လည်း ထင်တယ်။ လိုအပ်တာ လေးတွေ ဖြည့်ပြီးရင်တော့ တစ် ရာရာခိုင်နှုန်းပြည့်စုံပြီ’’ဟု ခင်ဝေ ဖြိုးဟန်ကပြောသည်။

မြန်မာနိုင်ငံ  ကိုယ်စားပြု အလှမယ်အဖြစ် တာဝန်ထမ်း ဆောင်စဉ်တစ်နှစ်အတွင်းသာ အနုပညာအလုပ် များကို လုပ် ဆောင်သွားမည်ဖြစ်ပြီး နောက် နှစ်တွင် ၀ါသနာပါသော ဆရာ ၀န်တစ်ယောက်ဖြစ်ရန် ပြည်ပ တက္ကသိုလ်တစ်ခုတွင် ဆေးပညာ ကို ရှစ်နှစ်ခန့်သွားရောက်သင်ယူ ရန် ရည်ရွယ်ထားကြောင်း ခင်ဝေ ဖြိုးဟန်ကပြောသည်။

သြဂုတ် ၁၇ ရက် အမျိုးသား ကဇာတ်ရုံ၌ ကျင်းပခဲ့သော Miss International Myanmar 2014 ပြိုင်ပွဲဝင် ဆန်ခါတင်အလှမယ် ၂၀ ဦးထဲမှ ခင်ဝေဖြိုးဟန်က သရဖူ ရရှိခဲ့ခြင်းဖြစ်သည်။

7Day DAILY

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ