Related Posts Plugin for WordPress, Blogger...

ကဖင်းဓါတ်သည် အမျိုးသမီး (၈၀)ရာ
ခိုင်နှုန်း၌ သွေးဆုံးချိန်ရောက်သည့်
အခါ အပူပျံခြင်း၊ ညဘက်ချွေးထွက်ခြင်း
တို့ကိုပိုမိုဆိုးရွားစေကြောင်း လေ့လာ
မှုတစ်ခုအရသိရသည်။


ကဖင်းဓါတ်သောက်သုံးမှုကန့်သတ်ခြင်းဖြင့် သွေးဆုံးပြီးအမျိုးသမီးများတွင်အပူပျံခြင်း၊ ညဘက်ချွေးထွက်ခြင်းတို့ သက်သာစေမည်ဖြစ် ကြောင်းသုတေသီများကဆိုသည်။


ကဖင်းသည် ခန္ဓာကိုယ်ကို လှုံ့ ဆော်ပေးသည့် ဓါတ်တစ်မျိုးဖြစ်ပြီး ကော်ဖီ၊ဆေးဝါး၊ ချောကလက်တို့တွင် ပါဝင်လေ့ရှိကာ သွေးဆုံးချိန်ရောက် နေသည့်အမျိုးသမီးများတွင် အာနိသင်အမျိုးမျိုး သက်ရောက်နိုင်သည်။
၂၀၀၅ခုနှစ်မှ ၂၀၁၁ ခုနှစ် အတွင်းသွေးဆုံးပြီးအမျိုးသမီး (၁၈၀၀)ဦးကိုစုဆောင်း လေ့လာမှု များပြုလုပ်ခဲ့သည်။ အမေရိကန်လူမျိုး (၈၅)ရာခိုင်နှုန်း ကဖင်းဓါတ်ကိုပုံစံ အမျိုးမျိုးနှင့် နေ့စဉ်စားသုံးလျက်ရှိ သောကြောင့် သုတေသီ Stephanie Faubion နှင့်အဖွဲ့က သွေးဆုံးကိုင် ဝေဒနာများအပေါ် ကဖင်းဓါတ် ၏သက်ရောက်မှုကို လေ့လာခဲ့ကြသည်။
ယခင် သုတေသနများအရ ကဖင်းဓါတ် ကောင်းကျိုးဆိုးကျိုးများ ရောထွေးလျက်ရှိသော်လည်း ယခု တွေ့ရှိချက်များတွင် ကဖင်းဓါတ်သည် သွေးဆုံးကိုင်ဝေဒနာများကို ပိုမိုဆိုး ရွားစေကြောင်း တွေ့ရှိခဲ့ကြသည်။ဝတ်ဆင်ရ၊ ချွတ်ရလွယ်ကူသည့် အ၀တ်အစားများနှင့် စိုထိုင်း ဆထိန်းသိမ်းပေးနိုင်သည့် အိပ်ရာတွင်အိပ်ခြင်း၊ အပူပျံခြင်းနှင့် ညချွေးထွက်ခြင်းများကိုသက်သာစေမည့် အစီအမံများပြုလုပ်ခြင်းဖြင့် သွေးဆုံးကိုင်ဝေဒနာများကို သက်သာစေမည်ဖြစ်ကြောင်း သုတေသီများကအကြံပြုထားသည်။
အမျိုးသမီးတစ်ဦးသည် အသက် (၄၅)နှစ် မှ (၅၅)နှစ်ကြားအရွယ်တွင် သွေးဆုံးလေ့ရှိသည်။

ဇော်ကို
Health Updates

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ