Related Posts Plugin for WordPress, Blogger...

ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့အစည်း Arakan
Rohingya Natioanal Organization
(ARNO) သည် ဘင်္ဂလားဒေ့ရှ်အစိုးရက
 ဖိအားပေးသဖြင့် ၎င်းတို့၏ စစ်စခန်းများအား
 ထိုင်-မြန်မာနယ်စပ်ရှိ Karenni National
Progressive Party(KNPP) ထိန်းချုပ်


နယ်မြေများထံ ရွှေ့ပြောင်းနိုင်ရေးအတွက် KNPP အား ၂၀၀၂ ခုနှစ်က ဆက်သွယ်ခဲ့ကြောင်း မြန်မာစစ်ထောက်လှမ်းရေးအစီရင်ခံစားကို ကိုးကားထားသော မြန်မာနိုင်ငံအမေရိကန်သံရုံးက ပေးပို့သော ကြေးနန်းတခုအရ သိရသည်။

ARNO နှင့် Al-Qaeda ဆက်သွယ်မှုရှိသည်ဆိုသော အစောပိုင်း အစီရင်ခံစာများအား ရှင်းလင်းအတည်ပြုလိုသောကြောင့် အဆိုပါစစ်ထောက်လှမ်းရေးအစီရင်ခံစာကို ဗိုလ်မှူးချုပ်ကျော်သိန်းက အမေရိကန်သံရုံးသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ရေးထားသည်။

ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့အစည်း ARNO သည် လက်နက်ကိုင်အဖွဲ့အစည်းများစုပေါင်းထားသည့် DemocraticAlliance Of Burma နှင့် ပူးပေါင်းရန်လည်း ကြိုးပမ်းခဲ့ကြောင်း၊

ထိုစဉ်က ရခိုင်ဒီမိုကရက်တစ်မှ အောင်စိန်သာနှင့် ရခိုင်လွတ်မြောက်ရေးပါတီမှ ခိုင်စိုးအောင်တို့က ရိုဟင်ဂျာတို့သည် ရခိုင်ပြည်နယ်မှ ဒေသခံတိုင်းရင်သားလူမျိုး မဟုတ်သောကြောင့် အပြင်းအထန် ကန့်ကွက်ခဲ့သဖြင့် DAB အဖွဲ့ဝင်ဖြစ်ခွင့် မရခဲ့ကြောင်း၊ DAB အဖွဲ့ဝင်မဖြစ်ခဲ့သော်လည်း စစ်ရေးအရ မဟာမိတ်ဖြစ်ခဲ့ကြောင်း သိရသည်။

ARNO ဒု-ဥက္ကဌ Fayos Ahmed သည် ၂၀၀၂ သြဂုတ်လ ၂၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်မှ ဘန်ကောက် ထိုမှတဆင့် ချင်းမိုင်ကို သွားရောက်ခဲ့ကြောင်း၊ ပြီးနောက် KNPP ဒု-ဥက္ကဌ အောင်သန်းလေး၊ အတွင်းရေးမှုးချုပ် ရေမွန်ထူး၊ တွဲဖက်အထွေထွေအတွင်းရေးမှုးချုပ် ဦးခွန်ရယ်၊ စစ်ဦးစီးချုပ် အောင်မြတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အစိုရက ၎င်းတို့အား နိုင်ငံအတွင်းမှ ထွက်ခွာပေးရန် ပြောထားသဖြင့် အခက်ဖြစ်နေကြောင်း၊ အမေရိကန်ရှိ ၎င်းတို့၏ အဆက်အသွယ်များနှင့် Al-Qaeda ချိတ်ဆက်များအကြောင်းတို့ကိုလည်း Fayos Ahmed က ဆင်ပြဆွေးနွေးခဲ့သည်။

ယင်းအပြင် Fayos Ahmed သည် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော ပလောင်လွတ်မြောက်ရေးတပ်ဦးမှ အတွင်းရေးမှုး ခွန်ဥက္ကာ၊ ပအို့လွတ်မြောက်ရေးအဖွဲ့ဥက္ကဌ၊ လာဟူးအမျိုးသားအဖွဲ့မှ အေးမောင်တို့နှင့် တွေ့ဆုံခဲ့သည်။ Fayos သည် စက်တင်ဘာ ၅ရက်နေ့တွင် ချင်းမိုင်မှ မဲဆောက်သို့သွားရောက်ခဲ့ပြီး KNU ဌာနချုပ်၌ ဗိုလ်မြ၊ ဖဒိုမန်းရှာ၊ တာမလဘောတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု အမေရိကန်သံရုံးကြေးနန်းတွင် ရေးသားထားသည်။


ထိုစဉ်က ချင်းမိုင်၌ အခြေစိုက်လုပ်ကိုင်နေသော သတင်းမီဒီယာများဖြစ်သော BBC၊ VOA၊ RFA တို့နှင့် ARNO အဖွဲ့အစည်း၏ အရေးကြီးအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟုလည်း ရေးသားထားသည်။ မြန်မာနိုင်ငံအမေရိကန်သံရုံးမှ ပေးပို့သော လျှို့ဝှက်ကြေးနန်းစောင်ရေ ၂၀၀၀ နီးပါးအား ၀ီကီလိခ်က ဖွင့်ချခဲ့ခြင်း ဖြစ်သည်။

News Watch Weekly

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ