Related Posts Plugin for WordPress, Blogger...


Myanmar Defense League - MDL's photo.မောင်တော၊ မေ (၃၁) ရက်
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် တလျှောက် တိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေသော RSO သောင်းကျန်းသူ လက်နက်ကိုင်များကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်မှ ကြေးစားအဖြစ် လက်သတ် မွေးစားထားသူများ ဖြစ်ကြောင်း သတင်းရရှိသည်။
မေလ (၂၇) (၂၈) ရက်များတွင် BGB တပ်ရင်း တပ်ရင်းမှူးမှ နယ်စပ်တလျှောက်တွင် အကြမ်းဖက် တိုက်ခိုက်မှုပြုလုပ်နေကြသည့် RSO၊ ARNO ၊ RNSC နှင့် RNSA စသည့် အဖွဲ့များကို ခေါ်ယူပြီး နယ်စပ်မိုင်တိုင် (၁၀)ခုလျှင် တစ်ဖွဲ့စီ အကြမ်းဖက်မှုများ တိုက်ခိုက်မှုများ လှုပ်ရှားရန် စေခိုင်းထားကြောင်း၊ မေလ (၃၀) ရက်နေ့က မြန်မာလုံခြုံရေးတပ်မှ အလောင်းလွှဲပြောင်းချိန်တွင်လည်း RSO သောင်းကျန်းသူများနှင့် BGB တပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါလက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့များအနက် RSO အမည်ခံသောင်းကျန်းသူ လက်နက်ကိုင်အဖွဲ့ သည် နယ်စပ်မိုင်တိုင် (၅၁) (၅၂) (၅၃) (၅၄) များတွင် အဓိကလှုပ်ရှားရသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း၊ RSO သောင်းကျန်းသူ လက်နက်ကိုင်အဖွဲ့မှာ အဆိုပါအဖွဲများအနက် လက်နက်အင်အားအကောင်းဆုံး နှင့်တွေအကြုံရှိသူများဖြစ်ကြောင်း၊ အင်အားအနည်း ဆုံး ၃၀၀ခန့်ရှိမည်ဖြစ်ကြောင်း၊ ထိုအဖွဲ့သည် မြန်မာတပ်ဖွဲဝင် ၄ဦးး ချုံခို တိုက်ခိုက်ခဲ့သည့် အဖွဲ့ဖြစ်သည်ဟုလည်းကောင်း သိရှိရသည်။
ဒုချီးရားတန်း အကြမ်းဖက်ဖြစ်စဉ်နောက်ပိုင်းတွင် အဆိုပါအကြမ်းသမားများသည် ၄င်းတို့အား ထောက်ပံ့ပေး နေသော အဖွဲ့အစည်များ၏ ဖိအားပေးမူများရှိကြောင်း၊ မောင်တောနယ်စပ်တလျှောက်တွင် အကြမ်းဖက်တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်ရန် ညွှန်ကြားထားသည့်အတွက် အကြမ်းဖက်တိုက်ခိုက်မှုများမှာ ဆက်တိုက်ဖြစ်ပွားလာရခြင်း ဖြစ်ကြောင်း၊ ယင်းသို့ အကြမ်းဖက်တိုက်ခိုက်မှုများ မပြုလုပ်ပါက ထောက်ပံ့မှုများကို ရပ်ဆိုင်းသွားမည်ဟု ညွှန်ကြားထားကြောင်း သိရသည်။
လက်ရှိဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအရ RSO သောင်းကျန်းသူ လက်နက်ကိုင်များမှာ မြန်မာနယ်စပ် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့်သာ ဖြစ်ပွားနေပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားမှုမရှိခြင်းမှာ RSO သောင်းကျန်းသူ လက်နက်ကိုင်များနှင့် BGB အကြား ပူးပေါင်းမှုရှိနေသည်ကို ဖော်ပြနေကြောင်း လေ့လာသုံးသူများက ပြောကြားသည်။

Western Gate Guard

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ