Related Posts Plugin for WordPress, Blogger...

ဗေဒါပျံ

ဘူးသီးတောင်မြို့နယ်တွင်၊ ဧပြီလအတွင်း ဖြစ်ပွါးခဲ့သောရခိုင်တိုင်းရင်းသားမောင်နှမနှစ်ဦးကိုဘင်္ဂလီများကအုပ်စုဖွဲ့ ရန်ရှာတိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်တွင် ပါဝင်သော တရားခံများအားမှုခင်းဖြစ်ပွားပြီးတစ်လအကြာဘူးသီးတောင် မြို့နယ်တရားရုံးတွင် (၂၉-၅-၂၀၁၄)နေ့တွင် တရားစွဲဆိုလိုက်သည်။

ဖြစ်စဉ်မှာဘူးသီးတောင်မြို့နယ်၊ ကင်းချောင်းအုပ်စု သဘောက်ချောင်း ကျေးရွာနေ၊ မောင်ကျော်သိန်းလှိုင်နှင့် နှမဖြစ်သူ မညွန့်ညွှန့်သိန်းတို့ နှစ်ဦးသည် ၂၈-၅-၂၀၁၄နေ့ နံနက် ၆း၀၀နာရီခန့်တွင် ဂြိတ်ချေခရုရောင်းရန် ဈေးသို့ ထွက်လာခဲ့ရာအလယ်ချောင်းအုပ်စု၊ လသာကုလားရွာအနီးသို့ အရောက်တွင် ဘင်္ဂလီများ ၀ိုင်းရံလာပြီး ရန်မူတိုက်ခိုက်သဖြင့် မောင်ကျော်သိန်းလှိုင်၏ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီးဆိုင်ကယ်ပျက်စီးသွားခဲ့သည်။

၎င်းကိုဘူးသီးတောင်မြို့နယ်ရဲစခန်းတွင် ကာယကံရှင်ကိုယ်တိုင်ကအမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အမှုတွင် ပါဝင်သောတရားခံ (၇)ဦးအနက် (၅)ဦးဖြစ်သောမာလိတ်တူဆောင်း၊ အဒူရော်ရှီး၊ အဒူမာဆောင်း၊ မာမောက်တာမိန်နှင့် အာရသွန်ဘီဘီတို့ကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၇၉(က)/ ၂၉၄ / ၃၃၇ / ၃၀၇ အရရမန်ယူစစ်ဆေးခဲ့သော်လည်း၂၉-၅-၂၀၁၄နေ့တွင် မြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့သည့်အခါတွင်မူ ပုဒ်မ၂၉၄/ ၁၄၈ / ၅၀၆ / ၃၂၃ / ၄၂၇ / ၁၁၄ အရစတင်စစ်ဆေးနေပြီဖြစ်ကြောင်းသိရသည်။

သို့ရာတွင် ပထမယမန်ယူစစ်ဆေးစဉ်က ပုဒ်မများအစား တရားစွဲဆို တင်ပို့သည့်အခါ ပြောင်းလဲစွဲဆိုသောပုဒ်မများသည် အာမခံပေးနိုင်သောပုဒ်မများဖြစ်နေသဖြင့် တရားခံများသည် အာမခံရရှိအောင် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေကြောင်း သိရှိရပြီး တရားလိုများအားလည်း အမှုပွဲစားများမှတစ်ဆင့် ငွေကြေးပေးပြီး အမှုရုပ်သိမ်းစေရန် ဆောင်ရွက်နေကြောင်း တရားလိုနှင့် နီးစပ်သူများထံမှ သိရှိရပြီးတရားလိုမောင်ကျော်သိန်းလှိုင်ကလည်းထိုကဲ့သို့ စည်းရုံးမှုများရှိကြောင်း ၀န်ခံပြောကြားသည်။

အဆိုပါ အမှုကိုယခုကဲ့သို့ပုဒ်မပြောင်းကာစွဲဆိုခြင်းသည် အဂတိလိုက်ခြင်း ဖြစ်နိုင်ကြောင်းပြောဆိုမှုများရှိနေပြီးတစ်မြို့နယ်လုံးမှ စိတ်ဝင်စားစွာ စောင့်ကြည့်နေလျှက်ရှိသည်။

အမှုကိုအနီးကပ်လေ့လာစုံစမ်းနေသူ တစ်ဦးက က `အမှုဖြစ်စကတည်းကလေ့လာနေတာပါ။ ဖြစ်တုန်းကကုလားတွေကသူတို့ကိုတမင်ရည်ရွယ်ချက်ရှိရှိ `ရခိုင်တွေ သတ်ပစ်၊ သတ်ပစ်´ ဆိုပြီးလိုက်သတ်တာ။ ဒါဟာတမင်သက်သက် မတည်မငြိမ်ဖြစ်အောင် ရည်ရွယ်ပြီးရန်စတဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။ ဒါကိုထိရောက်တဲ့ အပြစ်မရပဲလွတ်သွားမယ်၊ ပြေငြိမ်းလိုက်မယ်ဆိုရင် သူတို့ရဲ့ လုပ်ရပ်ကမပေါ်လွင်တော့ပဲနောက်ထပ်လည်းဒီလိုပြဿနာမျိုးတွေ ထပ်ဖြစ်နေဦးမယ်။ နောက်ဆုံးဒီတိုင်းရင်းသားရွာတွေမှာ ကျူးကျော် ရန်စမှုတွေ များလာရင် ဆက်ပြီးတည်မြဲနေဖို့ဆိုတာအခက်အခဲဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ ဒီကနေ့ အခြေအနေနဲ့ ဆက်စပ်ကြည့်ရင် ဒါဟာသာမန်ထက်ပိုပြီးနက်နဲတဲ့ အမှုဆိုတာ မြင်နိုင်ပါလိမ့်မယ်။ ပြည်ပကအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဒီတရားခံတွေ ဆက်စပ်နေတယ်လို့ ပေါ်လွင်နေပါတယ်။ဒီပြဿနာမှာတရားခံတွေ အပြစ်မရပဲလွတ်သွားမယ်ဆိုရင် တိုင်းရင်းသားတွေဘက်ကလည်းမလုံခြုံမှု၊ မကျေနပ်မှုတွေ ဖြစ်လာနိုင်သလိုတစ်ဘက်ကလည်းပိုပြီးလက်မထောင် ရန်စလာနိုင်ပါတယ်။ ပြည်ပကလှုပ်ရှားမှုတွေနဲ့ ဒီတရားခံတွေရဲ့ လှုပ်ရှားမှုတွေဟာဆက်နွယ်မှုရှိနိုင်ပါတယ်။ နောက်ပြီးတရားခံတွေထဲက နှစ်ယောက်ကိုလွတ်မြောက်သွားအောင် တမင်လွှတ်ပေးလိုက်တယ်လို့ ယူဆနိုင်စရာတွေရှိပါတယ်။ဒါတွေဟာတမင်ရည်ရွယ်ချက်ရှိရှိအကွက်ကျကျ လုပ်နေတယ်လို့ ထင်မြင်ပါတယ်။´ဟုပြောသည်။

အဓိက ပြစ်မှုကျူးလွန်သူများဖြစ်သာအီနုစ်နှင့် အီဆလင်ဆိုသူညီအစ်ကိုနှစ်ဦးကို ယင်းနေ့တွင်ပင် ထွက်ပြေးလွတ်မြောက်သွားအောင် အလယ်ချောင်းဥက္ကဌအပါအ၀င် အပေါင်းပါများ ကဆောင်ရွက်ပေးခဲ့ကြောင်းတရားလို၏ မိခင်ကပြောပြခဲ့သည်။

ယခုအခါ အဖက်ဖက်မှ ခြိမ်းခြောက်ခြင်းနှင့် ငွေမက်လုံးပြကာ ဖိအားပေးမှုများကြောင့် တရားလိုဖြစ်သူမှာ တွေဝေထိတ်လန့်လျှက်ကြောင်းနှင့် အမှုပွဲစားများဖြစ်သော ရခိုင်တချို့က ကုလားဘက်မှ လိုက်ကာအမှုကို ရုတ်သိမ်းပေးစေရန် ဆောင်ရွက်နေကြောင်းသိရသည်။

ပေးပို့သူ
ဗေဒါပျံ
CAN
Coral Arakan News ( သတင်း)

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ